
ရာမို့စ်ဟာ ရီးရဲလ်မှာကစားစဉ်အတွင်း အာဂျင်တီးနားသားကိုပြိုင်ဘက်အဖြစ်





အကြိမ်ပေါင်းစွာရင်ဆိုင်ခဲ့သလို နောက်ဆုံးမှာတော့ မက်ဆီကသာ အကြီးကျယ်ဆုံး
ကစားသမားဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။စပိန်လက်ရွေးစင်ဟောင်းဟာ





သူ့ရဲ့ရီးရဲလ်အသင်းဖော်ဟောင်း ရော်နယ်ဒိုကိုထာဝရအကောင်းဆုံးအဖြစ်
နှစ်ပေါင်းများစွာထောက်ခံပေးခဲ့သူဖြစ်တယ်။ အနည်းဆုံးတော့ ရာမို့စ် ရီးရဲလ်နဲ့
ဖြတ်သန်းချိန်အတွင်း ရော်နယ်ဒိုနဲ့ မက်ဆီကို အဆင့်တူသတ်မှတ်ခဲ့တာပါ။





မကြာခဏဆိုသလို အယ်လ်ကလက်ဆီကိုဒါဘီပွဲစဉ်တွေမှာ ရာမို့စ်က မက်ဆီနဲ့
ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ ဘောလုံးလောကမှာတော့ ရာမို့စ်ဟာ မက်ဆီကို





အကောင်းဆုံးတွန်းလှန်နိုင်ခဲ့တဲ့ လူအနည်းစုထဲကတစ်ယောက်ပါ။
အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ပီအက်စ်ဂျီအသင်းမှာ
ပထမဆုံးဆုံတွေ့ခဲ့တာဖြစ်တယ်။ ၁၈ လလောက်အထိအတူရှိခဲ့ပြီးနောက်





ရာမို့စ်က မက်ဆီသာ ထာဝရအကောင်းဆုံးဖြတ်တယ်လို့ ဝန်ခံသွားပါတယ်။
“မက်ဆီနဲ့ရင်ဆိုင်ရတာက နှစ်အတော်ကြာအထိ ဝေဒနာတစ်ခုလိုခံစားခဲ့ရတယ်။





အခုသူနဲ့လက်တွဲရလို့ပျော်နေရပြီ။ ဘောလုံးထုတ်ကုန်တစ်ခုအနေနဲ့တော့
သူက အကောင်းဆုံးတစ်ယောက်ပါ” လို့ ရာမို့စ်က ဝန်ခံလိုက်ပါတယ်။
ဒါဟာ သူနဲ့အတူနှစ်ပေါင်းများစွာ လက်တွဲပြီးဆုဖလားတွေအရယူခဲ့တဲ့





ရော်နယ်ဒိုအတွက်တော့ ထိုးနှက်ချက်တစ်ခုပါပဲ။
zawgyi





ရော်နယ်ဒိုကို မျက်ကွယ်ပြုလိုက်ပြီး မက်ဆီကသာ အကြီးကျယ်ဆုံးကစားသမားဖြစ်တယ်လို့ ရာမို့စ် ဝန်ခံလိုက်


































