ရော်နယ်ဒိုကို တစ်ပတ်ရိုက်ပထုတ်လိုက်ပြီး ဘန်ဇီမာနဲ့ မိုဒရစ်ကို တော်ကီနဲ့ချုပ်ပြလိုက်တဲ့ အန်ဆလော့တီ

အန်ဆလော့တီဟာ စပိန်စူပါဖလားဗိုလ်လုပွဲအတွက် ဆော်ဒီခရီးစဉ်မှာ

ရော်နယ်ဒိုနဲ့ပျော်ရွှင်စွာတွေ့ဆုံခဲ့ပြီး နှစ်ဦးသားပုံရိပ်တွေကို အင်စတာဂရမ်မှ

မျှဝေခဲ့ဖူးပါတယ်။ အယ်လ်နက်ဆာအသင်းဟာ ပေါ်တူဂီစူပါစတားကို

ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ရီးရဲလ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့

ဘန်ဇီမာနဲ့ မိုဒရစ်အတွက် ချိတ်ဆက်မှုတွေပြုလုပ်လာတာဖြစ်တယ်။

ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ဟာ ၂၀၀၉ နွေဈေးကွက်မှာ ဘာနေဗျူးကို

အတူရောက်လာခဲ့သူတွေဖြစ်ပြီး ပြင်သစ်ကြယ်ပွင့်ဟာ

ရီးရဲလ်တစ်သင်းတည်းမှာပဲ စွဲစွဲမြဲမြဲကစားပေးခဲ့တာဖြစ်တယ်။

မိုဒရစ်အနေနဲ့ ကစားသမားဘဝနောက်ဆုံးအချိန်ရောက်ရှိလာပြီ

ဖြစ်တာကြောင့် ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေက

စိတ်လှုပ်ရှားစရာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အန်ဆလော့တီကတော့

ဘန်ဇီမာနဲ့ မိုဒရစ်တို့ဟာ ရီးရဲလ်ဂန္တဝင်တွေဖြစ်တာကြောင့်

အယ်လ်နက်ဆာနဲ့အပြောင်းအရွှေ့သတင်းတွေအတွက်

စိတ်ပူစရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။ တနည်းအားဖြင့်တော့

အန်ဆလော့တီက ဘန်ဇီမာနဲ့ မိုဒရစ်ကို ဂန္တဝင်တွေလို့

တံဆိပ်ကပ်ပြီး ရော်နယ်ဒိုကိုတော့ စာရင်းထဲကပထုတ်လိုက်တာဖြစ်တယ်။

“ကျွန်တော့် ရုံးခန်းထဲကို ဘန်ဇီမာနဲ့ မိုဒရစ်တို့ လာလိမ့်မယ်မထင်ဘူး။

သူတို့ ကျွန်တော့်ဆီကအကြံဉာဏ်ကို မလိုအပ်ဘူးထင်လို့ပါ။

မက်ဒရစ် ဂန္တဝင်တွေဟာ မက်ဒရစ်မှာနေပြီး ဒီမှာပဲအဆုံးသတ်ကြ

လိမ့်မယ်။ ဂန္တဝင်နှစ်ယောက်အကြောင်းပြောနေတာနော်၊

ဒီလိုပဲအဆုံးသတ်လိမ့်မယ်” လို့ အန်ဆလော့တီ ပေါ်တင်ပြောဆိုခဲ့တာဖြစ်တယ်။

zawgyi

ေရာ္နယ္ဒိုကို တစ္ပတ္႐ိုက္ပထုတ္လိုက္ၿပီး ဘန္ဇီမာနဲ႔ မိုဒရစ္ကို ေတာ္ကီနဲ႔ခ်ဳပ္ျပလိုက္တဲ့ အန္ဆေလာ့တီ

အန္ဆေလာ့တီဟာ စပိန္စူပါဖလားဗိုလ္လုပြဲအတြက္ ေဆာ္ဒီခရီးစဥ္မွာ

ေရာ္နယ္ဒိုနဲ႔ေပ်ာ္႐ႊင္စြာေတြ႕ဆုံခဲ့ၿပီး ႏွစ္ဦးသားပုံရိပ္ေတြကို အင္စတာဂရမ္မွ

မွ်ေဝခဲ့ဖူးပါတယ္။ အယ္လ္နက္ဆာအသင္းဟာ ေပၚတူဂီစူပါစတားကို

ေခၚယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ရီးရဲလ္အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့

ဘန္ဇီမာနဲ႔ မိုဒရစ္အတြက္ ခ်ိတ္ဆက္မႈေတြျပဳလုပ္လာတာျဖစ္တယ္။

ေရာ္နယ္ဒိုနဲ႔ ဘန္ဇီမာတို႔ဟာ ၂၀၀၉ ေႏြေဈးကြက္မွာ ဘာေနဗ်ဴးကို

အတူေရာက္လာခဲ့သူေတြျဖစ္ၿပီး ျပင္သစ္ၾကယ္ပြင့္ဟာ

ရီးရဲလ္တစ္သင္းတည္းမွာပဲ စြဲစြဲၿမဲၿမဲကစားေပးခဲ့တာျဖစ္တယ္။

မိုဒရစ္အေနနဲ႔ ကစားသမားဘဝေနာက္ဆုံးအခ်ိန္ေရာက္ရွိလာၿပီ

ျဖစ္တာေၾကာင့္ ေဆာ္ဒီကလပ္ရဲ႕ကမ္းလွမ္းမႈေတြက

စိတ္လႈပ္ရွားစရာျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အန္ဆေလာ့တီကေတာ့

ဘန္ဇီမာနဲ႔ မိုဒရစ္တို႔ဟာ ရီးရဲလ္ဂႏၲဝင္ေတြျဖစ္တာေၾကာင့္

အယ္လ္နက္ဆာနဲ႔အေျပာင္းအေ႐ႊ႕သတင္းေတြအတြက္

စိတ္ပူစရာမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ တနည္းအားျဖင့္ေတာ့

အန္ဆေလာ့တီက ဘန္ဇီမာနဲ႔ မိုဒရစ္ကို ဂႏၲဝင္ေတြလို႔

တံဆိပ္ကပ္ၿပီး ေရာ္နယ္ဒိုကိုေတာ့ စာရင္းထဲကပထုတ္လိုက္တာျဖစ္တယ္။

“ကြၽန္ေတာ့္ ႐ုံးခန္းထဲကို ဘန္ဇီမာနဲ႔ မိုဒရစ္တို႔ လာလိမ့္မယ္မထင္ဘူး။

သူတို႔ ကြၽန္ေတာ့္ဆီကအႀကံဉာဏ္ကို မလိုအပ္ဘူးထင္လို႔ပါ။

မက္ဒရစ္ ဂႏၲဝင္ေတြဟာ မက္ဒရစ္မွာေနၿပီး ဒီမွာပဲအဆုံးသတ္ၾက

လိမ့္မယ္။ ဂႏၲဝင္ႏွစ္ေယာက္အေၾကာင္းေျပာေနတာေနာ္၊

ဒီလိုပဲအဆုံးသတ္လိမ့္မယ္” လို႔ အန္ဆေလာ့တီ ေပၚတင္ေျပာဆိုခဲ့တာျဖစ္တယ္။