ရော်နယ်ဒိုကြောင့် သူပိုကောင်းတဲ့ကစားသမားဖြစ်လာတယ်ဆိုတာကို မက်ဆီဘယ်တော့မှ ဝန်ခံလိမ့်မယ်မထင်ဘူးလို့ ဇာဗီ ဖွင့်ဟ

ရော်နယ်ဒိုနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာပြိုင်ဆိုင်ခဲ့မှုကြောင့် မက်ဆီပိုကောင်းတဲ့က စားသမားဖြစ်လာခဲ့တယ်လို့ ဘာစီလိုနာနည်းပြဇာဗီက ဆိုခဲ့ပါတယ်။

မက်ဆီဟာ ဒီကိစ္စအတွက်ဝန်ခံဖို့မရှိပေမဲ့ ဇာဗီကတော့ဒါဟာအမှန်တရားဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ ကမ္ဘာ့ဘောလုံးလောကမှာ ကြယ်ပွင့်တွေအဖြစ်

၁၅နှစ်ကြာပြိုင်ဆိုင်ခဲ့သလို မော်ဒန်ဘောလုံးလောကရဲ့အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာကို ဦးဆောင်ခွင့်ရခဲ့တာက

ကစားသမားနှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုကို ဇာတ်ရှိန်မြှင့်ပေးသလို ဖြစ်စေခဲ့တယ်လို့ ဇာဗီက ယုံကြည်နေပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ

ရီးရဲလ်ကိုရောက်လာခဲ့ပြီးတဲ့ နောက် တော်ဝင်ကလပ်ရဲ့ထာ၀ရဂိုးသွင်းအများဆုံးကစားသမား(၄၅၀ဂိုး)အဖြစ်ရပ် တည်နိုင်ခဲ့သလို မက်ဆီဟာလည်း

ဘာစီလိုနာအသင်းရဲ့ဂန္တဝင် (၆၇၂ဂိုး)အဖြစ်ရပ် တည်နိုင်ခဲ့ပါတယ်။ “သူတို့နှစ်ယောက်ပြိုင်ဆိုင်တာက မက်ဆီကိုပိုကောင်းစေခဲ့တာလား။

ဟုတ်တယ်လို့ အသေအချာပြောရဲပါတယ်။ ရော်နယ်ဒိုအတွက် မက်ဆီလိုအပ်သလို မက်ဆီအတွက် ရော်နယ်ဒိုလိုအပ်ပါတယ်။ ခရစ္စတီယာနိုက

သူ့ကိုတွန်းအားပိုပေးခဲ့ပါတယ်။ အပြန်အလှန်စောင့်ကြည့်ခဲ့ကြတယ်လို့ ကျွန်တော်ထင်တယ်။ အပြိုင်အဆိုင်ရှိလာရင် အကောင်းဆုံးဖြစ်ချင်တာ

လူ့သဘာ၀ပါ” လို့ BBC Sports နဲ့တွေ့ဆုံမှုမှာ ဇာဗီကပြောဆိုခဲ့ပါတယ်။ ၁၅နှစ်ကြာပြိုင်ဆိုင်မှုအတွင်း ရွှေဘောလုံးဆု ၁၃ကြိမ်မှာ မက်ဆီနဲ့ရော်နယ်ဒိုက

၁၂ကြိမ်အထိရရှိခဲ့ပြီး ကြားပေါက် အဖြစ် မိုဒရစ် တစ်ကြိမ်သာရခဲ့ပါတယ်။ အာဂျင်တိုင်းသားသာ ရော်နယ်ဒိုထက် လာလီဂါဆုဖလား ၂ကြိမ်ပိုရခဲ့သလို

ပေါ်တူဂီသားက မက်ဆီထက် ကလပ်နဲ့နိုင်ငံတကာပွဲစဉ်နှစ်ရပ်ပေါင်းမှာ သွင်းဂိုးပိုရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်တယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်လို့

ရော်နယ်ဒိုက Messi VS Ronaldo စာအုပ်သစ်နဲ့ဖော်ပြခဲ့ပေမဲ့ မက်ဆီကတော့ဝန်ခံဖို့မရှိဘူးလို့ ဇာဗီကယူဆနေတာဖြစ်တယ်။

(Zawgyi)

ေရာ္နယ္ဒိုေၾကာင့္ သူပိုေကာင္းတဲ့ကစားသမားျဖစ္လာတယ္ဆိုတာကို မက္ဆီဘယ္ေတာ့မွ ဝန္ခံလိမ့္မယ္မထင္ဘူးလို႔ ဇာဗီ ဖြင့္ဟ

