ရေဦးမှာ တစ်ချီခံလိုက်ရပေမဲ့ အောက်ခေါင်းအမိုက်နဲ့ပွဲသိမ်းပြခဲ့တဲ့ ကြက်ဖကြီးပြင်သစ်

နည်းပြဒက်စ်ချမ့်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားလူစာရင်းကို ဗဟိုခံစစ်တစ်စုံနဲ့ ကွင်းလယ်တစ်စုံသာအပြောင်းအလဲလုပ်ခဲ့ပြီး ပွဲထုတ်သွားခဲ့တာဖြစ်တယ်။

ပွဲအစမှာ ဂရေဟမ်အာနိုးရဲ့သြဇီက ပိုပြီးအလုပ်ဖြစ်ခဲ့သလို ပွဲချိန် ၉ မိနစ်မှာ လက်ကီညာတောင်ပံကဖြတ်တင်ပေးတဲ့ဘောလုံးကို ဂွတ်ဝင်းက

အလိုက်သင့်ပြေးဝင်ပိတ်သွင်းပြီး သြစတြေးလျအတွက်အဖွင့်ဂိုး စသွင်းပေးခဲ့ပါတယ်။ ပြင်သစ်ဟာ အဖွင့်ဂိုးခွင့်ပြုလိုက်ရသလို လက်ကီကိုတားဆီးရင်း

လူးကပ်စ်ဟာနန်ဒက်ဇ်ဒဏ်ရာရခဲ့လို့ နှစ်ကျပ်ကွက်မိသွားခဲ့ပါတယ်။ ညီအစ်ကိုချင်းလူစားလဲမှုအနေနဲ့ သီယိုဟာနန်ဒက်ဇ်ဝင်လာပြီးတဲ့နောက် အမ်ဘာပီက

အတင်းလှုပ်ကစားခဲ့သလို ၂၇ မိနစ်မှာတော့ လူစားဝင်လာတဲ့ သီယိုရဲ့ဖြတ်တင်ဘောကနေ ကွင်းလယ်လူရာဘီရော့က ခေါင်းတိုက်ဂိုးသွင်းယူပြီးပြန်လည်ချေပခဲ့ပါတယ်။

ကြက်ဖတွေဟာ သြဇီရဲ့အားနည်းချက်ကိုအညှာကိုင်မိသွားခဲ့ပြီး တောင်ပံကနေဖြတ်တင်ဘောတွေနဲ့ဆက်တိုက်အလုပ်ပေးခဲ့ပါတယ်။ ၃၂ မိနစ်မှာ သြဇီနောက်ခံဘောလုံးထိန်းပုံမသေသပ်တာကတစ်ဆင့်

အမ်ဘာပီနဲ့ ရာဘီရော့တို့ one two ရိုက်ခဲ့ပြီး ရာဘီရော့ရဲ့ပေးပို့မှုကို ဂီရောက်ကအပိုင်ဆုံးသတ်ကာ ပြင်သစ်ကပွဲကိုပြန်လည်ဦးဆောင်သွားခဲ့ပါတယ်။ ဒုတိယပိုင်းတစ်လျှောက်လုံးကိုတော့

ပြင်သစ်ကဦးဆောင်ကစားသွားနိုင်ခဲ့ပြီး သြဇီနောက်ခံလူတွေဟာ ဖြတ်တင်ဘောတားဆီးရာမှာအတော်လေးအားနည်းခဲ့ပါတယ်။ ၆၈ မိနစ်မှာ ဒမ်ဘီလီရဲ့ပေးပို့မှုကို

အမ်ဘာပီကခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့လို့ ပြင်သစ်တတိယဂိုးရခဲ့သလို ပွဲချိန် ၇၁မိနစ်မှာ အမ်ဘာပီရဲ့ဖြတ်တင်ဘောကနေ ဂီရောက်ခေါင်းတိုက်ပြီး စတုတ္ထဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဂီရောက်ရဲ့ ဘိုင်စကယ်ကန်ချက်နဲ့ ဂရေ့ဇ်မန်းရဲ့ကန်ချက်တွေဂိုးဝင်ခဲ့ရင် ရလဒ်ပိုင်းကဒီထက်ပြန်သားဖို့တောင်ရှိခဲ့တာပါ။

(Zawgyi)

