ရော်နယ်ဒိုကိုကျော်ပြီး ဖရက်ဒ်ကို သဘောကျနေသော ကာရစ်

ယူနိုက်တက်ဟာ ကြာသပတေးညမှာ အာဆင်နယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ

ပရီးမီးယားလိဂ်ပွဲ လက်ခံကစားရမှာဖြစ်ပါတယ်။

ယာယီနည်းပြအဖြစ် အသက် ၆၃ နှစ်ရှိ ဂျာမန်သားနည်းပြ ရန်းနစ်ခ်ကို

၆ လစာချုပ်နဲ့ ခန့်အပ်လိုက်ပြီးဖြစ်ပေမယ့်

အလုပ်ဗီဇာကိစ္စတွေ အဆင်မပြေသေးတာကြောင့် အင်္ဂလန်ကိုရောက်နေပေမယ့်

အာဆင်နယ်ပွဲကို မိုက်ကယ်ကာရစ်ကပဲ ဆက်လက်တာဝန်ယူသွားရမှာပါ။

ရန်းနစ်ခ် ယူနိုက်တက်မှာ နည်းပြဖို့အတွက်တော့ လာမယ့် တနင်္ဂနွေနေ့၊

အိမ်ကွင်းမှာကစားရမယ့် ပဲလေ့စ်နဲ့ပွဲမှာသာ

ယူနိုက်တက်ရဲ့နည်းပြခုံတန်းမှာ အစောဆုံး တာဝန်ယူရမယ့် အခြေအနေဖြစ်နေပါတယ်။

အာဆင်နယ်နဲ့ ကစားမယ့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို

ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့ရာမှာတော့ မိုက်ကယ်ကာရစ်ခ်က

ဦးဆောင်ဖြေကြားခဲ့သလို သူ့ကိုလည်း ချဲလ်ဆီးပွဲမှာ

ရော်နယ်ဒိုကို အရန်အဖြစ်သာအသုံးပြုခဲ့တဲ့ကိစ္စ၊

နည်းပြသစ် ရန်းနစ်ခ်နဲ့ ပတ်သက်တဲ့ မေးခွန်းပေါင်းစုံကို

မီဒီယာတွေက အမေးအများဆုံးဖြစ်ခဲ့ပါတယ်။

ကာရစ်ခ်ကတော့ ရော်နယ်ဒိုကို အရန်အဖြစ်သာအသုံးပြုခဲ့တဲ့ကိစ္စနဲ့

ပတ်သက်ပြီး မီဒီယာတွေကို ဒရာမာလာမခင်းနဲ့လို့

ခပ်ရင့်ရင့်တုံ့ပြန်ခဲ့သလို ရန်းနစ်နဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းဖြေသွားခဲ့ကာ

ဘရာဇီးကွင်းလယ်ကစားသမား ဖရက်ဒ်ကို အထူးအမွန်းတင် ချီးကျူးသွားခဲ့ပါတယ်။

ချဲလ်ဆီးပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ မထည့်ဘဲ

အရန်အဖြစ်သာအသုံးပြုခဲ့မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ကာရစ်က –

“ကွဲပြားခြားနားတဲ့ အကြောင်းအရာမျိုးစုံအတွက်

ဆုံးဖြတ်ချက်အမျိုးမျိုးကို ကျနော်တို့ချမှတ်ရပါတယ်။

အချို့သော ဆုံးဖြတ်ချက်တွေကျတော့လည်း

တစ်ခြားအရာတွေထက် ပိုပြီးသတင်းကြီးလွန်းတယ်။

ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက်ကို အဓိကကျတယ်လို့ မမြင်ဘူး။

ကစားသမားတွေကြားမှာလည်း အဲ့ဒိ ဆုံးဖြတ်ချက်က ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘူး။

