ရော်နယ်ဒိုကို အမြင်မကြည်တဲ့ ဂရင်းဝုဒ်

အခုဆိုရင် ယူနိုက်တက် အသင်းဟာ အခြေအနေဆိုးနေပြီး အချိန်မီ ပြုပြင်

ပြောင်းလဲသင့်နေပါပြီ။ နည်းပြပိုင်း ပြောင်းလဲသင့်သလို အဝတ်လဲခန်းထဲမှာလည်း

သင့်မြတ်ညီညွှတ်ရေးကို လုပ်ဆောင်သင့်နေပါပြီ။


ESPN ရဲ့ အဆို အရတော့ ရော်နယ်ဒို နဲ့ ဂရင်းဝုဒ်တို့ ဟာ တိုးတိုးကြိတ်ကြိတ် နဲ့

ပြဿနာ တချို့ ဖြစ် ပေါ် နေကြ တယ်လို့ ဆို သွားခဲ့ပါတယ်။

အထူးသဖြင့် ရော်နယ်ဒို ကို ဂရင်းဝုဒ် အနေနဲ့ ပေး သင့် ပေး ထိုက်တဲ့ ဘောလုံးများ

မပေး ဘဲ တစ်ကိုယ်ကောင်း ဆန်နေခြင်း ကို ရော်နယ်ဒို တစ်ယောက် အတော်လေးကို

စိတ်ပျက် နေပြီး၎င်းတို့ နှစ်ဦး ကြား သင့်မြတ်စွာနဲ့ ပိုမို ချိတ်ဆက် ကစားစေရန် ဆိုလ်းရှား

လည်း မတတ်နိုင် ဖြစ်နေတယ်လို့ ဆို သွားပါတယ်။

တစ်ဖက်မှာလည်း အသင်း ဖေါ် တွေ အနေနဲ့ ကလည်း သူတို့ နှစ်ဦး ကြားချိတ်ဆက်

ကစားခြင်းမရှိတဲ့ပြဿနာ ကို သိရှိကြပေမယ့် ဝင်ရောက်ပြောဆိုရန် မဝင့်မရဲဖြစ်

နေကြတယ်လို့သိရပါတယ်။

ရော်နယ်ဒို ကတော့ အသင်းဖေါ် ညီငယ် ရဲ့ထိုးပေးလို့ ရသော ဘောလုံးများကို

ထိုးမပေးဘဲ တစ်ကိုယ်ကောင်းဆန်စွ ာဂိုးပေါက်ဆီကန်ထည့်တဲ့ ဆုံးဖြတ်ချက်

များကို အလွန် စိတ်ပျက် လျက်ရှိတယ်လို့ သိရပါတယ်။


ရော်နယ်ဒိုဟာ ယူနိုက်တက်ကိုပြန်လည် ရောက်ခါစမှာကတည်းက ခြေစွမ်းပြ

နိုင်ခဲ့ပါတယ်။ ၆ ပွဲကစားပြီး ချိန်၅ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ကို

၂ ဂိုးသွင်းတယ်၊ ယန်းဘွိုင်းစ်ကို ၁ ဂိုးသွင်းတယ်။ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကို

နိုင်တဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ဗီလာရီးရဲလ်ကို နိုင်တဲ့ပွဲမှာလည်း အနိုင်ဂိုးကို သွင်းခဲ့ပါတယ်။

ရော်နယ်ဒို စုစုပေါင်း ၉ ပွဲကစားရာမှာ ၆ ဂိုး သွင်းထားနိုင်ပါတယ်။ ဒါပေမယ့်

ယူနိုက်တက်ရဲ့ တခြားကစားသမားတွေကတော့ ရော်နယ်ဒိုရဲ့ ခြေစွမ်းကို မမီပါဘူး။

အကယ်ဒမီထွက် ဂရင်းဝုဒ်က ဒိုလေးပြိုင်ဘက် မက်ဆီကို ကြိုက်နှစ်သက်သူပါ။

ဒါကြောင့် ရော်နယ်ဒိုအတွက် ထောက်ပံ့တာထက် ကိုယ်တိုင်တောက်ပအောင်

ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ ယူနိုက်တက်က အပြင်ပန်းကကြည့်ရင်လည်း

