ရေဗူးအမှတ်နဲ့ သေးဗူးကြီးသောက်မိခဲ့လို့ စိတ်တိုပြီးပရိသတ်ကိုပက်ဖျန်းလိုက်တဲ့ ဂိုးသမားအနီကတ်နဲ့ထုတ်ပယ်ခံရ

အပျော်တမ်းလိဂ်ကလပ် ဝါရင်တန်တောင်းအသင်းဂိုးသမားတိုနီသွမ်ပဆင်ဟာ ပရိသတ်ကိုသေးနဲ့ပက်ဖျန်းခဲ့တာကြောင့် အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။

ဝါရင်တန်နဲ့ ဂူလီဆေးအသင်းတို့ကစားခဲ့တဲ့ ဒီပွဲမှာတော့ အဝေးကွင်းပရိသတ်တစ်ယောက်ဟာ ဂိုးတိုင်ထောင့်က ဂိုးသမားရေဗူးနေရာမှာ ဆီးသွားထားတဲ့ဗူးနဲ့ အစားလဲထိုးခဲ့တာကို

ဗီဒီယိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဂိုးသမားသွမ်ပဆင်ဟာ ပရိသတ်လဲထားတာကိုမသိလိုက်တဲ့အတွက် သေးဗူးကြီးသောက်မိလိုက်ချိန်မှာတော့ ဒေါသအလွန်ထွက်ပြီး အဝေးကွင်းပရိသတ်ကို

ဆီးတွေနဲ့ပက်ဖျန်းခဲ့တာကြောင့် ပွဲချိန် ၆၁မိနစ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရတာဖြစ်တယ်။ ပွဲကစားချိန်အတွင်းမှာတော့ ဝါရင်တန်အသင်းက “သွမ်ပဆင် အဝတ်လဲခန်းဝင်တဲ့အချိန်မှာ

ပရိသတ်တစ်ယောက်ကရေဗူးထဲ ဆီးသွားခဲ့ဟန်ရှိပါတယ်။ သွမ်ပဆင်က ဒါကိုသောက်မိလိုက်တဲ့အခါမှာ ပရိသတ်ကလှမ်းပြောလိုက်တော့ သူကပြန်ပက်ခဲ့ပြီး အထုတ်ခံလိုက်ရပါတယ်” လို့တွစ်တာမှာ

ရေးသားခဲ့ပါတယ်။ ပရိသတ်လှည့်စားတာခံရပြီး အနီကတ်ထိခဲ့တဲ့ ဂိုးသမားသွမ်ပဆင်ကတော့ “ဒီနေ့မှာတော့ ကစားပွဲတွေကိုအချစ်ကုန်ခဲ့ပါပြီ။ တစ်ယောက်ယောက်က ငါ့ပုလင်းထဲကိုထည့်ခဲ့တယ်။

ဒါကြီးကိုသောက်မိပြီး တုံ့ပြန်ခွင့်မရှိဘူးလို့ပြောလိုက်တယ်၊ ငါကအရမ်းဒေါသကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ ဒီလူကျွန်တော့်ကိုလုပ်လိုက်တာက မိသားစုရဲ့ကျန်းမာရေးကိုထိခိုက်စေပြီး ဖျားနာတတ်ပါတယ်” လို့

တုံ့ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကိုသိခဲ့ပြီးနောက် ကစားသမားတွေဟာ သွပ်ပဆင်ရဲ့ဂိုးနောက်က ပရိသတ်တွေနဲ့စတင်ပြီးအချင်းများခဲ့ကြပါတယ်။ နောက်တော့ကွင်းလယ်ဒိုင်က ပရိသတ်ကို

ကစားကွင်းထဲကမောင်းထုတ်ခဲ့ပြီး ဂိုးသမားသွမ်ပဆင်ကို အနီကတ်ခဲ့ထုတ်ပယ်လိုက်တာဖြစ်တယ်။

(Zawgyi)

ေရဗူးအမွတ္နဲ႔ ေသးဗူးႀကီးေသာက္မိခဲ့လို႔ စိတ္တိုၿပီးပရိသတ္ကိုပက္ဖ်န္းလိုက္တဲ့ ဂိုးသမားအနီကတ္နဲ႔ထုတ္ပယ္ခံရ

