ရော်နယ်ဒိုကို ကြည့်မရဖြစ်နေတဲ့ ဂရင်းဝုဒ်

ရာဖ် ရန်းနစ်ခ် လက်အောက်မှာ အရံကစားသမားအနေနဲ့သာ ဆက်လက်ရှိ

နေတဲ့ မေဆန် ဂရင်းဝုဒ်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ မန်ချက်စတာ ယူနိုက်တက်

အသင်းအပေါ် လွှမ်းမိုးမှုကြီးမားပုံကိုလည်း သဘောမကျကြောင်း The Mirror

သတင်းဌာနအရ သိရပါတယ်။

အသက် ( ၂၀ ) အရွယ် ကစားသမားဟာ အိုလေ ဂန်းနား ဆိုးရှား လက်အောက်မှာ

အရေးပါသူဖြစ်ခဲ့ပေမယ့် ရန်းနစ်ခ် လက်ထက်မှာတော့ ဦးစားပေးကစားသမား

စာရင်းရဲ့ နောက်ပိုင်းကို ရောက်ရှိသွားခဲ့ပါတယ်။

ဂရင်းဝုဒ်က ယန်းဘွိုင်းစ်နဲ့ ( ၁-၁ ) သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ သွင်းဂိုး

ရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အရံကစားသမားအနေနဲ့သာ

ဆက်ရှိနေခဲ့ပါတယ်။

El Nacional အရ သူဟာ ပွဲကစားခွင့် လျော့နည်းခြင်း နှင့် အသင်းရဲ့ ပွဲထွက်

လူစာရင်းမှာ ရော်နယ်ဒိုနာမည်က အမြဲတမ်း ထိပ်ဆုံး၌ ရှိနေခြင်းတို့အပေါ်

စိတ်ပျက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ သတင်းက ဂရင်းဝုဒ်ဟာ ( ၅ ) ကြိမ်မြောက် ဘလွန်းဒီအောဆုရှင်က

အချိန်တိုအတွင်း မန်ယူနိုက်တက် အဝတ်လဲခန်းကို ထိန်းချုပ်လာတဲ့အပေါ်

ပျော်ရွှင်ခြင်း မရှိကြောင်း ဆိုပါတယ်။

ဂရင်းဝုဒ် နှင့် ရော်နယ်ဒိုတို့ဟာလည်း ယခင်ကလည်း အလားတူအဖြစ်အပျက်

တွေ ရှိခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူးက လီဗာပူးလ်ကို ( ၅-၀ ) အရေးနိမ့်ခဲ့တဲ့

ပွဲစဥ်အပြီး ယူနိုက်တက် လူငယ်ကစားသမားတွေကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။

ဝါရင့်တိုက်စစ်မှူးကြီးက ဒီရာသီအတွင်း ဂရင်းဝုဒ်နဲ့ တွဲဖက်ကစားစဥ် သူ့ကို

ဂိုးသွင်းခွင့် ဖန်တီးပေးမယ့်အစား ကိုယ်တိုင်ဂိုးကန်သွင်းဖို့ပဲ ပစ်မှတ်ထားနေခဲ့တဲ့

အင်္ဂလန်တိုက်စစ်မှူးရဲ့လုပ်ရပ်တွေကိုလည်း သဘောကျဟန် မရှိပါဘူး ။

ယူနိုက်တက်က သူတို့ ( ၂ ) ဦးကို တွဲဖက်အသုံးပြုခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ

( ၂-၀ ) ရလာဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီး ဂွာဒီယိုလာရဲ့ အသင်းဘက်ကို

shot on target ( ၁ ) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Zawggyi

ေရာ္နယ္ဒိုကို ၾကည့္မရျဖစ္ေနတဲ့ ဂရင္းဝုဒ္

ရာဖ္ ရန္းနစ္ခ္ လက္ေအာက္မွာ အရံကစားသမားအေနနဲ႔သာ ဆက္လက္ရွိ

ေနတဲ့ ေမဆန္ ဂရင္းဝုဒ္ဟာ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္

အသင္းအေပၚ လႊမ္းမိုးမႈႀကီးမားပုံကိုလည္း သေဘာမက်ေၾကာင္း The Mirror

သတင္းဌာနအရ သိရပါတယ္။

အသက္ ( ၂၀ ) အ႐ြယ္ ကစားသမားဟာ အိုေလ ဂန္းနား ဆိုးရွား လက္ေအာက္မွာ

အေရးပါသူျဖစ္ခဲ့ေပမယ့္ ရန္းနစ္ခ္ လက္ထက္မွာေတာ့ ဦးစားေပးကစားသမား

စာရင္းရဲ႕ ေနာက္ပိုင္းကို ေရာက္ရွိသြားခဲ့ပါတယ္။

ဂရင္းဝုဒ္က ယန္းဘြိဳင္းစ္နဲ႔ ( ၁-၁ ) သေရက်ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ သြင္းဂိုး

ရယူႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ အရံကစားသမားအေနနဲ႔သာ

ဆက္ရွိေနခဲ့ပါတယ္။

El Nacional အရ သူဟာ ပြဲကစားခြင့္ ေလ်ာ့နည္းျခင္း ႏွင့္ အသင္းရဲ႕ ပြဲထြက္

လူစာရင္းမွာ ေရာ္နယ္ဒိုနာမည္က အၿမဲတမ္း ထိပ္ဆုံး၌ ရွိေနျခင္းတို႔အေပၚ

စိတ္ပ်က္လ်က္ရွိေၾကာင္း သိရပါတယ္။

အဆိုပါ သတင္းက ဂရင္းဝုဒ္ဟာ ( ၅ ) ႀကိမ္ေျမာက္ ဘလြန္းဒီေအာဆုရွင္က

အခ်ိန္တိုအတြင္း မန္ယူႏိုက္တက္ အဝတ္လဲခန္းကို ထိန္းခ်ဳပ္လာတဲ့အေပၚ

ေပ်ာ္႐ႊင္ျခင္း မရွိေၾကာင္း ဆိုပါတယ္။

ဂရင္းဝုဒ္ ႏွင့္ ေရာ္နယ္ဒိုတို႔ဟာလည္း ယခင္ကလည္း အလားတူအျဖစ္အပ်က္

ေတြ ရွိခဲ့ၿပီး ေပၚတူဂီတိုက္စစ္မႉးက လီဗာပူးလ္ကို ( ၅-၀ ) အေရးနိမ့္ခဲ့တဲ့

ပြဲစဥ္အၿပီး ယူႏိုက္တက္ လူငယ္ကစားသမားေတြကို ေမးခြန္းထုတ္ခဲ့ဖူးပါတယ္။

ဝါရင့္တိုက္စစ္မႉးႀကီးက ဒီရာသီအတြင္း ဂရင္းဝုဒ္နဲ႔ တြဲဖက္ကစားစဥ္ သူ႔ကို

ဂိုးသြင္းခြင့္ ဖန္တီးေပးမယ့္အစား ကိုယ္တိုင္ဂိုးကန္သြင္းဖို႔ပဲ ပစ္မွတ္ထားေနခဲ့တဲ့

အဂၤလန္တိုက္စစ္မႉးရဲ႕လုပ္ရပ္ေတြကိုလည္း သေဘာက်ဟန္ မရွိပါဘူး ။

ယူႏိုက္တက္က သူတို႔ ( ၂ ) ဦးကို တြဲဖက္အသုံးျပဳခဲ့တဲ့ မန္ခ်က္စတာ ဒါဘီမွာ

( ၂-၀ ) ရလာဒ္နဲ႔ အရွက္တကြဲ အေရးနိမ့္ခဲ့ၿပီး ဂြာဒီယိုလာရဲ႕ အသင္းဘက္ကို

shot on target ( ၁ ) ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။