ေရာ္နယ္ဒိုနဲ႔ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာၿပိဳင္ဆိုင္ခဲ့မႈေၾကာင့္ မက္ဆီပိုေကာင္းတဲ့က စားသမားျဖစ္လာခဲ့တယ္လို႔ ဘာစီလိုနာနည္းျပဇာဗီက ဆိုခဲ့ပါတယ္။

မက္ဆီဟာ ဒီကိစၥအတြက္ဝန္ခံဖို႔မရွိေပမဲ့ ဇာဗီကေတာ့ဒါဟာအမွန္တရားျဖစ္တယ္လို႔ ေျပာဆိုခဲ့တာပါ။

ကမာၻ႔ေဘာလုံးေလာကမွာ ၾကယ္ပြင့္ေတြအျဖစ္ ၁၅ႏွစ္ၾကာၿပိဳင္ဆိုင္ခဲ့သလို ေမာ္ဒန္ေဘာလုံးေလာကရဲ႕အေအာင္ျမင္ဆုံးျဖစ္ခဲ့တဲ့ ရီးရဲလ္နဲ႔

ဘာစီလိုနာကို ဦးေဆာင္ခြင့္ရခဲ့တာက ကစားသမားႏွစ္ေယာက္ရဲ႕ၿပိဳင္ဆိုင္မႈကို ဇာတ္ရွိန္ျမႇင့္ေပးသလို ျဖစ္ေစခဲ့တယ္လို႔ ဇာဗီက ယုံၾကည္ေနပါတယ္။

ေပၚတူဂီတိုက္စစ္မႉးဟာ ရီးရဲလ္ကိုေရာက္လာခဲ့ၿပီးတဲ့ ေနာက္ ေတာ္ဝင္ကလပ္ရဲ႕ထာ၀ရဂိုးသြင္းအမ်ားဆုံးကစားသမား(၄၅၀ဂိုး)အျဖစ္ရပ္ တည္ႏိုင္ခဲ့သလို မက္ဆီဟာလည္း

ဘာစီလိုနာအသင္းရဲ႕ဂႏၲဝင္(၆၇၂ဂိုး)အျဖစ္ရပ္ တည္ႏိုင္ခဲ့ပါတယ္။ “သူတို႔ႏွစ္ေယာက္ၿပိဳင္ဆိုင္တာက မက္ဆီကိုပိုေကာင္းေစခဲ့တာလား။ ဟုတ္တယ္လို႔ အေသအခ်ာေျပာရဲပါတယ္။

ေရာ္နယ္ဒိုအတြက္ မက္ဆီလိုအပ္သလို မက္ဆီအတြက္ ေရာ္နယ္ဒိုလိုအပ္ပါတယ္။ ခရစၥတီယာႏိုက သူ႔ကိုတြန္းအားပိုေပးခဲ့ပါတယ္။ အျပန္အလွန္ေစာင့္ၾကည့္ခဲ့ၾကတယ္လို႔ ကြၽန္ေတာ္ထင္တယ္။

အၿပိဳင္အဆိုင္ရွိလာရင္ အေကာင္းဆုံးျဖစ္ခ်င္တာ လူ႔သဘာ၀ပါ” လို႔ BBC Sports နဲ႔ေတြ႕ဆုံမႈမွာ ဇာဗီကေျပာဆိုခဲ့ပါတယ္။ ၁၅ႏွစ္ၾကာၿပိဳင္ဆိုင္မႈအတြင္း ေ႐ႊေဘာလုံးဆု ၁၃

ႀကိမ္မွာ မက္ဆီနဲ႔ေရာ္နယ္ဒိုက ၁၂ႀကိမ္အထိရရွိခဲ့ၿပီး ၾကားေပါက္ အျဖစ္ မိုဒရစ္ တစ္ႀကိမ္သာရခဲ့ပါတယ္။ အာဂ်င္တိုင္းသားသာ ေရာ္နယ္ဒိုထက္ လာလီဂါဆုဖလား ၂ႀကိမ္ပိုရခဲ့သလို

ေပၚတူဂီသားက မက္ဆီထက္ ကလပ္နဲ႔ႏိုင္ငံတကာပြဲစဥ္ႏွစ္ရပ္ေပါင္းမွာ သြင္းဂိုးပိုရေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ တယ္။ ဒီအေၾကာင္းအရာနဲ႔ပတ္သတ္လို႔ ေရာ္နယ္ဒိုက

Messi VS Ronaldo စာအုပ္သစ္နဲ႔ေဖာ္ျပခဲ့ေပမဲ့ မက္ဆီကေတာ့ဝန္ခံဖို႔မရွိဘူးလို႔ ဇာဗီကယူဆေနတာျဖစ္တယ္။