ကျနော်တို့အားလုံး ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်။

ပွဲကလည်းအတိုင်းအတာတစ်ခုထိ အကောင်းဆုံးဖြစ်ခဲ့တယ်။

အဲဒီတော့ ဒရာမာတွေ လာမခင်းနဲ့ပေါ့ဗျာ” လို့တုံ့ပြန်ခဲ့တာပါ။

နည်းပြသစ် ရန်းနစ်ခ်နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လည်း

စကားမပြောရသေးသလို ရန်းနစ်ခ်နဲ့ ပတ်သက်တဲ့

နောက်ဆုံးအခြေအနေကိုလည်း ဘာမှ ပြောစရာမရှိဘူးလို့ ကာရစ်ကဆိုပါတယ်။

ရန်းနစ်ခ်ဟာ ဗီဇာရဖို့လိုအပ်တာတွေကိုလုပ်ဆောင်နေရဆဲဖြစ်ပြီး

သူ့ဘက်က အပိုင်းကတော့ ယူနိုက်တက် ကစားသမားတွေကို

ဗီလာရီးရဲလ်၊ချဲလ်ဆီးပွဲအတွက် အဆင်သင့်ဖြစ်အောင် လုပ်ပေးခဲ့သလို

အာဆင်နယ်ပွဲအတွက်လည်း အဆင်သင့်ဖြစ်အောင်

လုပ်ပေးဖို့သာရှိတယ်လို့ ကာရစ်က ဆိုပါတယ်။

ရန်းနစ်ခ်လက်အောက်မှာ လေ့လာသင်ယူယူဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး –

“ကစားသမားဖြစ်ဖြစ်၊ နည်းပြဖြစ်ဖြစ်၊ ဘယ်သူမဆို

ကိုယ်ပိုင်အတွေးအခေါ် အကြံကိုယ်စီတော့ အမြဲရှိကြပါတယ်။

ကျွန်တော်ကတော့ လေ့လာသင်ယူဖို့ကို အမြဲပြင်ဆင်ပြီးသားပါ။

ဒီသီတင်းပတ်အတွင်းမှာကိုပဲ အံ့ဩဖို့စရာကောင်းလောက်အောင်

အများကြီးလေ့လာသင်ယူခဲ့ရပါတယ်” လို့ ကာရစ်ကဆိုခဲ့ကာ

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ အရာပေါင်းစုံဖြစ်ခဲ့သလို စိန်ခေါ်မှုအသစ်တွေနဲ့

