ရေမီးအစုံလုပ်ပေးထားတာကို ချိုလိမ်စုပ် ဘူးမှုတ်လုပ်ပြနေတဲ့ ချဲလ်ဆီးကြောင့် တော့ဒ်ဘိုလေရဲ့ငွေတွေပလုံတော့မှာလား

ပေါ်တာရဲ့ ချဲလ်ဆီးကတော့ တန်းဆင်းဇုန်အထက်မှာရပ်တည်နေတဲ့

ဝက်စ်ဟမ်းနဲ့တစ်ဂိုးစီသရေကျပြီး လန်ဒန်ဒါဘီပွဲစဉ်မှာ တစ်မှတ်ယူပြီး

အိမ်ပြန်ခဲ့ရပါတယ်။ တိုက်စစ်စွမ်းဆောင်ရည်ကျနေတဲ့ ချဲလ်ဆီးဟာ

ဒီပွဲမှာ ရွက်ကုန်ဖွင့်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဖိလစ်၊ မူဒရစ်၊ မာဒူကီနဲ့

ကိုင်ဟာဗက်ဇ် တို့ပါဝင်တဲ့ တိုက်စစ်လိုင်းရဲ့ တန်ကြေးက ပေါင်သန်း

၂၀၀ လောက်အထိရှိနေတာဖြစ်တယ်။ ဂျာအိုဖိလစ်က ချဲလ်ဆီး

ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးရခဲ့ပေမဲ့ ပွဲကိုအသေမသတ်နိုင်ခဲ့သလို

ကစားသမားဟောင်း အီမာဆန်ရဲ့ဂိုးကြောင့် သရေနဲ့ပွဲသိမ်းခဲ့ရပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ အခွင့်အလမ်းကောင်းများစွာရရှိခဲ့ပြီး အလုပ်မဖြစ်ခဲ့တဲ့

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ပွဲမှာ ၁၄ မှတ်အထိဆုံးရှုံးခဲ့တာပါ။

အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားက ထွက်ခဲ့ရပြီဖြစ်တဲ့

အပြာရောင်တွေဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဒေါ့တ်မန်ကို

မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ ဒီရာသီကိုဖလားလက်မဲ့နဲ့အဆုံးသတ်ရဖို့

ရှိနေပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့နှစ်ရပ်မှာ ငွေသုံးကြမ်းပြခဲ့ပေမဲ့

ပိုင်ရှင်တော့ဒ်ဘိုလေရဲ့လုပ်ရပ်တွေက ရေပေါ်ပန်းချီဆွဲသလိုဖြစ်ခဲ့ပြီး

နောက်ဆုံး ၇ပွဲမှာ ၇ မှတ်သာရခဲ့တဲ့ သူ့အသင်းက အဆင့် ၄ အတွင်း

ရာသီသိမ်းနိုင်ဖို့ အင်မတန်မှခက်ခဲသွားပါပြီ။ အောက်တိုဘာလအတွင်းမှာ

ဘရန်ဖို့ဒ်နဲ့ သရေကျပြီးတဲ့နောက် အခုအချိန်အထိ ပရီးမီးယားလိဂ်

အဝေးကွင်းနိုင်ပွဲမရတော့သလို ကာဆယ်၊ ဘရိုက်တန်နဲ့ ဖူလ်ဟမ်ကိုရှုံးခဲ့တဲ့

ချဲလ်ဆီးဟာ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ခက်ခဲနေတယ်လို့ ဆိုရမယ်။

အထူးသဖြင့်တော့ ဒီရာသီ ပရီးမီးယားလိဂ် ၂၂ပွဲမှာ ၂၃ဂိုးသာ ယူထားနိုင်တဲ့

ချဲလ်ဆီးတိုက်စစ်လိုင်းကပြဿနာရှိနေတာဖြစ်တယ်။ တော့ဒ်ဘိုလေဟာ

ဇန်နဝါရီဈေးကွက်မှာ ပေါင်သန်း ၃၀၀ ကျော်သုံးထားသလို နောက်ဆုံးဈေးကွက်

နှစ်ခုမှာ ပေါင်သန်း ၆၀၀ နီးပါးနဲ့ ရေမီးအစုံနဲ့လိုတာဖြည့်ပေးခဲ့တာပါ။

ဒါပေမဲ့ ဂရေဟမ်ပေါ်တာရဲ့အသင်းက ချိုလိမ်စုပ်ဘူးမှုတ်

အနေအထားလောက်နဲ့ ရုပ်မထွက်သေးဘူးလို့ပဲဆိုရမှာပါ။

zawgyi

ေရမီးအစုံလုပ္ေပးထားတာကို ခ်ိဳလိမ္စုပ္ ဘူးမႈတ္လုပ္ျပေနတဲ့ ခ်ဲလ္ဆီးေၾကာင့္ ေတာ့ဒ္ဘိုေလရဲ႕ေငြေတြပလုံေတာ့မွာလား

