
မန်ယူအသင်းဟာ ဇန်နဝါရီဈေးကွက်မှာပြင်သစ်ကြယ်ပွင့်အမ်ဘာပီကို ခေါ်ယူဖို့ စိတ်အားထက်သန်လာခဲ့ပြီဖြစ်ကြောင်း The Mirror သတင်းစာကဖော်ပြလာပါတယ်။





ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ရော်နယ်ဒိုနဲ့လမ်းခွဲခဲ့တဲ့ မန်ယူအသင်းဟာ တိုက်စစ်မှူးသစ် ပရောဂျက်ကိုအမြန်ဆုံးအကောင်အထည်ဖော်ဖို့ရှိလာခဲ့ပြီဖြစ်တယ်။





သရဲနီတာဝန်ရှိသူတွေဟာ ပီအက်စ်ဂျီ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ကျော်အထိသုံးစွဲဖို့ရည်ရွယ်ထားပြီး အသင်းမှာရော်နယ်ဒိုခံစားခွင့်ရခဲ့တဲ့
တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ နဲ့အလားတူပုံစံ ပေးချေသွားဖို့ရှိနေတာဖြစ်တယ်။ ဒီအပြောင်းအရွှေ့ အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ မန်ယူရဲ့တိုက်စစ်ကို
အကျိုးသက်ရောက်မှုများစွာရှိလာနိုင်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ အသက် ၂၃နှစ်အရွယ်မှာ ကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်ထားနိုင်သလို သြစတြေးလျနဲ့ကစားခဲ့တဲ့





ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အလန်းစားခြေစွမ်းပြနိုင်ခဲ့သူဖြစ်တယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက် ၂၂၁ ဂိုးအထိ သွင်းယူထားတဲ့ အမ်ဘာပီဟာ
မန်ယူတိုက်စစ်အတွက် လာခြင်းကောင်းတဲ့ ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။ တန်ဟတ်ဘက်က ဇန်နဝါရီမှာ အမ်ဘာပီကိုအရခေါ်နိုင်ခဲ့မယ်ဆိုရင်တော့





ပရီးမီးယားလိဂ်မှာ သရဲနီတွေရဲ့အရှိန်အဝါကြီးမားလာနိုင်သလို လက်ကျန်ရာသီအတွက်သက်ရောက်မှုကြီးမားလာနိုင်တာသေချာနေပါတယ်။
(Zawgyi)





ေရာ္နယ္ဒိုကိုရွင္းထုတ္ၿပီးေနာက္ ဇန္နဝါရီေဈးကြက္မွာ အမ္ဘာပီကို ဆြဲစားေတာ့မယ့္ မန္ယူ
မန္ယူအသင္းဟာ ဇန္နဝါရီေဈးကြက္မွာျပင္သစ္ၾကယ္ပြင့္အမ္ဘာပီကိုေခၚယူဖို႔ စိတ္အားထက္သန္လာခဲ့ၿပီျဖစ္ေၾကာင္း The Mirror သတင္းစာကေဖာ္ျပလာပါတယ္။





ၿပီးခဲ့တဲ့အဂၤါေန႔မွာ ေရာ္နယ္ဒိုနဲ႔လမ္းခြဲခဲ့တဲ့ မန္ယူအသင္းဟာ တိုက္စစ္မႉးသစ္ပေရာဂ်က္ကိုအျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ရွိလာခဲ့ၿပီျဖစ္တယ္။ သရဲနီတာဝန္ရွိသူေတြဟာ
ပီအက္စ္ဂ်ီတိုက္စစ္မႉးအတြက္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၅၀ ေက်ာ္အထိသုံးစြဲဖို႔ရည္႐ြယ္ထားၿပီး အသင္းမွာေရာ္နယ္ဒိုခံစားခြင့္ရခဲ့တဲ့ တစ္ပတ္လုပ္ခ ေပါင္ ၅၀၀၀၀၀ နဲ႔
အလားတူပုံစံေပးေခ်သြားဖို႔ရွိေနတာျဖစ္တယ္။ ဒီအေျပာင္းအေ႐ႊ႕အေကာင္အထည္ေဖာ္ႏိုင္ခဲ့ရင္ေတာ့ မန္ယူရဲ႕တိုက္စစ္ကိုအက်ိဳးသက္ေရာက္မႈမ်ားစြာရွိလာႏိုင္ပါတယ္။





ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ အသက္ ၂၃ႏွစ္အ႐ြယ္မွာ ကမာၻ႔ခ်န္ပီယံအျဖစ္ရပ္တည္ထားႏိုင္သလို ၾသစေၾတးလ်နဲ႔ကစားခဲ့တဲ့ ကမာၻ႔ဖလားအုပ္စုပြဲစဥ္မွာ အလန္းစားေျခစြမ္းျပႏိုင္ခဲ့သူျဖစ္တယ္။
ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝတစ္ေလွ်ာက္ ၂၂၁ဂိုးအထိသြင္းယူထားတဲ့ အမ္ဘာပီဟာ မန္ယူတိုက္စစ္အတြက္လာျခင္းေကာင္းတဲ့ကစားသမားျဖစ္လာဖို႔ရွိေနပါတယ္။ တန္ဟတ္ဘက္က ဇန္နဝါရီမွာ





အမ္ဘာပီကိုအရေခၚႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ပရီးမီးယားလိဂ္မွာ သရဲနီေတြရဲ႕အရွိန္အဝါႀကီးမားလာႏိုင္သလို လက္က်န္ရာသီအတြက္သက္ေရာက္မႈႀကီးမားလာႏိုင္တာေသခ်ာေနပါတယ္။