အသားကျအောင် လုပ်ခဲ့ရတယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

အာဆင်နယ်နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကာရစ်ခ်

အထူးချီးကျူးသွားခဲ့သူကတော့ ဖရက်ဒ်ပါ။

ဖရက်ဒ်ဟာ ဘရာဇီးမှာ ကစားပုံကောင်းသလောက်

ယူနိုက်တက် မှာ ညံ့နေလို့ ဝေဖန်ခံခဲ့ရသူပါ။

ကာရစ်ခ်ကိုင်ခဲ့တဲ့ ဗီလာရီးရဲလ်၊ ချဲလ်ဆီးပွဲတွေမှာ တော့

ဖရက်ဒ်ဟာ ပွဲထွက်လူစာရင်းကနေ ပွဲချိန်ပြည့် မိနစ်၉၀ စလုံးကစားခဲ့ရပြီး

ဖရက်ဒ်ကို ကာရစ်က ပြောင်းလဲပေးနိုင်ခဲ့တယ်လို့လည်း  ဗြိတိန်မီဒီယာတွေက

ချီးကျူးကြပါတယ်။ကာရစ်ကတော့ ဖရက်ဒ်နဲ့ ပတ်သက်ပြီး-

“ဘရာဇီးလို အသင်းမျိုးမှာ ပွဲထွက်ကစားသမားဖြစစ်နေတယ်ဆိုတာကိုက

သူ့ အဆင့်ကို ပြနေတာပါ။ ဒီထက်အများကြီးပိုတိုးတက်လာဖို့လည်း မျှော်လင့်တယ်။

ဖရက်ဒ်ကို တကယ် သဘောကျတယ်။ ချီးကျူးစရာအချက်တွေထဲကမှ

အဓိကအချက်တစ်ချက်က သူ့ရဲ့ ခံယူချက်သဘောထားပဲ။

သူက အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ချင်နေတယ်။

ပွဲထွက်ကစားသမားဖြစ်ဖို့ကိုလည်း အမြဲစိတ်ပိုင်းဖြတ်ထားတယ်။

ဗီလာရီးရဲယ်လ်ပွဲရဲ့ပထမပိုင်းမှာဆိုရင်လည်း သူ ခြေကျင်းဝတ်လည်သွားတယ်။

လူစားလဲရတဲ့ကစားသမားတွေအများကြီးဆိုတာကို ခင်ဗျားတို့လည်း မြင်တယ်။

ဒါပေမယ့် ဖရက်ဒ်ကတော့ ဒဏ်ရာရနေလျက်နဲ့ ပွဲပြီးတဲ့အထိ

ကစားသွားတယ်။ ဒိပုံစံမျိုးနဲ့ ဖရက်ဒ်က နောက်ပွဲ လွဲစရာ မရှိဘူး။

ဖရက်ဒ်က အသင်းအတွက်လိုအပ်နေတဲ့ခွန်အားတွေကို

ယူဆောင်လာတဲ့ ကစားသမားပါ။ ဗီလာရီးရဲယ်လ်နဲ့ပွဲမှာ ရော်နယ်လ်ဒို

သွင်းခဲ့တဲ့ဂိုးက သူ့ပတ်သက်မှုရှိခဲ့သလို မန်ဒီရဲ့ အမှားကနေ သူ ဂိုးရဖို့လည်း နီးစပ်ခဲ့သေးတယ်။

ဖရက်ဒ်က အသင်းအတွက် အများကြီးပေးဆပ်တဲ့ ကစားသမားဖြစ်ပြီး

သူ့ကို ကျွန်တော် တကယ်သဘောကျတယ်”လို့လည်း ချီးကျူးပြောကြားခဲ့ပါတယ်။

zawgyi

ေရာ္နယ္ဒိုကိုေက်ာ္ၿပီး ဖရက္ဒ္ကို သေဘာက်ေနေသာ ကာရစ္

ယူႏိုက္တက္ဟာ ၾကာသပေတးညမွာ အာဆင္နယ္ကို အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာ

ပရီးမီးယားလိဂ္ပြဲ လက္ခံကစားရမွာျဖစ္ပါတယ္။

ယာယီနည္းျပအျဖစ္ အသက္ ၆၃ ႏွစ္ရွိ ဂ်ာမန္သားနည္းျပ ရန္းနစ္ခ္ကို

၆ လစာခ်ဳပ္နဲ႔ ခန႔္အပ္လိုက္ၿပီးျဖစ္ေပမယ့္

အလုပ္ဗီဇာကိစၥေတြ အဆင္မေျပေသးတာေၾကာင့္ အဂၤလန္ကိုေရာက္ေနေပမယ့္

အာဆင္နယ္ပြဲကို မိုက္ကယ္ကာရစ္ကပဲ ဆက္လက္တာဝန္ယူသြားရမွာပါ။

ရန္းနစ္ခ္ ယူႏိုက္တက္မွာ နည္းျပဖို႔အတြက္ေတာ့ လာမယ့္ တနဂၤေႏြေန႔၊

အိမ္ကြင္းမွာကစားရမယ့္ ပဲေလ့စ္နဲ႔ပြဲမွာသာ

ယူႏိုက္တက္ရဲ႕နည္းျပခုံတန္းမွာ အေစာဆုံး တာဝန္ယူရမယ့္ အေျခအေနျဖစ္ေနပါတယ္။

အာဆင္နယ္နဲ႔ ကစားမယ့္ပြဲအတြက္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲကို

ဗုဒၶဟူးေန႔မွာ ျပဳလုပ္ခဲ့ရာမွာေတာ့ မိုက္ကယ္ကာရစ္ခ္က

ဦးေဆာင္ေျဖၾကားခဲ့သလို သူ႔ကိုလည္း ခ်ဲလ္ဆီးပြဲမွာ

ေရာ္နယ္ဒိုကို အရန္အျဖစ္သာအသုံးျပဳခဲ့တဲ့ကိစၥ၊

နည္းျပသစ္ ရန္းနစ္ခ္နဲ႔ ပတ္သက္တဲ့ ေမးခြန္းေပါင္းစုံကို

မီဒီယာေတြက အေမးအမ်ားဆုံးျဖစ္ခဲ့ပါတယ္။

ကာရစ္ခ္ကေတာ့ ေရာ္နယ္ဒိုကို အရန္အျဖစ္သာအသုံးျပဳခဲ့တဲ့ကိစၥနဲ႔

ပတ္သက္ၿပီး မီဒီယာေတြကို ဒရာမာလာမခင္းနဲ႔လို႔

ခပ္ရင့္ရင့္တုံ႔ျပန္ခဲ့သလို ရန္းနစ္နဲ႔ပတ္သက္ၿပီး ထိန္းထိန္းသိမ္းသိမ္းေျဖသြားခဲ့ကာ

ဘရာဇီးကြင္းလယ္ကစားသမား ဖရက္ဒ္ကို အထူးအမြန္းတင္ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးပြဲမွာ ေရာ္နယ္ဒိုကို ပြဲထြက္လူစာရင္းမွာ မထည့္ဘဲ

