





နှစ်သင်းစလုံးဟာလက်ရှိ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ
ဘောက်ဆင်ဒေးပေးဂိုးအများဆုံးး(ကာဆယ် ၄၄ဂိုး၊





လက်စတာ ၃၆ဂိုး) ဖြစ်တာနဲ့အညီ ပွဲအစ ၃မိနစ်မှာတင်
ခရစ္စဝုဒ်ရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ငှက်ကျားတွေဦးဆောင်နိုင်ခဲ့ပါတယ်။
နောက်ထပ် ၄မိနစ်အကြာမှာတော့ အယ်လ်မီရွန်က ဘရူနိုဂွီမာရက်စ်နဲ့





အကောင်းဆုံးတွဲဖက်ပြီး ဧည့်သည်အတွက် ဒုတိယဂိုးဖန်တီး
ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် ပွဲချိန် ၃၂မိနစ်မှာ ဂျိုလင်တန်က





ခေါင်းတိုက်ဂိုးသွင်ယူပြီး ပထမပိုင်းမှာ အက်ဒီဟိုဝီရဲ့အသင်း
၃ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၂၁နှစ်အတွင်း
ခရစ္စမတ်ကာလမှာ အဆင့် ၃နေရာ တစ်ကျော့ပြန်ရပ်တည်နိုင်ခဲ့တဲ့





နယူးကာဆယ်ဟာ အဖွင့်လှနေခဲ့သလို နည်းပြအက်ဒီဟိုဝီကလည်း
ရော်ဂျာကိုအဝေးကွင်းသွားရောက်ရင်ဆိုင်ခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း





(၄ပွဲ) အနိုင်မရခဲ့ဘူးဆိုတဲ့မှတ်တမ်းကိုချေဖျက်နိုင်ခဲ့တာဖြစ်တယ်။
တစ်ဖက်မှာတော့ ရော်ဂျာဟာ ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပြည့်
အမှတ်တရပွဲမှာအလဲအကွဲဖြစ်ခဲ့တာပါ။ လက်စတာဟာ





ဒီရာသီမှာ သူတို့ထက်ရပ်တည်မှုမြင့်တဲ့အသင်းတွေနဲ့ရင်ဆိုင်ခဲ့တဲ့
၈ပွဲစလုံးနိုင်ပွဲပျောက်ခဲ့သလို ဒီပွဲမှာလည်း ငှက်ကျားတွေကို





ထပ်တူဒူးထောက်ပေးခဲ့ရတာဖြစ်တယ်။ ဒုတိယပိုင်းကစားလို့
မိနစ် ၈၀ အထိငှက်ကျားတွေလူစားမလဲဘဲအနိုင်သေချာအောင်
ထိန်းကစားခဲ့သလို ၈၃ မိနစ်နောက်ပိုင်းမှသာ မက်ဆီမင်၊





မာဖီနဲ့ ရစ်ချီတို့ကိုထည့်သွင်းပြီး ပွဲထိန်းခဲ့ပါတယ်။
ဘောက်ဆင်ဒေးညမှာတော့ ငှက်ကျားတွေဟာ မန်စီးတီးရဲ့





အဆင့် ၂ နေရာကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။
zawgyi





ေရာ္ဂ်ာကိုအေဝးကြင္းမွာအႏိုင္မရဘူးဆိုတဲ့မွတ္တမ္းကို ဟိုဝီေခ်ဖ်က္ၿပီး မန္စီးတီးရဲ႕အဆင့္ ၂ ေနရာကို ငွက္က်ားေတြ သိမ္းပိုက္ျပခဲ့
ႏွစ္သင္းစလုံးဟာလက္ရွိ ပရီးမီးယားလိဂ္အသင္းေတြထဲမွာ





ေဘာက္ဆင္ေဒးေပးဂိုးအမ်ားဆုံးး(ကာဆယ္ ၄၄ဂိုး၊
လက္စတာ ၃၆ဂိုး) ျဖစ္တာနဲ႔အညီ ပြဲအစ ၃မိနစ္မွာတင္
ခရစၥဝုဒ္ရဲ႕ပင္နယ္တီသြင္းဂိုးနဲ႔ ငွက္က်ားေတြဦးေဆာင္ႏိုင္ခဲ့ပါတယ္။





ေနာက္ထပ္ ၄မိနစ္အၾကာမွာေတာ့ အယ္လ္မီ႐ြန္က ဘ႐ူႏိုဂြီမာရက္စ္နဲ႔
အေကာင္းဆုံးတြဲဖက္ၿပီး ဧည့္သည္အတြက္ ဒုတိယဂိုးဖန္တီး





ေပးႏိုင္ခဲ့ျပန္ပါတယ္။ ဒါ့အျပင္ ပြဲခ်ိန္ ၃၂မိနစ္မွာ ဂ်ိဳလင္တန္က
ေခါင္းတိုက္ဂိုးသြင္ယူၿပီး ပထမပိုင္းမွာ အက္ဒီဟိုဝီရဲ႕အသင္း
၃ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံး ၂၁ႏွစ္အတြင္း





ခရစၥမတ္ကာလမွာ အဆင့္ ၃ေနရာ တစ္ေက်ာ့ျပန္ရပ္တည္ႏိုင္ခဲ့တဲ့
နယူးကာဆယ္ဟာ အဖြင့္လွေနခဲ့သလို နည္းျပအက္ဒီဟိုဝီကလည္း





ေရာ္ဂ်ာကိုအေဝးကြင္းသြားေရာက္ရင္ဆိုင္ခဲ့ ပရီးမီးယားလိဂ္ပြဲစဥ္တိုင္း
(၄ပြဲ) အႏိုင္မရခဲ့ဘူးဆိုတဲ့မွတ္တမ္းကိုေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္တယ္။
တစ္ဖက္မွာေတာ့ ေရာ္ဂ်ာဟာ ပရီးမီးယားလိဂ္ ပြဲ ၃၀၀ ျပည့္





အမွတ္တရပြဲမွာအလဲအကြဲျဖစ္ခဲ့တာပါ။ လက္စတာဟာ
ဒီရာသီမွာ သူတို႔ထက္ရပ္တည္မႈျမင့္တဲ့အသင္းေတြနဲ႔ရင္ဆိုင္ခဲ့တဲ့





၈ပြဲစလုံးႏိုင္ပြဲေပ်ာက္ခဲ့သလို ဒီပြဲမွာလည္း ငွက္က်ားေတြကို
ထပ္တူဒူးေထာက္ေပးခဲ့ရတာျဖစ္တယ္။ ဒုတိယပိုင္းကစားလို႔
မိနစ္ ၈၀ အထိငွက္က်ားေတြလူစားမလဲဘဲအႏိုင္ေသခ်ာေအာင္





ထိန္းကစားခဲ့သလို ၈၃ မိနစ္ေနာက္ပိုင္းမွသာ မက္ဆီမင္၊
မာဖီနဲ႔ ရစ္ခ်ီတို႔ကိုထည့္သြင္းၿပီး ပြဲထိန္းခဲ့ပါတယ္။





ေဘာက္ဆင္ေဒးညမွာေတာ့ ငွက္က်ားေတြဟာ မန္စီးတီးရဲ႕
အဆင့္ ၂ ေနရာကိုသိမ္းပိုက္ႏိုင္ခဲ့တာျဖစ္တယ္။