” ရော်နယ်ဒိုကို ရှေ့ဘက်တိုက်စစ်နေရာကနေ စောစောစီးစီး နောက်ဆင်းမလာပါနဲ့ ” လို့ တန်ဟက်က သတိပေးထား

အိုးထရက်ဖိုဒ်မှာ ကစားခဲ့ကြတဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ပွဲမှာ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆက်လက်ပွဲထွက်ခွင့်ရခဲ့ပါတယ်။

သူဟာ ဒီရာသီမှာ ခြေစွမ်းကောင်းမပြနိုင်သေးသလို ပုံမှန် ပွဲထွက်ခွင့်ရရှိဖို့

နည်းပြ တန်ဟက်နဲ့ အခြေအတင်ဖြစ်ခဲ့ရတဲ့ အထိ အရံခုံမှာထိုင်ခဲ့ရရင်း

ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ရပါတယ်။

လက်ရှိမှာ အန်သိုနီ မာရှယ် ၊ အန်တိုနီ တို့က ဒဏ်ရာ

ပြဿနာရင်ဆိုင်နေရသလို ဂျေဒန် ဆန်ချိုကလည်း ပုံမှန်ခြေစွမ်း

ပျောက်ဆုံးနေတာကြောင့် ယခုလို ပြန်လည် ပွဲထွက်ခွင့်ရလာတာဖြစ်ပါတယ်။

ဒီရာသီဟာ ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ရဲ့ စာချုပ်အရ နောက်ဆုံးရာသီဖြစ်တာကြောင့်

ပရိသတ်တွေက သွင်းဂိုးတွေကို ပိုပြီး မြင်တွေ့ခြင်နေကြပေမယ့် သူက ဂိုးကန်အတော့်ကိုခေနေခဲ့ပါတယ်။

တစ်ချို့ ဂိုးကန်သွင်းချက်တွေဆိုရင် သူ့ရဲ့ နေရာယူမှု၊ ကန်သွင်းမှုတွေက အတော့်ကိုကောင်းမွန်ပေမယ့်

အံအားသင့်ဖွင့်လွဲချော်မှုတွေအဖြစ်သာဖြစ်သွားခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း သူဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း

မရှိပေမယ့် ဂိုးကန်သွင်းမှု ( ၆ ) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ( ၁ ) ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပြီး ( ၂ ) ကြိမ် ဂိုးပေါက်နဲ့

လွဲချော်ခဲ့သလို ( ၃ ) ကြိမ် တားဆီးခြင်း ခံခဲ့ရပါတယ်။

Dribble ( ၂ ) ကြိမ် ပြုလုပ်ရာမှာ ( ၂ ) ကြိမ် စလုံး အောင်မြင်ခဲ့ပါတယ်။

အဲရစ် တန်ဟက်က ပွဲပြီးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ

ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ယခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“ သူ ( ရော်နယ်ဒို ) ကောင်းကောင်း ကစားခဲ့တယ်လို့ ထင်ပါတယ်။

ပထမပိုင်းမှာ pressing ကို ဦးဆောင်ခဲ့ပြီး ခ‌ျိတ်ဆက် ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ စောစောစီးစီး နောက်ဆင်းမလာဖို့ ၊ နဲနဲလောက် စောင့်ဖို့

ပြောခဲ့ပါတယ်။ ပထမဆုံး ကွင်းလယ် နှင့် ခံစစ်ကို သူတို့အလုပ် သူတို့ လုပ်စေဖို့ပါ။”

“ နောက်ဆုံး အခိုက်အတန့် ရောက်တဲ့အခါမှာ ပြိုင်ဘက်နောက်ခံလူတွေကို

ဆွဲခေါ်ဖို့ ၊ ဒါမှမဟုတ် ဖန်တီးဖို့ ၊ ဂိုးသွင်းဖို့ ၊ နောက်ဆင်းနိုင်ပါတယ်။”

တန်ဟက် ပြောတာလည်း မှန်ပါတယ်။ ရော်နယ်ဒို နောက်ဆင်းပြီး

ဘောလုံး လက်ခံလိုက်ချိန် ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုက

နှေးသွားတတ်တာတွေ မြင်တွေ့ရတတ်ပါတယ်။

zawgyi

” ေရာ္နယ္ဒိုကို ေရွ႕ဘက္တိုက္စစ္ေနရာကေန ေစာေစာစီးစီး ေနာက္ဆင္းမလာပါနဲ႔ ” လို႔ တန္ဟက္က သတိေပးထား

အိုးထရက္ဖိုဒ္မွာ ကစားခဲ့ၾကတဲ့ ယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းတို႔ပြဲမွာ

