ရောနယ်ဒိုကို ဂုဏ်ယူကြောင်း ပြောလိုက်တဲ့ မာဆယ်လို

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ နော်ဝစ်ချ်နဲ့ပွဲမှာ

အသင်းအတွက်အနိုင်ဖြစ်စေမယ့် ဂိုးကိုထပ်မံသွင်းယူခဲ့ပြီးနောက်

သူအောင်ပွဲခံတဲ့ပုံကိုတင်ထားတဲ့ အင်စတာဂရမ်ပို့စ်အောက်မှာ မာဆယ်လိုက

မှတ်ချက်ရေးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာပွဲချိန် ၇၅ မိနစ်မှာ

ပင်နယ်တီကနေတစ်ဆင့် မန်ယူအတွက် ၃ မှတ်ရစေမယ့်ဂိုးကိုသွင်းယူနိုင်ခဲ့တာပါ။

ဒီဂိုး ကြောင့် စီရော်နယ်ဒိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာအနိုင်ဂိုးသွင်းယူနိုင်မှု

အများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ သလို မန်ယူဟာလည်း

ရန်းနစ်ခ်လက်ထက်မှာ ၂ ပွဲဆက်ပေးဂိုးမရှိခဲ့ဘဲ ခံစစ်ပိုင်းလည်းတိုးတက်လာခဲ့ပါတယ်။

မာဆယ်လိုနဲ့ စီရော်နယ်ဒိုတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ

ကစားဖော်တွေဖြစ်ခဲ့ကြပြီး သူတို့ကစားတဲ့အသင်းမတူ တော့ပေမယ့်

နှစ်ဦးကြားမှာနွေးထွေးတဲ့ ဆက်ဆံရေးရှိထားတုန်းပါဘဲ။

သူ့အင်စတာဂရမ်မှာဂိုးသွင်းပြီးအောင်ပွဲခံတဲ့ပုံနဲ့အတူ

စီရော်နယ်ဒိုက” လမ်းကြောင်းမှန်ပေါ်မှာနောက်တစ်ဆင့်ကိုတက်လှမ်း နိုင်ခြင်းပါ။

ကျွန်တော်တို့လိုချင်တဲ့အရာအတွက် ဘာလုပ်ရမလဲဆိုတာကိုလည်းသိပါတယ်။

ဒါဟာကျွန်တော်တို့အပေါ်ဘဲမူ တည်တာပါ။ သိပ်ကောင်းခဲ့ပါတယ်

ဘော်ဒါတွေရေ။ ဆက်သွားကြစို့ သရဲနီတွေ” လို့ စာရေးသားခဲ့ပါတယ်။

ဒီပို့စ်ကိုမြင်လိုက် ပြီးတဲ့မာဆယ်လိုဟာ သူ့ကစားဖော်ဟောင်းရဲ့ပို့စ်အောက်မှ

ာ မှတ်ချက်မရေးဘဲမနေနိုင်အောင်ဖြစ်ခဲ့ပြီး စီရော်နယ်ဒိုရဲ့

ဂိုးသွင်း စွမ်းရည်ကို တုန့်ဆိုင်းခြင်းမရှိဘဲ ဟာသနှောပြီးမှတ်ချက်ပေးခဲ့ပါတယ်။

မာဆယ်လိုက” စီရော်နယ်ဒိုရဲ့ပို့စ်ကိုကြည့်လိုက်တိုင်း ဂိုးတွေချည်းတွေ့နေရတယ်” လို့

ရေးသားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အင်စတာဂရမ်ပေါ်မှာ

ဝင်ငွေအကောင်းဆုံးကစားသမား လည်းဖြစ်ပြီး

သူဆီမှာ Followers ၃၇၆ သန်းတောင်ရှိထားပါတယ်။

