ရော်နယ်ဒိုကို အတုယူကြိုးစားနေတဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးဘောလုံးသမားလေး

ကမ္ဘာ့အလှဆုံး အမျိုးသမီးဘောလုံးသမားဖြစ်တဲ့

အန်နာမာရီယာမာကိုဗစ်က ပေါ်တူဂီကြယ်ပွင့်
ရော်နယ်ဒိုကို အားကျအတုယူကြိုးစားခဲ့ပြီးနောက်
လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
ဆွစ်ဇာလန်ကလပ် ဂရက်ဟော့ပါးအသင်းမှာ
ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ်ရှိ

မာကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က ခရိုအေးရှား
အမျိုးသမီးလက်ရွေးစင်အသင်းမှာ
ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာပါ။
ဆွစ်ဇာလန်ဖွား ခရိုအေးရှားလက်ရွေးစင်ဖြစ်တဲ့
မာကိုဗစ်က သူ့အနေနဲ့ ရီးရဲလ်ကွင်းလယ်လူ

လူကာမိုဒရစ်နဲ့ ယူနိုက်တက်တိုက်စစ်မှူး
ရော်နယ်ဒိုတို့ကို အားကျအတုယူခဲ့တယ်လို့ ပြောပါတယ်။
”မိုဒရစ်က ကျွန်မအတွက် လုံးဝကို
စံပြကစားသမားပါပဲ။
သူဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး

ခရိုအေးရှားအသင်းကိုလည်း ကိုယ်စားပြုကစားနေသူပါ။
ပီအက်စ်ဂျီကစားသမား ဘက်ချ်မန်းလို
ကောင်းတဲ့အမျိုးသမီးကစားသမားတွေ
အများကြီးရှိပေမယ့် ကျွန်မအကြိုက်ဆုံး
ကစားသမားကတော့ ရော်နယ်ဒိုပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ သူက
စည်းကမ်းအရမ်းရှိလို့ပါ။
ဘယ်အားကစားမှာပဲဖြစ်ဖြစ်
အဲဒီအချက်က အရမ်းကိုအရေးကြီးပြီး
သူ့လို စိတ်ထားမျိုးထားနိုင်ဖို့ကလည်း မရှိမဖြစ်အရေးပါပါတယ်”လို့

မာကိုဗစ်က ပြောပါတယ်။
အစောပိုင်းတုန်းကလည်း မာကိုဗစ်က
သူနဲ့ပတ်သက်လို့ ပရိသတ်တွေ
သတိပြုမိတာတွေက အပေါင်းလက္ခဏာ
ဆောင်တယ်လို့ ပြောခဲ့ပါတယ်။

”ကျွန်မက အလှဆုံးဘောလုံးသမား
ဒါမှမဟုတ် အလှဆုံးဘောလုံးသမားတစ်ယောက်ဆိုပြီး
သတင်းတွေမှာ ရေးနေကြတာ
ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့
သတင်းစာတွေက လိင်ဆွဲအား

အကောင်းဆုံးဘောလုံးသမားလို့
ရေးတာတော့ သဘောမကျပါဘူး။
အဲဒီလိုတွေ ရေးပြီးနောက်
လူတွေက အသင်းနည်းပြကို
ကျွန်မ ဆွဲဆောင်နေတယ်လို့

ရေးကြပါတယ်”လို့ မာကိုဗစ်က ပြောခဲ့ပါတယ်။

Zawgyi

ေရာ္နယ္ဒိုကို အတုယူႀကိဳးစားေနတဲ့ ကမၻာ့အလွဆုံး အမ်ိဳးသမီးေဘာလုံးသမားေလး

ကမၻာ့အလွဆုံး အမ်ိဳးသမီးေဘာလုံးသမားျဖစ္တဲ့
အန္နာမာရီယာမာကိုဗစ္က ေပၚတူဂီၾကယ္ပြင့္
ေရာ္နယ္ဒိုကို အားက်အတုယူႀကိဳးစားခဲ့ၿပီးေနာက္
လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံခဲ့ရတယ္လုိ႔ ေျပာပါတယ္။
ဆြစ္ဇာလန္ကလပ္ ဂရက္ေဟာ့ပါးအသင္းမွာ

ကစားေနတဲ့ အသက္ ၂၂ နွစ္အရြယ္ရွိ
မာကိုဗစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ခရိုေအးရွား
အမ်ိဳးသမီးလက္ေရြးစင္အသင္းမွာ
ပထမဆုံးအႀကိမ္ ေရြးခ်ယ္ခံခဲ့ရတာပါ။
ဆြစ္ဇာလန္ဖြား ခရိုေအးရွားလက္ေရြးစင္ျဖစ္တဲ့

မာကိုဗစ္က သူ႕အေနနဲ႔ ရီးရဲလ္ကြင္းလယ္လူ
လူကာမိုဒရစ္နဲ႔ ယူႏုိက္တက္တုိက္စစ္မွဴး
ေရာ္နယ္ဒိုတို႔ကို အားက်အတုယူခဲ့တယ္လုိ႔ ေျပာပါတယ္။
”မုိဒရစ္က ကၽြန္မအတြက္ လုံး၀ကို
စံျပကစားသမားပါပဲ။

သူဟာ ကမၻာ့အဆင့္ကစားသမားျဖစ္ၿပီး
ခရိုေအးရွားအသင္းကိုလည္း ကိုယ္စားျပဳကစားေနသူပါ။
ပီအက္စ္ဂ်ီကစားသမား ဘက္ခ်္မန္းလုိ
ေကာင္းတဲ့အမ်ိဳးသမီးကစားသမားေတြ
အမ်ားႀကီးရိွေပမယ့္ ကၽြန္မအႀကိဳက္ဆုံး

ကစားသမားကေတာ့ ေရာ္နယ္ဒိုပါပဲ။
ဘာျဖစ္လုိ႔လဲဆုိေတာ့ သူက
စည္းကမ္းအရမ္းရွိလုိ႔ပါ။
ဘယ္အားကစားမွာပဲျဖစ္ျဖစ္
အဲဒီအခ်က္က အရမ္းကိုအေရးႀကီးၿပီး

သူ႕လို စိတ္ထားမ်ိဳးထားႏုိင္ဖုိ႔ကလည္း မရွိမျဖစ္အေရးပါပါတယ္”လုိ႔
မာကိုဗစ္က ေျပာပါတယ္။
အေစာပိုင္းတုန္းကလည္း မာကိုဗစ္က
သူနဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြ
သတိျပဳမိတာေတြက အေပါင္းလကၡဏာ

ေဆာင္တယ္လုိ႔ ေျပာခဲ့ပါတယ္။
”ကၽြန္မက အလွဆုံးေဘာလုံးသမား
ဒါမွမဟုတ္ အလွဆုံးေဘာလုံးသမားတစ္ေယာက္ဆုိၿပီး
သတင္းေတြမွာ ေရးေနၾကတာ
ေပ်ာ္စရာေကာင္းပါတယ္။ ဒါေပမဲ့

သတင္းစာေတြက လိင္ဆြဲအား
အေကာင္းဆုံးေဘာလံုးသမားလုိ႔
ေရးတာေတာ့ သေဘာမက်ပါဘူး။
အဲဒီလုိေတြ ေရးၿပီးေနာက္
လူေတြက အသင္းနည္းျပကို

ကၽြန္မ ဆြဲေဆာင္ေနတယ္လုိ႔
ေရးၾကပါတယ္”လုိ႔ မာကိုဗစ္က ေျပာခဲ့ပါတယ္။