ရော်နယ်ဒိုကိုပြန်ခေါ်ယူတာကိုကအမှားတစ်ခုပါလို့ ဂျေမီကာရေဂါ ပြောကြား

ဂျေမီကာရေဂါကယူနိုက်တက်အနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုအား

ဆက်ထိန်းပါကကြီးမားတဲ့အမှားတစ်ခုဖြစ်လာမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းက

ခြောက်ပွဲဆက်ဂိုးပေါက်ပျောက်မှုကိုအဆုံးသတ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ကာရေဂါကယူနိုက်တက်အတွက်၁၅ဂိုးသွင်းထားတဲ့

ရော်နယ်ဒိုရဲ့စွမ်းဆောင်မှုမှာလုံလောက်ခြင်းမရှိကြောင်းဆိုသွားပါတယ်။

ကာရေဂါက “ပြီးခဲ့တဲ့နွေတုန်းကရော်နယ်ဒိုကိုပြန်ခေါ်ယူတာကိုကအမှားတစ်ခုပါ။

လာမယ့်ရာသီအထိဆက်ထိန်းထားမယ်ဆိုရင်ကြီးမားတဲ့

အမှားတစ်ခုဖြစ်လာပါမယ်”လို့ပြောကြားသွားပါတယ်။

ယခုရာသီတွင်ယူနိုက်တက်အဝတ်အစားလဲခန်းအတွင်းပြဿနာများရှိရာ

ယင်းပြဿနာအားလုံးရဲ့ဗဟိုမှာခရစ္စတီယာနိုရော်နယ်ဒိုဖြစ်နေပါတယ်။

ကာရေဂါက “ဆူညံသံတွေအများကြီးထွက်ပေါ်နေတာ

ရော်နယ်ဒိုအနေနဲ့မျက်ကွယ်ပြုထားလို့မရပါဘူး။

ဘရန့်ဖို့ဒ်နဲ့ပရီးမီးယားလိဂ်ပွဲမှာလူစားဝင်ကစားရမှုအပေါ်

ရော်နယ်ဒိုရဲ့တုံ့ပြန်မှုကြောင့်ဆူညံသံထွက်လာတယ်။

စိတ်ပျက်စရာရလဒ်ထွက်လာတိုင်းရော်နယ်ဒိုဥမင်လှိုဏ်ခေါင်းသို့

ပြေးဆင်းသွားတိုင်းအသံထွက်လာတယ်။

ဒီတော့အသက်၃၇နှစ်ရှိကစားသမားမရှိတော့ရင်

ဘာအသံမှလည်းရှိလာတော့မှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

zawgyi

ေရာ္နယ္ဒိုကိုျပန္ေခၚယူတာကိုကအမွားတစ္ခုပါလို႔ ေဂ်မီကာေရဂါ ေျပာၾကား

ေဂ်မီကာေရဂါကယူႏိုက္တက္အေနျဖင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုအား

ဆက္ထိန္းပါကႀကီးမားတဲ့အမွားတစ္ခုျဖစ္လာမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဂၤါေန႔တုန္းက

ေျခာက္ပြဲဆက္ဂိုးေပါက္ေပ်ာက္မႈကိုအဆုံးသတ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ကာေရဂါကယူႏိုက္တက္အတြက္၁၅ဂိုးသြင္းထားတဲ့

ေရာ္နယ္ဒိုရဲ႕စြမ္းေဆာင္မႈမွာလုံေလာက္ျခင္းမရွိေၾကာင္းဆိုသြားပါတယ္။

ကာေရဂါက “ၿပီးခဲ့တဲ့ေႏြတုန္းကေရာ္နယ္ဒိုကိုျပန္ေခၚယူတာကိုကအမွားတစ္ခုပါ။

လာမယ့္ရာသီအထိဆက္ထိန္းထားမယ္ဆိုရင္ႀကီးမားတဲ့

အမွားတစ္ခုျဖစ္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ယခုရာသီတြင္ယူႏိုက္တက္အဝတ္အစားလဲခန္းအတြင္းျပႆနာမ်ားရွိရာ

ယင္းျပႆနာအားလုံးရဲ႕ဗဟိုမွာခရစၥတီယာႏိုေရာ္နယ္ဒိုျဖစ္ေနပါတယ္။

ကာေရဂါက “ဆူညံသံေတြအမ်ားႀကီးထြက္ေပၚေနတာ

ေရာ္နယ္ဒိုအေနနဲ႔မ်က္ကြယ္ျပဳထားလို႔မရပါဘူး။

ဘရန႔္ဖို႔ဒ္နဲ႔ပရီးမီးယားလိဂ္ပြဲမွာလူစားဝင္ကစားရမႈအေပၚ

ေရာ္နယ္ဒိုရဲ႕တုံ႔ျပန္မႈေၾကာင့္ဆူညံသံထြက္လာတယ္။

စိတ္ပ်က္စရာရလဒ္ထြက္လာတိုင္းေရာ္နယ္ဒိုဥမင္လႈိဏ္ေခါင္းသို႔

ေျပးဆင္းသြားတိုင္းအသံထြက္လာတယ္။

ဒီေတာ့အသက္၃၇ႏွစ္ရွိကစားသမားမရွိေတာ့ရင္

ဘာအသံမွလည္းရွိလာေတာ့မွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။