zawgyi

ေရာနယ္ဒိုကို ဂုဏ္ယူေၾကာင္း ေျပာလိုက္တဲ့ မာဆယ္လို

မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ေနာ္ဝစ္ခ်္နဲ႔ပြဲမွာ

အသင္းအတြက္အႏိုင္ျဖစ္ေစမယ့္ ဂိုးကိုထပ္မံသြင္းယူခဲ့ၿပီးေနာက္

သူေအာင္ပြဲခံတဲ့ပုံကိုတင္ထားတဲ့ အင္စတာဂရမ္ပို႔စ္ေအာက္မွာ မာဆယ္လိုက

မွတ္ခ်က္ေရးဂုဏ္ျပဳခဲ့တယ္လို႔ သိရပါတယ္။ စီေရာ္နယ္ဒိုဟာပြဲခ်ိန္ ၇၅ မိနစ္မွာ

ပင္နယ္တီကေနတစ္ဆင့္ မန္ယူအတြက္ ၃ မွတ္ရေစမယ့္ဂိုးကိုသြင္းယူႏိုင္ခဲ့တာပါ။

ဒီဂိုး ေၾကာင့္ စီေရာ္နယ္ဒိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာအႏိုင္ဂိုးသြင္းယူႏိုင္မႈ

အမ်ားဆုံး ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ သလို မန္ယူဟာလည္း

ရန္းနစ္ခ္လက္ထက္မွာ ၂ ပြဲဆက္ေပးဂိုးမရွိခဲ့ဘဲ ခံစစ္ပိုင္းလည္းတိုးတက္လာခဲ့ပါတယ္။

မာဆယ္လိုနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ

ကစားေဖာ္ေတြျဖစ္ခဲ့ၾကၿပီး သူတို႔ကစားတဲ့အသင္းမတူ ေတာ့ေပမယ့္

ႏွစ္ဦးၾကားမွာေႏြးေထြးတဲ့ ဆက္ဆံေရးရွိထားတုန္းပါဘဲ။

သူ႔အင္စတာဂရမ္မွာဂိုးသြင္းၿပီးေအာင္ပြဲခံတဲ့ပုံနဲ႔အတူ

စီေရာ္နယ္ဒိုက” လမ္းေၾကာင္းမွန္ေပၚမွာေနာက္တစ္ဆင့္ကိုတက္လွမ္း ႏိုင္ျခင္းပါ။

ကြၽန္ေတာ္တို႔လိုခ်င္တဲ့အရာအတြက္ ဘာလုပ္ရမလဲဆိုတာကိုလည္းသိပါတယ္။

ဒါဟာကြၽန္ေတာ္တို႔အေပၚဘဲမူ တည္တာပါ။ သိပ္ေကာင္းခဲ့ပါတယ္

ေဘာ္ဒါေတြေရ။ ဆက္သြားၾကစို႔ သရဲနီေတြ” လို႔ စာေရးသားခဲ့ပါတယ္။

ဒီပို႔စ္ကိုျမင္လိုက္ ၿပီးတဲ့မာဆယ္လိုဟာ သူ႔ကစားေဖာ္ေဟာင္းရဲ႕ပို႔စ္ေအာက္မွ

ာ မွတ္ခ်က္မေရးဘဲမေနႏိုင္ေအာင္ျဖစ္ခဲ့ၿပီး စီေရာ္နယ္ဒိုရဲ႕

ဂိုးသြင္း စြမ္းရည္ကို တုန႔္ဆိုင္းျခင္းမရွိဘဲ ဟာသေႏွာၿပီးမွတ္ခ်က္ေပးခဲ့ပါတယ္။

မာဆယ္လိုက” စီေရာ္နယ္ဒိုရဲ႕ပို႔စ္ကိုၾကည့္လိုက္တိုင္း ဂိုးေတြခ်ည္းေတြ႕ေနရတယ္” လို႔

ေရးသားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ အင္စတာဂရမ္ေပၚမွာ

ဝင္ေငြအေကာင္းဆုံးကစားသမား လည္းျဖစ္ၿပီး

သူဆီမွာ Followers ၃၇၆ သန္းေတာင္ရွိထားပါတယ္။