ရောမမှာ မော်ရင်ညိုနဲ့ ရော်နယ်ဒိုတို့ ပြန်လည်လက်တွဲတော့မှာလား

သတင်းတွေရဲ့ဖော်ပြချက်အရ

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ
နည်းပြသစ် တန်ဟတ်ရဲ့စီမံကိန်းမှာ
သူပါဝင်တယ်လို့ မခံစားရတာကြောင့်
ယခုနွေရာသီအတွင်း အသင်းကနေ
ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကို
ပြန်ရောက်လာပြီးနောက် အသင်းအတွက်
၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်
အေဂျက်စ်နည်းပြဟောင်း တန်ဟတ်

ရောက်လာတာက အားလုံးကို
ပြောင်းလဲစေနိုင်ပါတယ်။
အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ
ရော်နယ်ဒိုဟာ ရာသီသစ်မတိုင်ခင်
ယူနိုက်တက်ကနေ ထွက်ခွာဖို့

ကြိုးစားနေပြီး အကျပိုင်းရောက်နေတဲ့
အသင်းကို ပြန်လည်ဆွဲတင်ဖို့
ကြိုးစားမယ့် တန်ဟတ်ရဲ့အစီအစဉ်တွေမှာ
သူပါဝင်လိမ့်မယ်လို့ မခံစားရကြောင်း သိရပါတယ်။
ရိုးမားနဲ့ စပို့တင်းလစ္စဘွန်းတို့က

ရော်နယ်ဒိုရဲ့ဖြစ်နိုင်ခြေရှိတဲ့ ကလပ်အသစ်
ဖြစ်လာနိုင်ပေမယ့် ပြောင်းရွှေ့ကြေး
ညှိနှိုင်းလို့ရမယ်ဆိုရင်တောင်
ရော်နယ်ဒိုရဲ့ တစ်ပတ်လုပ်ခလစာ
ပေါင် ၄၈၀၀၀၀ ကို အဲဒီအသင်း ၂သင်း

ဘယ်လိုပေးချေနိုင်မလဲဆိုတာက မရှင်းမလင်းဖြစ်နေပါတယ်။
ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရတာကလည်း
အသင်းကနေ ရော်နယ်ဒိုထွက်ခွာချင်နေတဲ့
အဓိကအကြောင်းရင်းတစ်ခုဖြစ်နေပြီး
သူ့အနေနဲ့ ကစားသမားဘ၀ နေဝင်ချိန်

ရောက်လာချိန်မှာ အမြင့်ဆုံးအဆင့်မှာပဲ
ဆက်လက်ကစားချင်နေပါတယ်။
အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ
ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ဟာ
ကစားသမားဖြစ်သူအတွက် အသင်းသစ်

ရှာဖွေနေပြီး ယူနိုက်တက်နည်းပြဟောင်း
မော်ရင်ညို ကိုင်တွယ်နေတဲ့ရိုးမားက
ဖြစ်နိုင်ခြေရှိတဲ့အသင်းအဖြစ် ထင်ပေါ်လာပါတယ်။
မန်ဒက်စ်က ရိုးမားနဲ့ ဆက်ဆံရေးကောင်းရှိသူဖြစ်ပြီး
မော်ရင်ညိုသာမက ဂိုးသမား ပက်ထရစ်စီယိုနဲ့

ကွင်းလယ်လူ ဆာဂျီယိုအိုလီဗီအဲရာတို့ကိုလည်း
အသင်းထံ ခေါ်ဆောင်လာခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ ရိုးမားကလည်း ချန်ပီယံလိဂ်ဝင်ခွင့်
ဆုံးရှုံးထားတဲ့အသင်းဖြစ်ပြီး ယူနိုက်တက်လိုပဲ
ရာသီသစ်မှာ ယူရိုပါလိဂ်ပဲဝင်ခွင့်ရထားပါတယ်။

ရော်နယ်ဒိုရဲ့ပထမဆုံးကလပ်ဖြစ်တဲ့
စပို့တင်းလစ္စဘွန်းကို ပြန်ရေးကလည်း
ဖြစ်နိုင်ခြေရှိနေပြီး စပို့တင်းက
ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားပါတယ်။

Zawgyi

ေရာမမွာ ေမာ္ရင္ညိဳနဲ႔ ေရာ္နယ္ဒိုတို႔ ျပန္လည္လက္တြဲေတာ့မွာလား
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ယူႏိုက္တက္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ

နည္းျပသစ္ တန္ဟတ္ရဲ႕စီမံကိန္းမွာ
သူပါ၀င္တယ္လုိ႔ မခံစားရတာေၾကာင့္
ယခုေႏြရာသီအတြင္း အသင္းကေန
ထြက္ခြာခ်င္ေနတယ္လုိ႔ သိရပါတယ္။
အသက္ ၃၇ ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ

ၿပီးခဲ့တဲ့ေႏြရာသီက ယူႏိုက္တက္ကို
ျပန္ေရာက္လာၿပီးေနာက္ အသင္းအတြက္
၂၄ ဂိုးအထိ သြင္းယူႏုိင္ခဲ့ေပမယ့္
ေအဂ်က္စ္နည္းျပေဟာင္း တန္ဟတ္
ေရာက္လာတာက အားလုံးကို

ေျပာင္းလဲေစႏိုင္ပါတယ္။
အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ
ေရာ္နယ္ဒိုဟာ ရာသီသစ္မတိုင္ခင္
ယူႏုိက္တက္ကေန ထြက္ခြာဖို႔
ႀကိဳးစားေနၿပီး အက်ပိုင္းေရာက္ေနတဲ့

အသင္းကို ျပန္လည္ဆြဲတင္ဖုိ႔
ႀကိဳးစားမယ့္ တန္ဟတ္ရဲ႕အစီအစဥ္ေတြမွာ
သူပါ၀င္လိမ့္မယ္လုိ႔ မခံစားရေၾကာင္း သိရပါတယ္။
ရိုးမားနဲ႔ စပို႔တင္းလစၥဘြန္းတို႔က
ေရာ္နယ္ဒိုရဲ႕ျဖစ္ႏိုင္ေျခရွိတဲ့ ကလပ္အသစ္

ျဖစ္လာႏိုင္ေပမယ့္ ေျပာင္းေရႊ႕ေၾကး
ညႇိႏိႈင္းလုိ႔ရမယ္ဆုိရင္ေတာင္
ေရာ္နယ္ဒိုရဲ႕ တစ္ပတ္လုပ္ခလစာ
ေပါင္ ၄၈၀၀၀၀ ကို အဲဒီအသင္း ၂သင္း
ဘယ္လုိေပးေခ်ႏိုင္မလဲဆုိတာက မရွင္းမလင္းျဖစ္ေနပါတယ္။

ယူႏုိက္တက္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္မရတာကလည္း
အသင္းကေန ေရာ္နယ္ဒိုထြက္ခြာခ်င္ေနတဲ့
အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ေနၿပီး
သူ႕အေနနဲ႔ ကစားသမားဘ၀ ေန၀င္ခ်ိန္
ေရာက္လာခ်ိန္မွာ အျမင့္ဆုံးအဆင့္မွာပဲ

ဆက္လက္ကစားခ်င္ေနပါတယ္။
အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ
ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္ဟာ
ကစားသမားျဖစ္သူအတြက္ အသင္းသစ္
ရွာေဖြေနၿပီး ယူႏုိက္တက္နည္းျပေဟာင္း

ေမာ္ရင္ညိဳ ကိုင္တြယ္ေနတဲ့ရိုးမားက
ျဖစ္ႏိုင္ေျခရွိတဲ့အသင္းအျဖစ္ ထင္ေပၚလာပါတယ္။
မန္ဒက္စ္က ရိုးမားနဲ႔ ဆက္ဆံေရးေကာင္းရွိသူျဖစ္ၿပီး
ေမာ္ရင္ညိဳသာမက ဂိုးသမား ပက္ထရစ္စီယိုနဲ႔
ကြင္းလယ္လူ ဆာဂ်ီယိုအိုလီဗီအဲရာတို႔ကိုလည္း

အသင္းထံ ေခၚေဆာင္လာခ့ဲသူျဖစ္ပါတယ္။
ဒါေပမဲ့ ရိုးမားကလည္း ခ်န္ပီယံလိဂ္၀င္ခြင့္
ဆုံးရံႈးထားတဲ့အသင္းျဖစ္ၿပီး ယူႏုိက္တက္လုိပဲ
ရာသီသစ္မွာ ယူရိုပါလိဂ္ပဲ၀င္ခြင့္ရထားပါတယ္။
ေရာ္နယ္ဒိုရဲ႕ပထမဆုံးကလပ္ျဖစ္တဲ့

စပို႔တင္းလစၥဘြန္းကို ျပန္ေရးကလည္း
ျဖစ္ႏိုင္ေျခရွိေနၿပီး စပို႔တင္းက
ရာသီသစ္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရထားပါတယ္။