အရန္အျဖစ္သာအသုံးျပဳခဲ့မႈနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြကို ကာရစ္က –

“ကြဲျပားျခားနားတဲ့ အေၾကာင္းအရာမ်ိဳးစုံအတြက္

ဆုံးျဖတ္ခ်က္အမ်ိဳးမ်ိဳးကို က်ေနာ္တို႔ခ်မွတ္ရပါတယ္။

အခ်ိဳ႕ေသာ ဆုံးျဖတ္ခ်က္ေတြက်ေတာ့လည္း

တစ္ျခားအရာေတြထက္ ပိုၿပီးသတင္းႀကီးလြန္းတယ္။

ကြၽန္ေတာ္ကေတာ့ ဒီဆုံးျဖတ္ခ်က္ကို အဓိကက်တယ္လို႔ မျမင္ဘူး။

ကစားသမားေတြၾကားမွာလည္း အဲ့ဒိ ဆုံးျဖတ္ခ်က္က ဘာမွ ထူးထူးျခားျခား မျဖစ္ခဲ့ဘူး။

က်ေနာ္တို႔အားလုံး ေကာင္းမြန္စြာ ကစားႏိုင္ခဲ့တယ္။

ပြဲကလည္းအတိုင္းအတာတစ္ခုထိ အေကာင္းဆုံးျဖစ္ခဲ့တယ္။

အဲဒီေတာ့ ဒရာမာေတြ လာမခင္းနဲ႔ေပါ့ဗ်ာ” လို႔တုံ႔ျပန္ခဲ့တာပါ။

နည္းျပသစ္ ရန္းနစ္ခ္နဲ႔ ပတ္သက္ၿပီး သူကိုယ္တိုင္လည္း

စကားမေျပာရေသးသလို ရန္းနစ္ခ္နဲ႔ ပတ္သက္တဲ့

ေနာက္ဆုံးအေျခအေနကိုလည္း ဘာမွ ေျပာစရာမရွိဘူးလို႔ ကာရစ္ကဆိုပါတယ္။

ရန္းနစ္ခ္ဟာ ဗီဇာရဖို႔လိုအပ္တာေတြကိုလုပ္ေဆာင္ေနရဆဲျဖစ္ၿပီး

သူ႔ဘက္က အပိုင္းကေတာ့ ယူႏိုက္တက္ ကစားသမားေတြကို

ဗီလာရီးရဲလ္၊ခ်ဲလ္ဆီးပြဲအတြက္ အဆင္သင့္ျဖစ္ေအာင္ လုပ္ေပးခဲ့သလို

အာဆင္နယ္ပြဲအတြက္လည္း အဆင္သင့္ျဖစ္ေအာင္

လုပ္ေပးဖို႔သာရွိတယ္လို႔ ကာရစ္က ဆိုပါတယ္။

ရန္းနစ္ခ္လက္ေအာက္မွာ ေလ့လာသင္ယူယူဖို႔ ကိစၥေတြနဲ႔ ပတ္သက္ၿပီး –

“ကစားသမားျဖစ္ျဖစ္၊ နည္းျပျဖစ္ျဖစ္၊ ဘယ္သူမဆို

ကိုယ္ပိုင္အေတြးအေခၚ အႀကံကိုယ္စီေတာ့ အၿမဲရွိၾကပါတယ္။

ကြၽန္ေတာ္ကေတာ့ ေလ့လာသင္ယူဖို႔ကို အၿမဲျပင္ဆင္ၿပီးသားပါ။

ဒီသီတင္းပတ္အတြင္းမွာကိုပဲ အံ့ဩဖို႔စရာေကာင္းေလာက္ေအာင္

အမ်ားႀကီးေလ့လာသင္ယူခဲ့ရပါတယ္” လို႔ ကာရစ္ကဆိုခဲ့ကာ

ၿပီးခဲ့တဲ့ ၁၀ ရက္အတြင္းမွာ အရာေပါင္းစုံျဖစ္ခဲ့သလို စိန္ေခၚမႈအသစ္ေတြနဲ႔

အသားက်ေအာင္ လုပ္ခဲ့ရတယ္လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