ေရဦးမွာတစ္ခ်ီခံလိုက္ရေပမဲ့ ေအာက္ေခါင္းအမိုက္နဲ႔ပြဲသိမ္းျပခဲ့တဲ့ ၾကက္ဖႀကီးျပင္သစ္

နည္းျပဒက္စ္ခ်မ့္စ္ဟာ ၂၀၁၈ ကမာၻ႔ဖလားလူစာရင္းကို ဗဟိုခံစစ္တစ္စုံနဲ႔ ကြင္းလယ္တစ္စုံသာအေျပာင္းအလဲလုပ္ခဲ့ၿပီး ပြဲထုတ္သြားခဲ့တာျဖစ္တယ္။ ပြဲအစမွာ ဂေရဟမ္အာႏိုးရဲ႕ၾသဇီကပိုၿပီးအလုပ္ျဖစ္ခဲ့သလို ပြဲခ်ိန္ ၉ မိနစ္မွာ

လက္ကီညာေတာင္ပံကျဖတ္တင္ေပးတဲ့ေဘာလုံးကို ဂြတ္ဝင္းက အလိုက္သင့္ေျပးဝင္ပိတ္သြင္းၿပီး ၾသစေၾတးလ်အတြက္အဖြင့္ဂိုးစသြင္းေပးခဲ့ပါတယ္။ ျပင္သစ္ဟာအဖြင့္ဂိုးခြင့္ျပဳလိုက္ရသလို

လက္ကီကိုတားဆီးရင္း လူးကပ္စ္ဟာနန္ဒက္ဇ္ဒဏ္ရာရခဲ့လို႔ႏွစ္က်ပ္ကြက္မိသြားခဲ့ပါတယ္။ ညီအစ္ကိုခ်င္းလူစားလဲမႈအေနနဲ႔ သီယိုဟာနန္ဒက္ဇ္ဝင္လာၿပီးတဲ့ေနာက္ အမ္ဘာပီကအတင္းလႈပ္ကစားခဲ့သလို ၂၇ မိနစ္မွာေတာ့

လူစားဝင္လာတဲ့ သီယိုရဲ႕ျဖတ္တင္ေဘာကေန ကြင္းလယ္လူရာဘီေရာ့ကေခါင္းတိုက္ဂိုးသြင္းယူၿပီးျပန္လည္ေခ်ပခဲ့ပါတယ္။ ၾကက္ဖေတြဟာ ၾသဇီရဲ႕အားနည္းခ်က္ကိုအညႇာကိုင္မိသြားခဲ့ၿပီး

ေတာင္ပံကေနျဖတ္တင္ေဘာေတြနဲ႔ဆက္တိုက္အလုပ္ေပးခဲ့ပါတယ္။ ၃၂ မိနစ္မွာ ၾသဇီေနာက္ခံေဘာလုံးထိန္းပုံမေသသပ္တာကတစ္ဆင့္ အမ္ဘာပီနဲ႔ ရာဘီေရာ့တို႔ one two ႐ိုက္ခဲ့ၿပီး

ရာဘီေရာ့ရဲ႕ေပးပို႔မႈကို ဂီေရာက္ကအပိုင္ဆုံးသတ္ကာ ျပင္သစ္ကပြဲကိုျပန္လည္ဦးေဆာင္သြားခဲ့ပါတယ္။ ဒုတိယပိုင္းတစ္ေလွ်ာက္လုံးကိုေတာ့ ျပင္သစ္ကဦးေဆာင္ကစားသြားႏိုင္ခဲ့ၿပီး ၾသဇီေနာက္ခံလူေတြဟာ

ျဖတ္တင္ေဘာတားဆီးရာမွာအေတာ္ေလးအားနည္းခဲ့ပါတယ္။ ၆၈ မိနစ္မွာ ဒမ္ဘီလီရဲ႕ေပးပို႔မႈကို အမ္ဘာပီကေခါင္းတိုက္ဂိုးသြင္းယူႏိုင္ခဲ့လို႔ ျပင္သစ္တတိယဂိုးရခဲ့သလို ပြဲခ်ိန္ ၇၁မိနစ္မွာ

အမ္ဘာပီရဲ႕ျဖတ္တင္ေဘာကေန ဂီေရာက္ေခါင္းတိုက္ၿပီး စတုတၳဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဂီေရာက္ရဲ႕ ဘိုင္စကယ္ကန္ခ်က္နဲ႔ ဂေရ႕ဇ္မန္းရဲ႕ကန္ခ်က္ေတြဂိုးဝင္ခဲ့ရင္ ရလဒ္ပိုင္းကဒီထက္ျပန္သားဖို႔ေတာင္ရွိခဲ့တာပါ။