ပြဿနာတွေပြည့်နေသလို၊ အတွင်းပိုင်းမှာလည်း အရှုပ်အထွေးတွေ ဖြစ်နေပါတယ်။

Zawgyi

ေရာ္နယ္ဒိုကို အျမင္မၾကည္တဲ့ ဂရင္းဝုဒ္

အခုဆိုရင္ ယူႏိုက္တက္ အသင္းဟာ အေျခအေနဆိုးေနၿပီး အခ်ိန္မီ ျပဳျပင္

ေျပာင္းလဲသင့္ေနပါၿပီ။ နည္းျပပိုင္း ေျပာင္းလဲသင့္သလို အဝတ္လဲခန္းထဲမွာလည္း

သင့္ျမတ္ညီၫႊတ္ေရးကို လုပ္ေဆာင္သင့္ေနပါၿပီ။

ESPN ရဲ႕ အဆို အရေတာ့ ေရာ္နယ္ဒို နဲ႔ ဂရင္းဝုဒ္တို႔ ဟာ တိုးတိုးႀကိတ္ႀကိတ္ နဲ႔

ျပႆနာ တခ်ိဳ႕ ျဖစ္ ေပၚ ေနၾက တယ္လို႔ ဆို သြားခဲ့ပါတယ္။

အထူးသျဖင့္ ေရာ္နယ္ဒို ကို ဂရင္းဝုဒ္ အေနနဲ႔ ေပး သင့္ ေပး ထိုက္တဲ့ ေဘာလုံးမ်ား

မေပး ဘဲ တစ္ကိုယ္ေကာင္း ဆန္ေနျခင္း ကို ေရာ္နယ္ဒို တစ္ေယာက္ အေတာ္ေလးကို

စိတ္ပ်က္ ေနၿပီး၎တို႔ ႏွစ္ဦး ၾကား သင့္ျမတ္စြာနဲ႔ ပိုမို ခ်ိတ္ဆက္ ကစားေစရန္ ဆိုလ္းရွား

လည္း မတတ္ႏိုင္ ျဖစ္ေနတယ္လို႔ ဆို သြားပါတယ္။

တစ္ဖက္မွာလည္း အသင္း ေဖၚ ေတြ အေနနဲ႔ ကလည္း သူတို႔ ႏွစ္ဦး ၾကားခ်ိတ္ဆက္

ကစားျခင္းမရွိတဲ့ျပႆနာ ကို သိရွိၾကေပမယ့္ ဝင္ေရာက္ေျပာဆိုရန္ မဝင့္မရဲျဖစ္

ေနၾကတယ္လို႔သိရပါတယ္။

ေရာ္နယ္ဒို ကေတာ့ အသင္းေဖၚ ညီငယ္ ရဲ႕ထိုးေပးလို႔ ရေသာ ေဘာလုံးမ်ားကို

ထိုးမေပးဘဲ တစ္ကိုယ္ေကာင္းဆန္စြ ာဂိုးေပါက္ဆီကန္ထည့္တဲ့ ဆုံးျဖတ္ခ်က္

မ်ားကို အလြန္ စိတ္ပ်က္ လ်က္ရွိတယ္လို႔ သိရပါတယ္။

ေရာ္နယ္ဒိုဟာ ယူႏိုက္တက္ကိုျပန္လည္ ေရာက္ခါစမွာကတည္းက ေျခစြမ္းျပ

ႏိုင္ခဲ့ပါတယ္။ ၆ ပြဲကစားၿပီး ခ်ိန္၅ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ နယူးကာဆယ္ကို

၂ ဂိုးသြင္းတယ္၊ ယန္းဘြိဳင္းစ္ကို ၁ ဂိုးသြင္းတယ္။ ပရီးမီးယားလိဂ္မွာ ဝက္စ္ဟမ္းကို

ႏိုင္တဲ့ပြဲမွာ ၁ ဂိုးသြင္းၿပီး ဗီလာရီးရဲလ္ကို ႏိုင္တဲ့ပြဲမွာလည္း အႏိုင္ဂိုးကို သြင္းခဲ့ပါတယ္။

ေရာ္နယ္ဒို စုစုေပါင္း ၉ ပြဲကစားရာမွာ ၆ ဂိုး သြင္းထားႏိုင္ပါတယ္။ ဒါေပမယ့္

ယူႏိုက္တက္ရဲ႕ တျခားကစားသမားေတြကေတာ့ ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းကို မမီပါဘူး။

အကယ္ဒမီထြက္ ဂရင္းဝုဒ္က ဒိုေလးၿပိဳင္ဘက္ မက္ဆီကို ႀကိဳက္ႏွစ္သက္သူပါ။

ဒါေၾကာင့္ ေရာ္နယ္ဒိုအတြက္ ေထာက္ပံ့တာထက္ ကိုယ္တိုင္ေတာက္ပေအာင္

ႀကိဳးစားတာလည္း ျဖစ္ႏိုင္ပါတယ္။ ယူႏိုက္တက္က အျပင္ပန္းကၾကည့္ရင္လည္း

ျပႆနာေတြျပည့္ေနသလို၊ အတြင္းပိုင္းမွာလည္း အရႈပ္အေထြးေတြ ျဖစ္ေနပါတယ္။