
ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်သူ ရက်ရှ်ဖို့ဒ် ကတော့
ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းထံ ပြန်ရောက်လာတဲ့
ရော်နယ်ဒိုကြောင့် သူတို့အသင်းဟာ ယခုနှစ်မှာ ဆုဖလားတွေ ရရှိအောင်
ကြိုးစားနိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဘလက်ဘန်းနဲ့
ကွင်းပိတ်ခြေစမ်းပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးသွင်းယူပေး
နိုင်ခဲ့ပါတယ်။ရက်ရှ်ဖို့ဒ်သာပါလာရင်တော့ ယူနိုက်တက်တိုက်စစ်ပိုင်းမှာ
ရက်ရှ်ဖို့ဒ်၊ ရော်နယ်ဒို၊ ဆန်ချိုအတွဲဖြစ်လာဖို့ရှိပါတယ်။
အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ
အသင်းအတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး
သွင်းယူထားနိုင်ပါတယ်။
အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး
ရက်ရှ်ဖို့ဒ်ကတော့ ပုခုံးဒဏ်ရာနဲ့ ဒူးခေါင်းဒဏ်ရာတို့ကို ခွဲစိတ်မှု ခံယူထားတာကြောင့်
ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။
ရက်ရှ်ဖို့ဒ်က “ရော်နယ်ဒိုနဲ့ အတူတွဲကစားရတာက ကစားသမားတစ်ယောက်အနေနဲ့ဆိုရင်
ဒါက ကျွန်တော့်အတွက် ထိပ်တန်းခံစားချက်တစ်ခုပါပဲ”
“ပရိသတ်တွေအတွက်လည်း အတူတူဖြစ်ပါလိမ့်မယ်။
အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက် အသင်းကို ပြန်ရောက်လာတာက
အမြဲတမ်းကောင်းမွန်တဲ့အရာတစ်ခုပါ။
ရော်နယ်ဒိုနဲ့အတူ အိုးထရက်ဖို့ဒ်ကွင်းထဲ တွဲကစားရမှာက
အံ့အားသင့်ဖွယ်ခံစားချက်ဖြစ်ပြီး ကျွန်တော်တို့အတွက်
ချန်ပီယံဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ တွန်းအားတွေဖြစ်လာမယ်လို့
မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
zawgyi
ေရာ္နယ္ဒိုေၾကာင့္ သူတို႔အသင္းဟာ ယခုႏွစ္မွာ ဆုဖလားေတြ ရရွိေအာင္ ႀကိဳးစားႏိုင္လိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္
ယူႏိုက္တက္အသင္းရဲ႕ အဓိက တိုက္စစ္မႉး တစ္ဦး ျဖစ္သူ ရက္ရွ္ဖို႔ဒ္ ကေတာ့
ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းထံ ျပန္ေရာက္လာတဲ့
ေရာ္နယ္ဒိုေၾကာင့္ သူတို႔အသင္းဟာ ယခုႏွစ္မွာ ဆုဖလားေတြ ရရွိေအာင္
ႀကိဳးစားႏိုင္လိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ ဘလက္ဘန္းနဲ႔
ကြင္းပိတ္ေျခစမ္းပြဲစဥ္မွာ အသင္းအတြက္ အႏိုင္ဂိုး (၂) ဂိုးသြင္းယူေပး
ႏိုင္ခဲ့ပါတယ္။ရက္ရွ္ဖို႔ဒ္သာပါလာရင္ေတာ့ ယူႏိုက္တက္တိုက္စစ္ပိုင္းမွာ
ရက္ရွ္ဖို႔ဒ္၊ ေရာ္နယ္ဒို၊ ဆန္ခ်ိဳအတြဲျဖစ္လာဖို႔ရွိပါတယ္။
အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ
အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၆ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၅ဂိုး
သြင္းယူထားႏိုင္ပါတယ္။ အသက္ ၂၃ႏွစ္ အ႐ြယ္ အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး
ရက္ရွ္ဖို႔ဒ္ကေတာ့ ပုခုံးဒဏ္ရာနဲ႔ ဒူးေခါင္းဒဏ္ရာတို႔ကို ခြဲစိတ္မႈ ခံယူထားတာေၾကာင့္
ယခုႏွစ္ ေဘာလုံးရာသီမွာ ယူႏိုက္တက္ အတြက္ ပါဝင္ ကစားေပးႏိုင္ျခင္း မရွိေသးပါဘူး။
ရက္ရွ္ဖို႔ဒ္က “ေရာ္နယ္ဒိုနဲ႔ အတူတြဲကစားရတာက ကစားသမားတစ္ေယာက္အေနနဲ႔ဆိုရင္
ဒါက ကြၽန္ေတာ့္အတြက္ ထိပ္တန္းခံစားခ်က္တစ္ခုပါပဲ”
“ပရိသတ္ေတြအတြက္လည္း အတူတူျဖစ္ပါလိမ့္မယ္။
အသင္းရဲ႕ဂႏၲဝင္ကစားသမားတစ္ေယာက္ အသင္းကို ျပန္ေရာက္လာတာက
အၿမဲတမ္းေကာင္းမြန္တဲ့အရာတစ္ခုပါ။ ေရာ္နယ္ဒိုနဲ႔အတူ အိုးထရက္ဖို႔ဒ္ကြင္းထဲ
တြဲကစားရမွာက အံ့အားသင့္ဖြယ္ခံစားခ်က္ျဖစ္ၿပီး ကြၽန္ေတာ္တို႔အတြက္
ခ်န္ပီယံဆုဖလားေတြကို ဆြတ္ခူးႏိုင္ဖို႔ တြန္းအားေတြျဖစ္လာမယ္လို႔
ေမွ်ာ္လင့္ထားပါတယ္” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။