“ရော်နယ်ဒိုကို စပို့တင်းဆီပြန်ခေါ်နိုင်ဖို့ ကျွန်တော်တို့မှာ လုံလောက်တဲ့ ငွေကြေး မရှိပါဘူး။” နည်းပြ အမိုရင်

စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် ဖြစ်သူ အမိုရင်က သူတို့အသင်းဟာ ရော်နယ်ဒိုရဲ့ မြင့်မားတဲ့ လုပ်ခလစာ ပမာဏကို

ပေးချေဖို့ မတတ်နိုင် တာကြောင့် ပြန်လည် ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး ဆိုပြီးဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

နည်းပြအမိုရင်က “ရော်နယ်ဒိုက ထိပ်တန်း ကစားသမား တစ်ယောက်ပါ။

ဒါပေမယ့် အခုချိန်မှာ သူက ယူနိုက်တက်ရဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းထောက်တွေ အားလုံးရဲ့ မေးခွန်း ဖြစ်တဲ့ ရော်နယ်ဒိုကို ပြန်ခေါ်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေရရင်

စပို့တင်း လစ္စဘွန်းမှာ ရှိနေတဲ့ လူတိုင်းက ရော်နယ်ဒိုကို အသင်းဆီ ပြန်ခေါ်ဖို့ စိတ်ကူးအိပ်မက် ရှိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့မှာ သူ့ကို ခေါ်ဖို့ အတွက် လုံလောက်တဲ့ ငွေကြေး မရှိပါဘူး။

ကျွန်တော့်အမြင်မှာတော့ သူက ယူနိုက်တက်မှာ ပျော်ရွှင်နေတယ် ဆိုတာပါပဲ။

သူယူနိုက်တက်မှာဖြစ်နေတဲ့ ပြဿနာက ကစားခွင့် မရတာလို့ဘဲထင်ပါတယ်။

ဒါပေမယ် ဒါက ကျွန်တော့်ကိစ္စမဟုတ်ပါဘူး။ နည်းပြတန်ဟက်ရှင်းရမယ့်ကိစ္စပါ။

အခု ကျွန်တော်က ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်နေသလို အရမ်းလည်း ပျော်နေပါတယ်။

ကျွန်တော်တို့တွေက စပါးနဲ့ တွေ့ဆုံမယ့်ပွဲစဉ်မှာ အနိုင်ရဖို့ကိုပဲ အာရုံစိုက်နေပါတယ် ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၃၇နှစ် အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုက စပို့တင်း လစ္စဘွန်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ယောက်ပါ။

စပို့တင်း လစ္စဘွန်းရဲ့ ပရိသတ်တွေကလည်း ရော်နယ်ဒိုကို သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ထားပါတယ်။

ရော်နယ်ဒိုဟာ အမြဲတမ်းလိုလို စပို့တင်း လစ္စဘွန်းရဲ့ အကြောင်းတွေကို ပြောလေ့ ရှိသလို ဒိုလေးရဲ့အမေကလည်း

သူ့သားကို စပို့တင်း လစ္စဘွန်းဆီ တစ်ချိန်မှာ ပြန်ကစားစေချင်ပါတယ်။

အဲဒီ အတွက်လည်း မကြာခဏ ဆိုသလို သူ့သားကို အသင်းဟောင်းဆီ ပြန်ဖို့ တိုက်တွန်းနေတာပါ။

လာမယ့် ဈေးကွက် ယူနိုက်တက်ကို စွန့်ခွာမယ်လို့ သတင်းထွက်ထားတဲ့ ရော်နယ်ဒိုဟာ အခုချိန်မှာတော့နည်းပြတန်ဟတ်နဲ့ ပြေလည်မှု ရထားပါတယ်။

zawgyi

“ေရာ္နယ္ဒိုကို စပို႔တင္းဆီျပန္ေခၚႏိုင္ဖို႔ ကြၽန္ေတာ္တို႔မွာ လုံေလာက္တဲ့ ေငြေၾကး မရွိပါဘူး။” နည္းျပ အမိုရင္