ေပၚတာရဲ႕ ခ်ဲလ္ဆီးကေတာ့ တန္းဆင္းဇုန္အထက္မွာရပ္တည္ေနတဲ့

ဝက္စ္ဟမ္းနဲ႔တစ္ဂိုးစီသေရက်ၿပီး လန္ဒန္ဒါဘီပြဲစဥ္မွာ တစ္မွတ္ယူၿပီး

အိမ္ျပန္ခဲ့ရပါတယ္။ တိုက္စစ္စြမ္းေဆာင္ရည္က်ေနတဲ့ ခ်ဲလ္ဆီးဟာ

ဒီပြဲမွာ ႐ြက္ကုန္ဖြင့္ဖို႔ႀကိဳးစားခဲ့တာျဖစ္ၿပီး ဖိလစ္၊ မူဒရစ္၊ မာဒူကီနဲ႔

ကိုင္ဟာဗက္ဇ္ တို႔ပါဝင္တဲ့ တိုက္စစ္လိုင္းရဲ႕ တန္ေၾကးက ေပါင္သန္း

၂၀၀ ေလာက္အထိရွိေနတာျဖစ္တယ္။ ဂ်ာအိုဖိလစ္က ခ်ဲလ္ဆီး

ကစားသမားဘ၀ ပထမဆုံးသြင္းဂိုးရခဲ့ေပမဲ့ ပြဲကိုအေသမသတ္ႏိုင္ခဲ့သလို

ကစားသမားေဟာင္း အီမာဆန္ရဲ႕ဂိုးေၾကာင့္ သေရနဲ႔ပြဲသိမ္းခဲ့ရပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ အခြင့္အလမ္းေကာင္းမ်ားစြာရရွိခဲ့ၿပီး အလုပ္မျဖစ္ခဲ့တဲ့

ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး ၇ပြဲမွာ ၁၄ မွတ္အထိဆုံးရႈံးခဲ့တာပါ။

အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလားက ထြက္ခဲ့ရၿပီျဖစ္တဲ့

အျပာေရာင္ေတြဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ေဒါ့တ္မန္ကို

မေက်ာ္ျဖတ္ႏိုင္ဘူးဆိုရင္ေတာ့ ဒီရာသီကိုဖလားလက္မဲ့နဲ႔အဆုံးသတ္ရဖို႔

ရွိေနပါတယ္။ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ႏွစ္ရပ္မွာ ေငြသုံးၾကမ္းျပခဲ့ေပမဲ့

ပိုင္ရွင္ေတာ့ဒ္ဘိုေလရဲ႕လုပ္ရပ္ေတြက ေရေပၚပန္းခ်ီဆြဲသလိုျဖစ္ခဲ့ၿပီး

ေနာက္ဆုံး ၇ပြဲမွာ ၇ မွတ္သာရခဲ့တဲ့ သူ႔အသင္းက အဆင့္ ၄ အတြင္း

ရာသီသိမ္းႏိုင္ဖို႔ အင္မတန္မွခက္ခဲသြားပါၿပီ။ ေအာက္တိုဘာလအတြင္းမွာ

ဘရန္ဖို႔ဒ္နဲ႔ သေရက်ၿပီးတဲ့ေနာက္ အခုအခ်ိန္အထိ ပရီးမီးယားလိဂ္

အေဝးကြင္းႏိုင္ပြဲမရေတာ့သလို ကာဆယ္၊ ဘ႐ိုက္တန္နဲ႔ ဖူလ္ဟမ္ကိုရႈံးခဲ့တဲ့

ခ်ဲလ္ဆီးဟာ လမ္းေၾကာင္းမွန္ေပၚေရာက္ဖို႔ခက္ခဲေနတယ္လို႔ ဆိုရမယ္။

အထူးသျဖင့္ေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ ၂၂ပြဲမွာ ၂၃ဂိုးသာ ယူထားႏိုင္တဲ့

ခ်ဲလ္ဆီးတိုက္စစ္လိုင္းကျပႆနာရွိေနတာျဖစ္တယ္။ ေတာ့ဒ္ဘိုေလဟာ

ဇန္နဝါရီေဈးကြက္မွာ ေပါင္သန္း ၃၀၀ ေက်ာ္သုံးထားသလို ေနာက္ဆုံးေဈးကြက္

ႏွစ္ခုမွာ ေပါင္သန္း ၆၀၀ နီးပါးနဲ႔ ေရမီးအစုံနဲ႔လိုတာျဖည့္ေပးခဲ့တာပါ။

ဒါေပမဲ့ ဂေရဟမ္ေပၚတာရဲ႕အသင္းက ခ်ိဳလိမ္စုပ္ဘူးမႈတ္

အေနအထားေလာက္နဲ႔ ႐ုပ္မထြက္ေသးဘူးလို႔ပဲဆိုရမွာပါ။