ဗီနီဇီယာ 🆚 ရိုးမား
ရိုးမား ကြေးအပြည့်မအောင်တာကြာပါပြီ။ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာ
၁ပွဲသာနိုင်ခဲ့ပြီး မော်ရင်ညို
လည်းဖိအားများသထက်များလာပါတယ်။ ဒီပွဲမှာလည်း ရိုးမား ၂ဂိုးပြတ်၊
မပြတ် အဓိကစဉ်းစားရ
မှာပါ။ ဗီနီဇီယာက နောက်ဆုံး ၆ပွဲမှာ ၂ပွဲသာရှုံးခဲ့ပေမယ့် ဒီရာသီတိုက်စစ်
အားအနည်းဆုံးအသင်းဖြစ်တာမို့ ရိုးမားခံစစ်ကို ဒုက္ခပေးဖို့မလွယ်ပါဘူး။
ဒီတစ်ပွဲတော့ ရိုးမားဂိုးပြတ်နိုင်ပွဲရပြီး လွတ်လွတ်ကျွတ်ကျွတ်အောင်ပွဲခံနိုင်မှာပါ။
ရွေးချယ်မှု – ရိုးမား
ဆမ်ဒိုးရီးယား 🆚 ဘိုလော့ဂ်နာ
နောက်ဆုံး ၇ပွဲမှာ ၅ပွဲရှုံးခဲ့တဲ့အထိ ဆမ်ဒိုးရီးယားအခြေအနေဆိုးနေတယ်။
ရှုံးခဲ့တဲ့ ၅ပွဲလုံး တစ်ပွဲအနည်းဆုံး ၃ဂိုးပေးခဲ့ရတာမို့ ခံစစ်ပိုင်းယိုယွင်းမှုကလည်း
အထင်အရှားပါပဲ။ ဘိုလော့ဂ်နာကလည်းအေစီမီလန်၊ နာပိုလီနဲ့ လာဇီယိုပြီးရင်
အိမ်ကွင်းအကောင်းဆုံးဖြစ်ပေမယ့် အဝေးကွင်း ၅ပွဲမှာ ၂မှတ်သာရခဲ့တာပါ။
နောက်ဆုံးအဝေးကွင်း ၄ပွဲမှာဆိုရင်၁၄ဂိုးပေးခဲ့ရတယ်။ အစဉ်အလာအရသာမက
ဒီရာသီနှစ်သင်းစလုံးရဲ့ခံစစ်ကလည်း ကိုယ်စီစိတ်မချရတာမို့ ဂိုးအပေါ်ရွေးတာ ပိုစိတ်ချရပါလိမ့်မယ်။
ရွေးချယ်မှု – ဂိုးအပေါ်
အူဒီးနီးစ် 🆚 ဆက်ဆူအိုလို
၈ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ အူဒီးနီးစ်ကတောင် ပြားစွန်းပြန်ပေးထားရတယ်။
အူဒီးနီးစ်ဟာ ကစားပုံအညံ့ကြီးမဟုတ်ပေမယ့် တိုက်စစ်အားနည်းမှုကြောင့်
နိုင်သင့်တဲ့ပွဲသရေ၊ သရေရသင့်တဲ့ပွဲရှုံး ဖြစ်နေတာပါ။ ဆက်ဆူအိုလိုကလည်း
ဂျူဗင်တပ်ကွင်းမှာနိုင်ခဲ့ပြီးမှ အမ်ပိုလီကွင်းမှာရှုံးခဲ့ပြန်တာမို့ ခြေစွမ်းအတက်
အကျမြန်လွန်းတာထင်ရှားတယ်။ ဆက်ဆူအိုလိုကဒီရာသီ အိမ်ကွင်းထက်
အဝေးကွင်းပိုစွာတာမှန်ပေမယ့် နိုင်ပွဲပြန်ရသင့်ပြီဖြစ်တဲ့ အူဒီးနီးစ်နဲ့စွန့်စားမယ်။
ရွေးချယ်မှု – အူဒီးနီးစ်
လာဇီယို 🆚 ဆလာနီတာနာ
လာဇီယိုလည်း ပိန်လိုက် ဖောင်းလိုက်နဲ့ ရှေ့ဆက်နေရတယ်။ ပြိုင်ပွဲစုံနောက်ဆုံး
၅ပွဲမှာ ၁ပွဲသာနိုင်ခဲ့တာမို့နည်းပြဆာရီလည်း ဖိအားများစပြုလာပါပြီ။ လာဇီယိုရဲ့
အိမ်ကွင်းရလဒ်ပိုင်းကတော့ စိတ်ချရတဲ့အဆင့်ထက်ပို့ပါတယ်။ ဒီရာသီပြိုင်ပွဲစုံ