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ဆက္လက္ပြဲထြက္ခြင့္ရခဲ့ပါတယ္။

သူဟာ ဒီရာသီမွာ ေျခစြမ္းေကာင္းမျပႏိုင္ေသးသလို ပုံမွန္ ပြဲထြက္ခြင့္ရရွိဖို႔

နည္းျပ တန္ဟက္နဲ႔ အေျခအတင္ျဖစ္ခဲ့ရတဲ့ အထိ အရံခုံမွာထိုင္ခဲ့ရရင္း

ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနခဲ့ရပါတယ္။

လက္ရွိမွာ အန္သိုနီ မာရွယ္ ၊ အန္တိုနီ တို႔က ဒဏ္ရာ

ျပႆနာရင္ဆိုင္ေနရသလို ေဂ်ဒန္ ဆန္ခ်ိဳကလည္း ပုံမွန္ေျခစြမ္း

ေပ်ာက္ဆုံးေနတာေၾကာင့္ ယခုလို ျပန္လည္ ပြဲထြက္ခြင့္ရလာတာျဖစ္ပါတယ္။

ဒီရာသီဟာ ယူႏိုက္တက္နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ စာခ်ဳပ္အရ ေနာက္ဆုံးရာသီျဖစ္တာေၾကာင့္

ပရိသတ္ေတြက သြင္းဂိုးေတြကို ပိုၿပီး ျမင္ေတြ႕ျခင္ေနၾကေပမယ့္ သူက ဂိုးကန္အေတာ့္ကိုေခေနခဲ့ပါတယ္။

တစ္ခ်ိဳ႕ ဂိုးကန္သြင္းခ်က္ေတြဆိုရင္ သူ႔ရဲ႕ ေနရာယူမႈ၊ ကန္သြင္းမႈေတြက အေတာ့္ကိုေကာင္းမြန္ေပမယ့္

အံအားသင့္ဖြင့္လြဲေခ်ာ္မႈေတြအျဖစ္သာျဖစ္သြားခဲ့ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာလည္း သူဟာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္း

မရွိေပမယ့္ ဂိုးကန္သြင္းမႈ ( ၆ ) ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ( ၁ ) ႀကိမ္သာ ဂိုးေပါက္ တည့္ခဲ့ၿပီး ( ၂ ) ႀကိမ္ ဂိုးေပါက္နဲ႔

လြဲေခ်ာ္ခဲ့သလို ( ၃ ) ႀကိမ္ တားဆီးျခင္း ခံခဲ့ရပါတယ္။

Dribble ( ၂ ) ႀကိမ္ ျပဳလုပ္ရာမွာ ( ၂ ) ႀကိမ္ စလုံး ေအာင္ျမင္ခဲ့ပါတယ္။

အဲရစ္ တန္ဟက္က ပြဲၿပီးသတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ရာမွာ

ေရာ္နယ္ဒိုနဲ႔ ပတ္သက္လို႔ ယခုလို မွတ္ခ်က္ေပးခဲ့ပါတယ္။

“ သူ ( ေရာ္နယ္ဒို ) ေကာင္းေကာင္း ကစားခဲ့တယ္လို႔ ထင္ပါတယ္။

ပထမပိုင္းမွာ pressing ကို ဦးေဆာင္ခဲ့ၿပီး ခ‌်ိတ္ဆက္ ကစားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအၿပီးမွာ ေစာေစာစီးစီး ေနာက္ဆင္းမလာဖို႔ ၊ နဲနဲေလာက္ ေစာင့္ဖို႔

ေျပာခဲ့ပါတယ္။ ပထမဆုံး ကြင္းလယ္ ႏွင့္ ခံစစ္ကို သူတို႔အလုပ္ သူတို႔ လုပ္ေစဖို႔ပါ။”

“ ေနာက္ဆုံး အခိုက္အတန႔္ ေရာက္တဲ့အခါမွာ ၿပိဳင္ဘက္ေနာက္ခံလူေတြကို

ဆြဲေခၚဖို႔ ၊ ဒါမွမဟုတ္ ဖန္တီးဖို႔ ၊ ဂိုးသြင္းဖို႔ ၊ ေနာက္ဆင္းႏိုင္ပါတယ္။”

တန္ဟက္ ေျပာတာလည္း မွန္ပါတယ္။ ေရာ္နယ္ဒို ေနာက္ဆင္းၿပီး

ေဘာလုံး လက္ခံလိုက္ခ်ိန္ ယူႏိုက္တက္ရဲ႕ တိုက္စစ္ဆင္မႈက

ေႏွးသြားတတ္တာေတြ ျမင္ေတြ႕ရတတ္ပါတယ္။