ရော်နယ်ဒိုကိုကမ္ဘာ့ဖလားရစေချင်တယ်လို့ ဂန္ထဝင်ဆန်ဆန်တုံ့ပြန်ခဲ့တဲ့ ဝိန်းရွန်နေး

ရော်နယ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့အင်တာဗျူးမှာ အသင်းဖော်ဟောင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ ထည့်သွင်းပြောဆိုခဲ့ပြီး ရက်ပိုင်းအကြာမှာတော့ ဝိန်းရွန်နေးက

လက်ရှိယူနိုက်တက်တိုက်စစ်မှူးကို ကမ္ဘာ့ဖလားရစေချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးနဲ့ ပတ်သတ်လို့ ဝေဖန်မှုဂယက်ထနေပြီး

ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်နဲပတ်သတ်တဲ့ သူ့ရဲ့အမွေအနှစ်ကို ကိုယ်တိုင်ပဲဖျက်စီးခဲ့ပြီလို့ အားလုံးကလက်ခံထားကြပါတယ်။ ရော်နယ်ဒိုရဲ့လုပ်ပုံက

ဝါးလုံးရှည်နဲ့ ပတ်မ်းလိုက်သလိုဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်း၊ တန်ဟတ်နဲ့ ရွန်နေးတို့အားလုံးဟာ သူ့အပေါ်လေးစားမှု လုံးဝမရှိပါဘူးလို့ ပွင့်ပွင့်လင်းလင်းဆိုခဲ့တာဖြစ်တယ်။

အများစုကတော့ ရွန်နေးဟာ ရော်နယ်ဒိုကိုပြင်းပြင်းထန်ထန် တုံ့ပြန်လာလိမ့်မယ်လို့ယူဆခဲ့ကြပေမဲ့ အထင်နဲ့အမြင်တော့လွဲသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းက ရော်နယ်ဒို ကမ္ဘာ့ဖလားဆွတ်ခူးတာကို မြင်ချင်ပါတယ်လို့ ဂန္ထဝင်ဆန်တဲ့မက်ဆေ့ချ်တစ်စောင် ပေးပို့လိုက်ချိန်မှာတော့ အားလုံးအံ့အားသင့်ခဲ့ရတာဖြစ်တယ်။

“အမွေအနှစ်တစ်ခုကို ချန်ထားရတော့မယ်ဆိုတဲ့စိတ်ကူးက သူ့ခေါင်းထဲကိုသေချာပေါက်ရောက်နေပါပြီ။ ကျွန်တော်လည်း ရော်နယ်ဒိုနဲ့ မက်ဆီ ကမ္ဘာ့ဖလားမှာအနိုင်ရတာကိုမြင်ချင်ပါတယ်။

ဒါက သူတို့ရဲ့မယုံကြည်နိုင်စရာကောင်းတဲ့ ပရော်ဖက်ရှင်ကစားသမားဘဝအတွက် ပြီးပြည့်စုံတဲ့အဆုံးသတ်ဖြစ်မှာပါ” လို့ Times of India နဲ့တွေ့ဆုံမှုမှာ ရွန်နေးက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

(Zawgyi)

ေရာ္နယ္ဒိုကိုကမာၻ႔ဖလားရေစခ်င္တယ္လို႔ ဂႏၴဝင္ဆန္ဆန္တုံ႔ျပန္ခဲ့တဲ့ ဝိန္း႐ြန္ေနး

ေရာ္နယ္ဒိုဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔အင္တာဗ်ဴးမွာ အသင္းေဖာ္ေဟာင္းနဲ႔ပတ္သတ္တဲ့အေၾကာင္းအရာေတြထည့္သြင္းေျပာဆိုခဲ့ၿပီးရက္ပိုင္းအၾကာမွာေတာ့ ဝိန္း႐ြန္ေနးက

လက္ရွိယူႏိုက္တက္တိုက္စစ္မႉးကို ကမာၻ႔ဖလားရေစခ်င္တယ္လို႔ဖြင့္ဟလိုက္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးနဲ႔ပတ္သတ္လို႔ေဝဖန္မႈဂယက္ထေနၿပီး

ေရာ္နယ္ဒိုဟာအိုးလ္ထရက္ဖို႔ဒ္နဲပတ္သတ္တဲ့ သူ႔ရဲ႕အေမြအႏွစ္ကိုကိုယ္တိုင္ပဲဖ်က္စီးခဲ့ၿပီလို႔ အားလုံးကလက္ခံထားၾကပါတယ္။

ေရာ္နယ္ဒိုရဲ႕လုပ္ပုံက ဝါးလုံးရွည္နဲ႔ပတ္မ္းလိုက္သလိုျဖစ္ခဲ့ၿပီး ယူႏိုက္တက္အသင္း၊ တန္ဟတ္နဲ႔ ႐ြန္ေနးတို႔အားလုံးဟာ

သူ႔အေပၚေလးစားမႈလုံးဝမရွိပါဘူးလို႔ ပြင့္ပြင့္လင္းလင္းဆိုခဲ့တာျဖစ္တယ္။ အမ်ားစုကေတာ့ ႐ြန္ေနးဟာ ေရာ္နယ္ဒိုကိုျပင္းျပင္းထန္ထန္တုံ႔ျပန္လာလိမ့္မယ္လို႔ယူဆခဲ့ၾကေပမဲ့

အထင္နဲ႔အျမင္ေတာ့လြဲသြားပါတယ္။ အဂၤလန္တိုက္စစ္မႉးေဟာင္းက ေရာ္နယ္ဒို ကမာၻ႔ဖလားဆြတ္ခူးတာကိုျမင္ခ်င္ပါတယ္လို႔ ဂႏၴဝင္ဆန္တဲ့မက္ေဆ့ခ်္တစ္ေစာင္ေပးပို႔လိုက္ခ်ိန္မွာေတာ့

အားလုံးအံ့အားသင့္ခဲ့ရတာျဖစ္တယ္။ “အေမြအႏွစ္တစ္ခုကို ခ်န္ထားရေတာ့မယ္ဆိုတဲ့စိတ္ကူးက သူ႔ေခါင္းထဲကိုေသခ်ာေပါက္ေရာက္ေနပါၿပီ။ ကြၽန္ေတာ္လည္း ေရာ္နယ္ဒိုနဲ႔

မက္ဆီ ကမာၻ႔ဖလားမွာအႏိုင္ရတာကိုျမင္ခ်င္ပါတယ္။ ဒါက သူတို႔ရဲ႕မယုံၾကည္ႏိုင္စရာေကာင္းတဲ့ ပေရာ္ဖက္ရွင္ကစားသမားဘဝအတြက္ ၿပီးျပည့္စုံတဲ့အဆုံးသတ္ျဖစ္မွာပါ” လို႔

Times of India နဲ႔ေတြ႕ဆုံမႈမွာ ႐ြန္ေနးက ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။