ရော်နယ်ဒိုကို အပြစ်တင်ဝေဖန်ခဲ့တဲ့ ဂယ်ရီ နဗီးလ်ရဲ့ စာနာမှုတွေ ပြသခဲ့တဲ့ ပထမဆုံး ပြောဆိုချက်

ရော်နယ်ဒိုရဲ့ ယူနိုက်တက်နောက်ဆုံးနေ့ရက်တွေမှာတုန်းက ဝေဖန်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အသင်းဖော်ဟောင်း ဂယ်ရီ နဗီးလ်ဟာ

မော်ရိုကိုကို ကွာတားဖိုင်နယ်မှာ ပေါ်တူဂီတို့ ရှုံးနိမ့်ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒို ငိုကြွေးပြီး

ကွင်းထဲကထွက်ခွာသွားတာကို မြင်လိုက်ရတဲ့မြင်ကွင်းက “ကြောက်စရာကောင်းလွန်းတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုရဲ့ကမ္ဘာ့ဖလားအိပ်မက် ပြီးဆုံးသွားတဲ့ ခံစားချက်ကိုလည်းစာနာမိ ကြောင်း

ဂယ်ရီ နဗီးလ်က Sky Sports podcast ကနေ ထုတ်ဖော်ဝန်ခံလာခဲ့ပါတယ်။

“ဥမင်လှိုဏ်ခေါင်းထဲကို ငိုကြွေးနေရင်း ဝင်လာတဲ့ သူ့ကို မြင်လိုက်ရတာဟာ ကျွန်တော့်အတွက်

တကယ့် ကြောက်ရွံ့ တုန်လှုပ်ဖွယ်ကောင်းတဲ့ မြင်ကွင်း ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ အခိုက်အတန့်ဟာ သူ့နိုင်ငံ အတွက် ကမ္ဘာ့ ဖလား ဆွတ်ခူးပေးချင်တဲ့ အိပ်မက်တွေ ကုန်ဆုံးသွားပြီဆိုတာ သူသိလိုက်တဲ့ အချိန်ပါပဲ။

ကျွန်တော်တို့လည်း သူ့လို ကစားသမား ဘဝရဲ့ နေဝင်ချိန်ကို ကြုံတွေ့ခဲ့ဖူးသူတွေပါ။

ဒါပေမဲ့ သူ့ရဲ့စွမ်းဆောင်မှုတွေနဲ့တော့ ကွာခြားပါတယ်။

သူက ဘောလုံး သမိုင်းကြောင်းရဲ့ ထာဝရအခမ်းနားဆုံး ကစားသမား တစ်ယောက် ၊

ဒါမှမဟုတ် အကြီးကျယ်ဆုံး ကစားသမား ဖြစ်နေလို့ပါပဲ။

သူ့ကို အခုလို မြင်ရလို့ တုန်လှုပ်မိတယ်။ ဒီနှစ်မှာ သူဟာ ခက်ခဲတဲ့ အခိုက်အတန့်တွေနဲ့

ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို ကျွန်တော် သိပါတယ်။” လို့ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့လတွေတုန်းက ရော်နယ်ဒို အပေါ်ကို ဝေဖန်မှုတွေလုပ်ခဲ့တဲ့ နဗီးလ်ရဲ့ စာနာမှုတွေနဲ့ ပြောဆိုလာတဲ့ ပထမဆုံးစကားတွေပါပဲ။

ရော်နယ်ဒိုဟာ ၂၀၀၈ ယူရို ပြိုင်ပွဲနောက်ပိုင်းကတည်းက ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ နိုင်ငံပြိုင်ပွဲတွေမှာ သူကစားနိုင်တဲ့အချိန်တိုင်း ပွဲထွက်ခွင့်ရခဲ့သူပါ။

ဒါပေမယ့် ဆွစ်ဇာလန် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၁၆ သင်း ရှုံးထွက် အဆင့်မှာတော့ နည်းပြဆန်းတို့စ်က သူ့ကိုအရန်လူ အဖြစ်နဲ့သာ လူစားဝင် ကစားခွင့်ပေးခဲ့ပါတယ်။

အဲ့သည့်ပွဲစဉ်မှာ သူ့ရဲ့ နေရာကို လူစားဝင် ကစားခဲ့တဲ့ ဂွန်ကာလို ရာမို့စ် က ဟတ်ထရစ်ဂိုး သွင်းယူသွားနိုင်ခဲ့တာကြောင့်လည်း

ကွာတား ဖိုင်နယ် အဆင့်မှာ ရာမို့စ် က ပွဲထွက်ခွင့် ဆက်လက် ရရှိခဲ့ပြီး ရော်နယ်ဒို ကတော့ လူစားဝင် ကစားခွင့်သာ ရရှိခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ပြိုင်ဘက် မော်ရိုကိုအသင်းက ရော်နယ်ဒို မပါဝင်သေးတဲ့ ပထမပိုင်း(၄၂)မိနစ်မှာ

တိုက်စစ်မှူး အန် နေဆီရီ ရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုးကိုရယူသွားခဲ့သလို

ဒုတိယပိုင်း ရော်နယ်ဒိုဝင်ရောက်လာချိန်မှာလည်း ခံစစ်ကို စနစ်တကျ ကစားသွားခဲ့တာကြောင့် (၁-ဝ)ရလဒ်နဲ့ ပွဲကိုအဆုံးသတ်သွားစေခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ရော်နယ်ဒိုဟာ ကွင်းထဲမှာ အရုပ်ကြိုးပျက်သလိုဖြစ်သွားခဲ့ပြီး

သူ့ရဲ့မျက်နှာကိုလည်း လက်နှစ်ဖက်နဲ့အုပ်ကာ သူ့ရဲ့မျက်ရည်တွေကို ဖုံးကွယ်ထားခဲ့ပါသေးတယ်။

ဒါပေမယ့် ကွင်းထဲကလူတွေ အားလုံးဟာ အောင်ပွဲခံနေကြတဲ့ မော်ရိုကို ကစားသမားတွေအစား

ကွင်းထဲကနေ အဝတ်လဲခန်းအထိ ငိုကြွေးသွားခဲ့တဲ့ ရော်နယ်ဒိုဆီကိုသာ အာရုံရောက်နေခဲ့ကြပါတယ်။

ပွဲပြီးချိန်မှာ ရော်နယ်ဒိုက ဆိုရှယ်မီဒီယာပေါ်မှာ သူ့ရဲ့ခံစားချက်တွေပါဝင်တဲ့ပိုစ်ကိုတင်ခဲ့လိုက်ရာမှာလည်း

ဆေးရုံပေါ်မှာ နားနေရတဲ့ ပီလီအပါအဝင်၊ ဘာပေ၊ ဂါနာချိုတို့လို လူငယ်ကစားသမားတွေနဲ့

သူ့ကိုချစ်ခင်ကြတဲ့ ပရိသတ်တွေက စိတ်ခွန်အားဖြစ်စေတဲ့ ရေးသားမှုတွေလုပ်ထား နေပါတယ်။

zawgyi

ေရာ္နယ္ဒိုကို အျပစ္တင္ေဝဖန္ခဲ့တဲ့ ဂယ္ရီ နဗီးလ္ရဲ႕ စာနာမႈေတြ ျပသခဲ့တဲ့ ပထမဆုံး ေျပာဆိုခ်က္

ေရာ္နယ္ဒိုရဲ႕ ယူႏိုက္တက္ေနာက္ဆုံးေန႔ရက္ေတြမွာတုန္းက ေဝဖန္တိုက္ခိုက္မႈေတြလုပ္ခဲ့တဲ့ အသင္းေဖာ္ေဟာင္း ဂယ္ရီ နဗီးလ္ဟာ

ေမာ္႐ိုကိုကို ကြာတားဖိုင္နယ္မွာ ေပၚတူဂီတို႔ ရႈံးနိမ့္ၿပီးေနာက္ ခရစၥတီယာႏို ေရာ္နယ္ဒို ငိုေႂကြးၿပီး

ကြင္းထဲကထြက္ခြာသြားတာကို ျမင္လိုက္ရတဲ့ျမင္ကြင္းက “ေၾကာက္စရာေကာင္းလြန္းတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒိုရဲ႕ကမာၻ႔ဖလားအိပ္မက္ ၿပီးဆုံးသြားတဲ့ ခံစားခ်က္ကိုလည္းစာနာမိ ေၾကာင္း ဂယ္ရီ နဗီးလ္က Sky Sports podcast ကေန ထုတ္ေဖာ္ဝန္ခံလာခဲ့ပါတယ္။

“ဥမင္လႈိဏ္ေခါင္းထဲကို ငိုေႂကြးေနရင္း ဝင္လာတဲ့ သူ႔ကို ျမင္လိုက္ရတာဟာ ကြၽန္ေတာ့္အတြက္

တကယ့္ ေၾကာက္႐ြံ႕ တုန္လႈပ္ဖြယ္ေကာင္းတဲ့ ျမင္ကြင္း ျဖစ္ခဲ့ပါတယ္။

အဲ့ဒီ အခိုက္အတန႔္ဟာ သူ႔ႏိုင္ငံ အတြက္ ကမာၻ႔ ဖလား ဆြတ္ခူးေပးခ်င္တဲ့ အိပ္မက္ေတြ ကုန္ဆုံးသြားၿပီဆိုတာ သူသိလိုက္တဲ့ အခ်ိန္ပါပဲ။

ကြၽန္ေတာ္တို႔လည္း သူ႔လို ကစားသမား ဘဝရဲ႕ ေနဝင္ခ်ိန္ကို ႀကဳံေတြ႕ခဲ့ဖူးသူေတြပါ။

ဒါေပမဲ့ သူ႔ရဲ႕စြမ္းေဆာင္မႈေတြနဲ႔ေတာ့ ကြာျခားပါတယ္။

သူက ေဘာလုံး သမိုင္းေၾကာင္းရဲ႕ ထာဝရအခမ္းနားဆုံး ကစားသမား တစ္ေယာက္ ၊

ဒါမွမဟုတ္ အႀကီးက်ယ္ဆုံး ကစားသမား ျဖစ္ေနလို႔ပါပဲ။

သူ႔ကို အခုလို ျမင္ရလို႔ တုန္လႈပ္မိတယ္။ ဒီႏွစ္မွာ သူဟာ ခက္ခဲတဲ့ အခိုက္အတန႔္ေတြနဲ႔

ရင္ဆိုင္ခဲ့ရတယ္ဆိုတာကို ကြၽန္ေတာ္ သိပါတယ္။” လို႔ နဗီးလ္ က ေျပာခဲ့လိုက္တာပဲ ျဖစ္ပါတယ္ ။

