
ဗုဒ္ဓဟူးနေ့ညတုန်းကမိုဟာမက်ဆာလက်ဟာချန်ပီယံလိဂ်အဝေးကွင်း၈ပွဲဆက်
ဂိုးသွင်းနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။
အီဂျစ်စူပါစတားဟာအင်တာမီလန်ကိုလီဗာပူးက၂-ဝဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်အဝေးကွင်
း၈ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့မိုဟာမက်ဆာလက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်ကို
လိုက်မီဖို့တော့အများကြီးကြိုးစားရပါဦးမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်မှာကစားတုန်းက
ချန်ပီယံလိဂ်အဝေးကွင်း၁၂ပွဲဆက်တိုက်ဂိုးသွင်းယူထားပါတယ်။
လီဗာပူးဟာမနေ့ညတုန်းဆန်စီရိုပွဲစဉ်မှာဂိုးသွင်းနိုင်ခဲ့မှုနဲ့အတူ
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တစ်လှမ်းချထားနိုင်ခဲ့ပါတယ်။
လီဗာပူးအတွက်ဦးဆောင်ဂိုးကိုပွဲချိန်၇၅မိနစ်မှာဖာမီနိုကသွင်းယူခဲ့တာဖြစ်ပြီး
၈မိနစ်အကြာမှာမိုဟာမက်ဆာလက်ကဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဆာလက်ဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းက
ချန်ပီယံလိဂ်အဝေးကွင်း၄ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီးနောက်
ယခုရာသီတွင်လည်းချန်ပီယံလိဂ်အဝေးကွင်း၄ပွဲဆက်တိုက်
ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၂-၁၃ရာသီတုန်းက
ဒေါ့မွန်၊ဂါလာတာစာရေးနှင့်အသင်းဟောင်းယူနိုက်တက်တို့ကိုဂိုးသွင်းခဲ့ပြီး
၂၀၁၃-၁၄ရာသီတွင်ဂျူဗင်တပ်၊ကိုပင်ဟေဂင်၊ဘိုင်ယန်မြူးနစ်၊
ရှော်လ်ကေး၊ဂါလာတာစာရေးတို့ကိုဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက်သူဟာ၂၀၁၄-၁၅ရာသီမှာလည်းလူဒိုဂိုရက်စ်၊လီဗာပူး၊
ဘေဆယ်နှင့်ရှော်လ်ကေးတို့ကိုဂိုးသွင်းခဲ့ပါတယ်။
သူဟာ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ၁၃ရက်နေ့တုန်းကအသင်းဟောင်း
ယူနိုက်တက်နှင့်ပွဲမှာချန်ပီယံလိဂ်အဝေးကွင်းဂိုး
စတင်ချန်ပီယံလိဂ်အဝေးကွင်းပွဲဂိုးသွင်းနိုင်ခဲ့ပြီး၂၀၁၅ခုနှစ်၊ဧပြီလ၁၄ရက်နေ့
အက်သလက်တီကိုနှင့်ပွဲမှာဂိုးမသွင်းနိုင်ပြီးမှအဆုံးသတ်ခဲ့ရပါတယ်။
zawgyi
ေရာ္နယ္ဒိုကို လိုက္မီဖို႔ အမ်ားႀကီးလိုေသးတဲ့ ဆာလက္
ဗုဒၶဟူးေန႔ညတုန္းကမိုဟာမက္ဆာလက္ဟာခ်န္ပီယံလိဂ္အေဝးကြင္း၈ပြဲဆက္
ဂိုးသြင္းႏိုင္တဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။
အီဂ်စ္စူပါစတားဟာအင္တာမီလန္ကိုလီဗာပူးက၂-ဝဂိုးျဖင့္
အႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းယူခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္အေဝးကြင္
း၈ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမဲ့မိုဟာမက္ဆာလက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို
လိုက္မီဖို႔ေတာ့အမ်ားႀကီးႀကိဳးစားရပါဦးမယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္မွာကစားတုန္းက
ခ်န္ပီယံလိဂ္အေဝးကြင္း၁၂ပြဲဆက္တိုက္ဂိုးသြင္းယူထားပါတယ္။
လီဗာပူးဟာမေန႔ညတုန္းဆန္စီ႐ိုပြဲစဥ္မွာဂိုးသြင္းႏိုင္ခဲ့မႈနဲ႔အတူ
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္သို႔တစ္လွမ္းခ်ထားႏိုင္ခဲ့ပါတယ္။
လီဗာပူးအတြက္ဦးေဆာင္ဂိုးကိုပြဲခ်ိန္၇၅မိနစ္မွာဖာမီႏိုကသြင္းယူခဲ့တာျဖစ္ၿပီး
၈မိနစ္အၾကာမွာမိုဟာမက္ဆာလက္ကဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဆာလက္ဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းက
ခ်န္ပီယံလိဂ္အေဝးကြင္း၄ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္
ယခုရာသီတြင္လည္းခ်န္ပီယံလိဂ္အေဝးကြင္း၄ပြဲဆက္တိုက္
ဂိုးသြင္းယူထားတာျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၂-၁၃ရာသီတုန္းက
ေဒါ့မြန္၊ဂါလာတာစာေရးႏွင့္အသင္းေဟာင္းယူႏိုက္တက္တို႔ကိုဂိုးသြင္းခဲ့ၿပီး
၂၀၁၃-၁၄ရာသီတြင္ဂ်ဴဗင္တပ္၊ကိုပင္ေဟဂင္၊ဘိုင္ယန္ျမဴးနစ္၊
ေရွာ္လ္ေကး၊ဂါလာတာစာေရးတို႔ကိုဂိုးသြင္းခဲ့ပါတယ္။
ယင္းေနာက္သူဟာ၂၀၁၄-၁၅ရာသီမွာလည္းလူဒိုဂိုရက္စ္၊လီဗာပူး၊
ေဘဆယ္ႏွင့္ေရွာ္လ္ေကးတို႔ကိုဂိုးသြင္းခဲ့ပါတယ္။
သူဟာ၂၀၁၃ခုႏွစ္၊ေဖေဖာ္ဝါရီလ၁၃ရက္ေန႔တုန္းကအသင္းေဟာင္း
ယူႏိုက္တက္ႏွင့္ပြဲမွာခ်န္ပီယံလိဂ္အေဝးကြင္းဂိုး
စတင္ခ်န္ပီယံလိဂ္အေဝးကြင္းပြဲဂိုးသြင္းႏိုင္ခဲ့ၿပီး၂၀၁၅ခုႏွစ္၊ဧၿပီလ၁၄ရက္ေန႔
အက္သလက္တီကိုႏွင့္ပြဲမွာဂိုးမသြင္းႏိုင္ၿပီးမွအဆုံးသတ္ခဲ့ရပါတယ္။