ရောမမြို့မှာ ဂန္တဝင်မဆန်ခဲ့ဘဲ အဆုံးသတ်သွားခဲ့တဲ့ တော်တီရဲ့ အချစ်ဇာတ်လမ်း…

တော့တီဟာ ကစားသမားဘဝတစ်လျှောက်လုံးမှာ ရိုးမားတစ်သင်းတည်းအတွက်

သစ္စာရှိရှိကစားပေးခဲ့တဲ့ ရောမကလပ်ရဲ့ဂန္တဝင်သူရဲကောင်းတစ်ယောက်ဖြစ်ပေမဲ့

ချစ်ရေးချစ်ရာမှာတော့ သစ္စာမဲ့ခဲ့လို့ သူ့ရဲ့ချစ်ဇာတ်လမ်းက ဂန္တဝင်မဆန်ဘဲ

အဆုံးသတ်ခဲ့ရပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တော့တီဟာ

လက်ရှိမှာ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘလာစီနဲ့ နှစ်ပေါင်း ၂၀ အထိ

တွဲခုတ်လာခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာတော့ သူတို့နှစ်ယောက်ရဲ့

ဇာတ်လမ်းက တစ်ခန်းရပ်ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး

၃ နှစ်ကြာတဲ့နောက် လက်ထပ်ခဲ့ကြသလို သားသမီး ၃ ဦးအထိ

ထွန်းကားခဲ့တာဖြစ်တယ်။ ရိုးမားဂန္တဝင်ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးရာ

လေ့ကျင့်ရေးမှူးနဲ့ဖောက်ပြန်တာကို ဘလာစီမိသွားတဲ့နောက်တော့

သူတို့နှစ်ယောက်ပြတ်စဲသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တော့တီဟာ

မိန်းမတွေနဲ့ပက်သတ်လို့ခြေလှမ်းသွက်လာခဲ့သလို ပြီးခဲ့တဲ့

အောက်တိုဘာလမှာတော့ နိုမီဘော့ချီ ဆိုတဲ့ချစ်သူသစ်လေးကို

လူသိရှင်ကြားချပြခဲ့တာဖြစ်တယ်။ အခုအခါမှာတော့ တော့တီရဲ့

ဇနီးဟောင်းတစ်ဖြစ်လဲ အီတလီနာမည်ကျော်ရုပ်သံတင်ဆက်သူ

ဘလာစီဟာလည်း သူမရဲ့ချစ်သူသစ်ကိုပြန်ချပြခဲ့တာပါ။

ဘလာစီရဲ့ချစ်သူကတော့ ဂျာမနီစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့

ဘက်စတီယန်မူလာဆိုသူဖြစ်ပါတယ်။ တော့တီနဲ့ယှဉ်ရင်တော့

မူလာကိုလူသိနည်းကြပေမဲ့ ဂျာမန်သားဟာ ဘလာစီနဲ့အတူ

ပါရီမှာပျော်ရွှင်စွာဖြတ်သန်းခဲ့သလို မကြာသေးခင်တုန်းက

ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပါသေးတယ်။ အားလုံးကိုယ်စီ

ဖြစ်သွားခဲ့တဲ့နောက် တော့တီနဲ့ ဘလာစီတို့ရဲ့ချစ်ဇာတ်လမ်းက

ရောမမြို့မှာ ဂန္တဝင်မဆန်ဘဲအဆုံးသတ်သွားခဲ့ပြီလို့ ဆိုရုံမှတပါး…။

zawgyi

ေရာမၿမိဳ႕မွာ ဂႏၲဝင္မဆန္ခဲ့ဘဲ အဆုံးသတ္သြားခဲ့တဲ့ ေတာ္တီရဲ႕ အခ်စ္ဇာတ္လမ္း…

ေတာ့တီဟာ ကစားသမားဘဝတစ္ေလွ်ာက္လုံးမွာ ႐ိုးမားတစ္သင္းတည္းအတြက္

သစၥာရွိရွိကစားေပးခဲ့တဲ့ ေရာမကလပ္ရဲ႕ဂႏၲဝင္သူရဲေကာင္းတစ္ေယာက္ျဖစ္ေပမဲ့

ခ်စ္ေရးခ်စ္ရာမွာေတာ့ သစၥာမဲ့ခဲ့လို႔ သူ႔ရဲ႕ခ်စ္ဇာတ္လမ္းက ဂႏၲဝင္မဆန္ဘဲ

အဆုံးသတ္ခဲ့ရပါတယ္။ အသက္ ၄၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေတာ့တီဟာ

လက္ရွိမွာ အသက္ ၄၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘလာစီနဲ႔ ႏွစ္ေပါင္း ၂၀ အထိ

တြဲခုတ္လာခဲ့တာျဖစ္တယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ေႏြရာသီမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕

ဇာတ္လမ္းက တစ္ခန္းရပ္ခဲ့တာပါ။ ၂၀၀၂ ခုႏွစ္မွာ စတင္ေတြ႕ဆုံခဲ့ၿပီး

၃ ႏွစ္ၾကာတဲ့ေနာက္ လက္ထပ္ခဲ့ၾကသလို သားသမီး ၃ ဦးအထိ

ထြန္းကားခဲ့တာျဖစ္တယ္။ ႐ိုးမားဂႏၲဝင္ဟာ သူ႔ရဲ႕ပုဂၢိဳလ္ေရးရာ

ေလ့က်င့္ေရးမႉးနဲ႔ေဖာက္ျပန္တာကို ဘလာစီမိသြားတဲ့ေနာက္ေတာ့

သူတို႔ႏွစ္ေယာက္ျပတ္စဲသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေတာ့တီဟာ

မိန္းမေတြနဲ႔ပက္သတ္လို႔ေျခလွမ္းသြက္လာခဲ့သလို ၿပီးခဲ့တဲ့

ေအာက္တိုဘာလမွာေတာ့ ႏိုမီေဘာ့ခ်ီ ဆိုတဲ့ခ်စ္သူသစ္ေလးကို

လူသိရွင္ၾကားခ်ျပခဲ့တာျဖစ္တယ္။ အခုအခါမွာေတာ့ ေတာ့တီရဲ႕

ဇနီးေဟာင္းတစ္ျဖစ္လဲ အီတလီနာမည္ေက်ာ္႐ုပ္သံတင္ဆက္သူ

ဘလာစီဟာလည္း သူမရဲ႕ခ်စ္သူသစ္ကိုျပန္ခ်ျပခဲ့တာပါ။

ဘလာစီရဲ႕ခ်စ္သူကေတာ့ ဂ်ာမနီစီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္တဲ့

ဘက္စတီယန္မူလာဆိုသူျဖစ္ပါတယ္။ ေတာ့တီနဲ႔ယွဥ္ရင္ေတာ့

မူလာကိုလူသိနည္းၾကေပမဲ့ ဂ်ာမန္သားဟာ ဘလာစီနဲ႔အတူ

ပါရီမွာေပ်ာ္႐ႊင္စြာျဖတ္သန္းခဲ့သလို မၾကာေသးခင္တုန္းက

ထိုင္းႏိုင္ငံကိုလာေရာက္လည္ပတ္ခဲ့ပါေသးတယ္။ အားလုံးကိုယ္စီ

ျဖစ္သြားခဲ့တဲ့ေနာက္ ေတာ့တီနဲ႔ ဘလာစီတို႔ရဲ႕ခ်စ္ဇာတ္လမ္းက

ေရာမၿမိဳ႕မွာ ဂႏၲဝင္မဆန္ဘဲအဆုံးသတ္သြားခဲ့ၿပီလို႔ ဆို႐ုံမွတပါး…။