ဒါဟာ ၿပီးခဲ့တဲ့လေတြတုန္းက ေရာ္နယ္ဒို အေပၚကို ေဝဖန္မႈေတြလုပ္ခဲ့တဲ့ နဗီးလ္ရဲ႕ စာနာမႈေတြနဲ႔ ေျပာဆိုလာတဲ့ ပထမဆုံးစကားေတြပါပဲ။

ေရာ္နယ္ဒိုဟာ ၂၀၀၈ ယူ႐ို ၿပိဳင္ပြဲေနာက္ပိုင္းကတည္းက ေပၚတူဂီ လက္ေ႐ြးစင္ အသင္းရဲ႕ ႏိုင္ငံၿပိဳင္ပြဲေတြမွာ သူကစားႏိုင္တဲ့အခ်ိန္တိုင္း ပြဲထြက္ခြင့္ရခဲ့သူပါ။

ဒါေပမယ့္ ဆြစ္ဇာလန္ နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ၁၆ သင္း ရႈံးထြက္ အဆင့္မွာေတာ့ နည္းျပဆန္းတို႔စ္က သူ႔ကိုအရန္လူ အျဖစ္နဲ႔သာ လူစားဝင္ ကစားခြင့္ေပးခဲ့ပါတယ္။

အဲ့သည့္ပြဲစဥ္မွာ သူ႔ရဲ႕ ေနရာကို လူစားဝင္ ကစားခဲ့တဲ့ ဂြန္ကာလို ရာမို႔စ္ က ဟတ္ထရစ္ဂိုး သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္လည္း

ကြာတား ဖိုင္နယ္ အဆင့္မွာ ရာမို႔စ္ က ပြဲထြက္ခြင့္ ဆက္လက္ ရရွိခဲ့ၿပီး ေရာ္နယ္ဒို ကေတာ့ လူစားဝင္ ကစားခြင့္သာ ရရွိခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္မွာ ၿပိဳင္ဘက္ ေမာ္႐ိုကိုအသင္းက ေရာ္နယ္ဒို မပါဝင္ေသးတဲ့ ပထမပိုင္း(၄၂)မိနစ္မွာ

တိုက္စစ္မႉး အန္ ေနဆီရီ ရဲ႕ေခါင္းတိုက္သြင္းဂိုးနဲ႔ ဦးေဆာင္ဂိုးကိုရယူသြားခဲ့သလို

ဒုတိယပိုင္း ေရာ္နယ္ဒိုဝင္ေရာက္လာခ်ိန္မွာလည္း ခံစစ္ကို စနစ္တက် ကစားသြားခဲ့တာေၾကာင့္ (၁-ဝ)ရလဒ္နဲ႔ ပြဲကိုအဆုံးသတ္သြားေစခဲ့ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ ကြင္းထဲမွာ အ႐ုပ္ႀကိဳးပ်က္သလိုျဖစ္သြားခဲ့ၿပီး

သူ႔ရဲ႕မ်က္ႏွာကိုလည္း လက္ႏွစ္ဖက္နဲ႔အုပ္ကာ သူ႔ရဲ႕မ်က္ရည္ေတြကို ဖုံးကြယ္ထားခဲ့ပါေသးတယ္။

ဒါေပမယ့္ ကြင္းထဲကလူေတြ အားလုံးဟာ ေအာင္ပြဲခံေနၾကတဲ့ ေမာ္႐ိုကို ကစားသမားေတြအစား

ကြင္းထဲကေန အဝတ္လဲခန္းအထိ ငိုေႂကြးသြားခဲ့တဲ့ ေရာ္နယ္ဒိုဆီကိုသာ အာ႐ုံေရာက္ေနခဲ့ၾကပါတယ္။

ပြဲၿပီးခ်ိန္မွာ ေရာ္နယ္ဒိုက ဆိုရွယ္မီဒီယာေပၚမွာ သူ႔ရဲ႕ခံစားခ်က္ေတြပါဝင္တဲ့ပိုစ္ကိုတင္ခဲ့လိုက္ရာမွာလည္း

ေဆး႐ုံေပၚမွာ နားေနရတဲ့ ပီလီအပါအဝင္၊ ဘာေပ၊ ဂါနာခ်ိဳတို႔လို လူငယ္ကစားသမားေတြနဲ႔

သူ႔ကိုခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြက စိတ္ခြန္အားျဖစ္ေစတဲ့ ေရးသားမႈေတြလုပ္ထား ေနပါတယ္။