စပို႔တင္း လစၥဘြန္းရဲ႕ နည္းျပခ်ဳပ္ ျဖစ္သူ အမိုရင္က သူတို႔အသင္းဟာ ေရာ္နယ္ဒိုရဲ႕ ျမင့္မားတဲ့ လုပ္ခလစာ ပမာဏကို

ေပးေခ်ဖို႔ မတတ္ႏိုင္ တာေၾကာင့္ ျပန္လည္ ေခၚယူဖို႔ အစီအစဥ္ မရွိပါဘူး ဆိုၿပီးဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။

နည္းျပအမိုရင္က “ေရာ္နယ္ဒိုက ထိပ္တန္း ကစားသမား တစ္ေယာက္ပါ။

ဒါေပမယ့္ အခုခ်ိန္မွာ သူက ယူႏိုက္တက္ရဲ႕ ကစားသမား တစ္ဦး အျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ သတင္းေထာက္ေတြ အားလုံးရဲ႕ ေမးခြန္း ျဖစ္တဲ့ ေရာ္နယ္ဒိုကို ျပန္ေခၚမလား ဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္ၿပီး ေျဖရရင္

စပို႔တင္း လစၥဘြန္းမွာ ရွိေနတဲ့ လူတိုင္းက ေရာ္နယ္ဒိုကို အသင္းဆီ ျပန္ေခၚဖို႔ စိတ္ကူးအိပ္မက္ ရွိပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ သူ႔ကို ေခၚဖို႔ အတြက္ လုံေလာက္တဲ့ ေငြေၾကး မရွိပါဘူး။

ကြၽန္ေတာ့္အျမင္မွာေတာ့ သူက ယူႏိုက္တက္မွာ ေပ်ာ္႐ႊင္ေနတယ္ ဆိုတာပါပဲ။

သူယူႏိုက္တက္မွာျဖစ္ေနတဲ့ ျပႆနာက ကစားခြင့္ မရတာလို႔ဘဲထင္ပါတယ္။

ဒါေပမယ္ ဒါက ကြၽန္ေတာ့္ကိစၥမဟုတ္ပါဘူး။ နည္းျပတန္ဟက္ရွင္းရမယ့္ကိစၥပါ။

အခု ကြၽန္ေတာ္က ကစားသမားေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ႏိုင္ေနသလို အရမ္းလည္း ေပ်ာ္ေနပါတယ္။

ကြၽန္ေတာ္တို႔ေတြက စပါးနဲ႔ ေတြ႕ဆုံမယ့္ပြဲစဥ္မွာ အႏိုင္ရဖို႔ကိုပဲ အာ႐ုံစိုက္ေနပါတယ္ ” လို႔ ေျပာၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။

အသက္ ၃၇ႏွစ္ အ႐ြယ္ တိုက္စစ္မႉး ေရာ္နယ္ဒိုက စပို႔တင္း လစၥဘြန္းရဲ႕ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ ကစားသမားတစ္ေယာက္ပါ။

စပို႔တင္း လစၥဘြန္းရဲ႕ ပရိသတ္ေတြကလည္း ေရာ္နယ္ဒိုကို သူတို႔အသင္းရဲ႕ ဂႏၲဝင္ ကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ထားပါတယ္။

ေရာ္နယ္ဒိုဟာ အၿမဲတမ္းလိုလို စပို႔တင္း လစၥဘြန္းရဲ႕ အေၾကာင္းေတြကို ေျပာေလ့ ရွိသလို ဒိုေလးရဲ႕အေမကလည္း

သူ႔သားကို စပို႔တင္း လစၥဘြန္းဆီ တစ္ခ်ိန္မွာ ျပန္ကစားေစခ်င္ပါတယ္။

အဲဒီ အတြက္လည္း မၾကာခဏ ဆိုသလို သူ႔သားကို အသင္းေဟာင္းဆီ ျပန္ဖို႔ တိုက္တြန္းေနတာပါ။

လာမယ့္ ေဈးကြက္ ယူႏိုက္တက္ကို စြန႔္ခြာမယ္လို႔ သတင္းထြက္ထားတဲ့ ေရာ္နယ္ဒိုဟာ အခုခ်ိန္မွာေတာ့နည္းျပတန္ဟတ္နဲ႔ ေျပလည္မႈ ရထားပါတယ္။