အာဆင္နယ္နဲ႔ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ကာရစ္ခ္

အထူးခ်ီးက်ဴးသြားခဲ့သူကေတာ့ ဖရက္ဒ္ပါ။

ဖရက္ဒ္ဟာ ဘရာဇီးမွာ ကစားပုံေကာင္းသေလာက္

ယူႏိုက္တက္ မွာ ညံ့ေနလို႔ ေဝဖန္ခံခဲ့ရသူပါ။

ကာရစ္ခ္ကိုင္ခဲ့တဲ့ ဗီလာရီးရဲလ္၊ ခ်ဲလ္ဆီးပြဲေတြမွာ ေတာ့

ဖရက္ဒ္ဟာ ပြဲထြက္လူစာရင္းကေန ပြဲခ်ိန္ျပည့္ မိနစ္၉၀ စလုံးကစားခဲ့ရၿပီး

ဖရက္ဒ္ကို ကာရစ္က ေျပာင္းလဲေပးႏိုင္ခဲ့တယ္လို႔လည္း  ၿဗိတိန္မီဒီယာေတြက

ခ်ီးက်ဴးၾကပါတယ္။ကာရစ္ကေတာ့ ဖရက္ဒ္နဲ႔ ပတ္သက္ၿပီး-

“ဘရာဇီးလို အသင္းမ်ိဳးမွာ ပြဲထြက္ကစားသမားျဖစစ္ေနတယ္ဆိုတာကိုက

သူ႔ အဆင့္ကို ျပေနတာပါ။ ဒီထက္အမ်ားႀကီးပိုတိုးတက္လာဖို႔လည္း ေမွ်ာ္လင့္တယ္။

ဖရက္ဒ္ကို တကယ္ သေဘာက်တယ္။ ခ်ီးက်ဴးစရာအခ်က္ေတြထဲကမွ

အဓိကအခ်က္တစ္ခ်က္က သူ႔ရဲ႕ ခံယူခ်က္သေဘာထားပဲ။

သူက အသင္းရဲ႕အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္ခ်င္ေနတယ္။

ပြဲထြက္ကစားသမားျဖစ္ဖို႔ကိုလည္း အၿမဲစိတ္ပိုင္းျဖတ္ထားတယ္။

ဗီလာရီးရဲယ္လ္ပြဲရဲ႕ပထမပိုင္းမွာဆိုရင္လည္း သူ ေျခက်င္းဝတ္လည္သြားတယ္။

လူစားလဲရတဲ့ကစားသမားေတြအမ်ားႀကီးဆိုတာကို ခင္ဗ်ားတို႔လည္း ျမင္တယ္။

ဒါေပမယ့္ ဖရက္ဒ္ကေတာ့ ဒဏ္ရာရေနလ်က္နဲ႔ ပြဲၿပီးတဲ့အထိ

ကစားသြားတယ္။ ဒိပုံစံမ်ိဳးနဲ႔ ဖရက္ဒ္က ေနာက္ပြဲ လြဲစရာ မရွိဘူး။

ဖရက္ဒ္က အသင္းအတြက္လိုအပ္ေနတဲ့ခြန္အားေတြကို

ယူေဆာင္လာတဲ့ ကစားသမားပါ။ ဗီလာရီးရဲယ္လ္နဲ႔ပြဲမွာ ေရာ္နယ္လ္ဒို

သြင္းခဲ့တဲ့ဂိုးက သူ႔ပတ္သက္မႈရွိခဲ့သလို မန္ဒီရဲ႕ အမွားကေန သူ ဂိုးရဖို႔လည္း နီးစပ္ခဲ့ေသးတယ္။

ဖရက္ဒ္က အသင္းအတြက္ အမ်ားႀကီးေပးဆပ္တဲ့ ကစားသမားျဖစ္ၿပီး

သူ႔ကို ကြၽန္ေတာ္ တကယ္သေဘာက်တယ္”လို႔လည္း ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။