အိမ်ကွင်း ၇ပွဲလုံးရှုံးပွဲမရှိသလိုရိုးမားနဲ့ အင်တာကိုတောင်နိုင်ခဲ့တာပါ။ တန်းတက်
ဆလာနီတာနာက ခံကန်အားတိုးတက်လာပေမယ့် အိုလံပီကိုမှာတော့ လာဇီယို
ပြုသမျှနုရဖို့များပါတယ်။ နိုင်ငံတကာရက်သတ္တပတ်ကို ဂိုးပြတ်နိုင်ပွဲနဲ့ လာဇီယို
ကြိုဆိုပါလိမ့်မယ်။
ရွေးချယ်မှု – လာဇီယို
နာပိုလီ 🆚 ဗီရိုနာ
အေစီမီလန်ပွဲကျပ်နေတာကို နာပိုလီ အခွင့်ကောင်းယူရမှာဖြစ်ပေမယ့်
ထင်သလောက်မလွယ်ပါဘူး။ ဗီရိုနာက နောက်ဆုံး ၈ပွဲမှာ ၁ပွဲသာရှုံးခဲ့သလို ရိုးမား၊
လာဇီယိုနဲ့ ဂျူဗင်တပ်ကိုတောင်အနိုင်ယူထားတာပါ။နာပိုလီမှာ အိုဆင်ဟန်နဲ့
အင်ဆစ်ဂ်နီ ပြန်ပါမှာဖြစ်ပေမယ့် နောက်ခံလူကူလီဘာလေပွဲပယ်ခံထားရပါတယ်။
ပြီးခဲ့တဲ့ရာသီကလည်း ဗီရိုနာကို နာပိုလီ ၂ကျော့စလုံးမနိုင်ခဲ့ဘူး။ ပွဲထွက်ခွင့်ရတဲ့
နောက်ဆုံး ၂ပွဲမှာ ၆ဂိုးသွင်းခဲ့တဲ့ ဆီမြွန်နီကိုလည်း နာပိုလီခံစစ် ခက်ခက်ခဲခဲထိန်း
ရမှာပါ။ ကပ်ရှုံးရင်တောင် တစ်ဝက်လောက်ရဦးမယ့်ဗီရိုနာကို စွန့်စားရွေးမယ်။
ရွေးချယ်မှု – ဗီရိုနာ
အေစီမီလန် 🆚 အင်တာမီလန်
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့်မီလန်ဒါဘီပွဲပါ။ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့
ပွဲမှန်ပေမယ့် အင်တာအတွက်ကပိုအရေးကြီးပါတယ်။ အခုတောင် အေစီမီလန်၊
နာပိုလီတို့နဲ့ ၇မှတ်ပြတ်နေပြီး ဒီပွဲရှုံးရင် ၁၀မှတ်ပြတ်သွားမှာမို့ချန်ပီယံအိပ်မက်
ထိခိုက်သွားမှာပါ။ ဒါကြောင့် အင်တာကတောင်ပြန်အကျောပေးထားရတာပါ။
နည်းပြ ဆီမွန်အင်ဇာဂီရဲ့အလှည့်ကျစနစ်ကလည်း အလုပ်ဖြစ်နေပြီးရလဒ်တွေ
တိုးတက်လာတာတွေ့ရတယ်။ အေစီမီလန်ကရှုံးပွဲမရှိသေးပေမယ့် တချို့ပွဲတွေမှာ
ကံတရားရဲ့ဖေးကူမှုရခဲ့တာ ငြင်းမရပါဘူး။ ခြေစွမ်းထက် ဖွင့်လှစ်မှုကို
ဦးစားပေးပြီး အင်တာမီလန်ကိုရွေးပေးချင်တယ်။
ရွေးချယ်မှု – အင်တာမီလန်
Zawgyi
ရောမ ၂သင်းနဲ့ တနင်္ဂနွေည စီးရီးအေအမေးပုစ္ဆာ (ကောင်းပိုင်)
ဗီနီဇီယာ 🆚 ရိုးမား
မပြတ် အဓိကစဉ်းစားရ
ရွေးချယ်မှု – ရိုးမား
လာဇီယို 🆚 ဆလာနီတာနာ
ကြိုဆိုပါလိမ့်မယ်။
ရွေးချယ်မှု – လာဇီယို
နာပိုလီ 🆚 ဗီရိုနာ
ရွေးချယ်မှု – ဗီရိုနာ
အေစီမီလန် 🆚 အင်တာမီလန်