အေပ်ာ္တမ္းလိဂ္ကလပ္ ဝါရင္တန္ေတာင္းအသင္းဂိုးသမားတိုနီသြမ္ပဆင္ဟာ ပရိသတ္ကိုေသးနဲ႔ပက္ဖ်န္းခဲ့တာေၾကာင့္ အနီကတ္နဲ႔ထုတ္ပယ္ခံလိုက္ရပါတယ္။ ဝါရင္တန္နဲ႔ ဂူလီေဆးအသင္းတို႔ကစားခဲ့တဲ့ ဒီပြဲမွာေတာ့

အေဝးကြင္းပရိသတ္တစ္ေယာက္ဟာ ဂိုးတိုင္ေထာင့္ကဂိုးသမားေရဗူးေနရာမွာ ဆီးသြားထားတဲ့ဗူးနဲ႔ အစားလဲထိုးခဲ့တာကို ဗီဒီယိုမွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္။ ဂိုးသမားသြမ္ပဆင္ဟာ ပရိသတ္လဲထားတာကိုမသိလိုက္တဲ့အတြက္

ေသးဗူးႀကီးေသာက္မိလိုက္ခ်ိန္မွာေတာ့ ေဒါသအလြန္ထြက္ၿပီး အေဝးကြင္းပရိသတ္ကို ဆီးေတြနဲ႔ပက္ဖ်န္းခဲ့တာေၾကာင့္ ပြဲခ်ိန္ ၆၁မိနစ္မွာ အနီကတ္နဲ႔ထုတ္ပယ္ခံလိုက္ရတာျဖစ္တယ္။ ပြဲကစားခ်ိန္အတြင္းမွာေတာ့

ဝါရင္တန္အသင္းက “သြမ္ပဆင္ အဝတ္လဲခန္းဝင္တဲ့အခ်ိန္မွာ ပရိသတ္တစ္ေယာက္ကေရဗူးထဲဆီးသြားခဲ့ဟန္ရွိပါတယ္။ သြမ္ပဆင္က ဒါကိုေသာက္မိလိုက္တဲ့အခါမွာ ပရိသတ္ကလွမ္းေျပာလိုက္ေတာ့

သူကျပန္ပက္ခဲ့ၿပီး အထုတ္ခံလိုက္ရပါတယ္” လို႔တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ပရိသတ္လွည့္စားတာခံရၿပီး အနီကတ္ထိခဲ့တဲ့ ဂိုးသမားသြမ္ပဆင္ကေတာ့ “ဒီေန႔မွာေတာ့ ကစားပြဲေတြကိုအခ်စ္ကုန္ခဲ့ပါၿပီ။

တစ္ေယာက္ေယာက္က ငါ့ပုလင္းထဲကိုထည့္ခဲ့တယ္။ ဒါႀကီးကိုေသာက္မိၿပီး တုံ႔ျပန္ခြင့္မရွိဘူးလို႔ေျပာလိုက္တယ္၊ ငါကအရမ္းေဒါသႀကီးတဲ့ ကစားသမားတစ္ေယာက္ပါ။

ဒီလူကြၽန္ေတာ့္ကိုလုပ္လိုက္တာက မိသားစုရဲ႕က်န္းမာေရးကိုထိခိုက္ေစၿပီး ဖ်ားနာတတ္ပါတယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ဒီျဖစ္စဥ္ကိုသိခဲ့ၿပီးေနာက္ ကစားသမားေတြဟာ

သြပ္ပဆင္ရဲ႕ဂိုးေနာက္က ပရိသတ္ေတြနဲ႔စတင္ၿပီးအခ်င္းမ်ားခဲ့ၾကပါတယ္။ ေနာက္ေတာ့ကြင္းလယ္ဒိုင္က ပရိသတ္ကို ကစားကြင္းထဲကေမာင္းထုတ္ခဲ့ၿပီး

ဂိုးသမားသြမ္ပဆင္ကို အနီကတ္ခဲ့ထုတ္ပယ္လိုက္တာျဖစ္တယ္။