ရူးလောက်တဲ့ ရာဘိုနာဂိုးအပါအဝင် တစ်ပွဲတည်း ၅ဂိုးသွင်းပြလိုက်တဲ့ ဘာလော့တယ်လီ

အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ တနင်္ဂနွေနေ့က

တစ်ပွဲတည်းမှာ ၅ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အဲဒီထဲမှာ
ရူးလောက်တဲ့ ရာဘိုနာသွင်းဂိုးလည်း ပါဝင်ခဲ့ပါတယ်။
မန်စီးတီးနဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီဟာ
တူရကီကလပ် အဒါနာဒီမီယာစပေါအသင်းမှာ ကစားနေတာဖြစ်ပြီး
တူရကီစူပါလိဂ်ရာသီပိတ်ပွဲစဉ်မှာ အမြဲတမ်းအမှတ်ရနေစေမယ့်

စွမ်းဆောင်မှုနဲ့အတူ ပရိသတ်တွေကို ရူးသွပ်စေခဲ့ပါတယ်။
ဘာလော့တယ်လီဟာ ဂေါ့ဇ်တီပီအသင်းကို ဒီမီယာစပေါအသင်း
၇-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ယောက်တည်း ၅ဂိုး
ယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာ အသင်းအတွက်
လိဂ် ၃၁ပွဲကစား ၁၈ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဘာလော့တယ်လီဟာ ပထမပိုင်းမှာ ၁၁ မိနစ်အတွင်း
ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာလည်း
စတုတ္ထမြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့အကောင်းဆုံးဂိုးက မလာသေးဘဲ
ပွဲချိန်မိနစ် ၇၀ ကျမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။

ဘာလော့တယ်လီဟာ ပွဲချိန်မိနစ် ၇၀မှာ ကွင်းလယ်ကနေ
ပေးပို့မှုကို အသာလေးထိန်းကာ ဂိုးဧရိယာထဲ
ဆွဲပြေးလာပြီး အဲဒီမှာ ပြိုင်ဘက်နောက်ခံလူကို
ခြေယောင်ပြတာ ဂကြိမ်တောင်ရှိခဲ့ပါတယ်။
အဲဒီမှာ ဂေါ့ဇ်တီပီနောက်ခံလူလည်း ဘယ်ကို

လိုက်ရမှန်း တွေဝေနေတုန်း ဘာလော့တယ်လီက
ဘယ်ဘက်ကို ဘောစထုတ်ကာ ဘယ်ခြေနဲ့
ထောင့်ဖြတ်သွင်းမလိုနဲ့ ရာဘိုနာပုံစံအတိုင်း
ညာခြေနဲ့ ခြေထောက်လိမ်ကာ သွင်းယူခဲ့ပါတယ်။
ပရိသတ်တွေကလည်း ပွဲအပြီးမှာ လူမှုမီဒီယာကနေ

ဘာလော့တယ်လီရဲ့ ရာဘိုနာသွင်းဂိုးအပေါ် ချီးကျူးရေးသားခဲ့ပါတယ်။
”မာရီယိုဘာလော့တယ်လီဟာ ဘာလော့တယ်လီရဲ့
အကောင်းဆုံးဂိုးကို ဒီနေ့မှာ သွင်းပြသွားပါတယ်”
”ဒီဂိုးက ပြိုင်ဘက်တွေကို အရူးလုပ်လိုက်တာပါပဲ”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

ဘာလော့တယ်လီဟာ ဖီနာဘာချီကစားသမား
အဲလက်စ်ဒီဆိုဇာ (၂၀၁၁)နောက်ပိုင်း တူရကီလိဂ်မှာ
တစ်ပွဲတည်း ၅ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား
ဖြစ်လာပြီး ဒီမီယာစပေါအသင်းသမိုင်းတစ်လျှောက်
တူရကီစူပါလိဂ်မှာ တစ်ပွဲတည်း ၅ဂိုးသွင်းနိုင်တဲ့

ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။
ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့နွေရာသီက စီးရီးဘီကလပ်
မွန်ဇာကနေ ဒီမီယာစပေါအသင်းကို ရောက်လာတာဖြစ်ပြီး
စူပါလိဂ်တန်းတက်အသင်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒီမီယာစပေါအသင်းကို အေစီမီလန်နည်းပြဟောင်း

မွန်တဲလားက နည်းပြအဖြစ် တာဝန်ကိုင်တွယ်နေပြီး
ယခုရာသီ တူရကီစူပါလိဂ်မှာ အဆင့် ၉ နေရာ ရပ်တည်ခဲ့ပါတယ်။

Zawgyi

ရူးေလာက္တဲ့ ရာဘိုနာဂိုးအပါအ၀င္ တစ္ပြဲတည္း ၅ဂိုးသြင္းျပလုိက္တဲ့ ဘာေလာ့တယ္လီ
အီတလီတုိက္စစ္မွဴး ဘာေလာ့တယ္လီဟာ တနဂၤေႏြေန႔က
တစ္ပြဲတည္းမွာ ၅ဂိုးအထိ သြင္းယူႏုိင္ခဲ့ၿပီး အဲဒီထဲမွာ
ရူးေလာက္တဲ့ ရာဘိုနာသြင္းဂိုးလည္း ပါ၀င္ခဲ့ပါတယ္။
မန္စီးတီးနဲ႔ လီဗာပူးတုိက္စစ္မွဴးေဟာင္း ဘာေလာ့တယ္လီဟာ

တူရကီကလပ္ အဒါနာဒီမီယာစေပါအသင္းမွာ ကစားေနတာျဖစ္ၿပီး
တူရကီစူပါလိဂ္ရာသီပိတ္ပြဲစဥ္မွာ အၿမဲတမ္းအမွတ္ရေနေစမယ့္
စြမ္းေဆာင္မႈနဲ႔အတူ ပရိသတ္ေတြကို ရူးသြပ္ေစခဲ့ပါတယ္။
ဘာေလာ့တယ္လီဟာ ေဂါ့ဇ္တီပီအသင္းကို ဒီမီယာစေပါအသင္း
၇-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ေယာက္တည္း ၅ဂိုး

ယူႏုိင္ခဲ့တာျဖစ္ၿပီး ယခုရာသီမွာ အသင္းအတြက္
လိဂ္ ၃၁ပြဲကစား ၁၈ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။
ဘာေလာ့တယ္လီဟာ ပထမပိုင္းမွာ ၁၁ မိနစ္အတြင္း
ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး ပဲြခ်ိန္ ၆၁ မိနစ္မွာလည္း
စတုတၳေျမာက္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ သူ႕ရဲ႕အေကာင္းဆုံးဂိုးက မလာေသးဘဲ
ပြဲခ်ိန္မိနစ္ ၇၀ က်မွ ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့ပါတယ္။
ဘာေလာ့တယ္လီဟာ ပြဲခ်ိန္မိနစ္ ၇၀မွာ ကြင္းလယ္ကေန
ေပးပို႔မႈကို အသာေလးထိန္းကာ ဂိုးဧရိယာထဲ
ဆြဲေျပးလာၿပီး အဲဒီမွာ ၿပိဳင္ဘက္ေနာက္ခံလူကို

ေျခေယာင္ျပတာ ဂႀကိမ္ေတာင္ရွိခဲ့ပါတယ္။
အဲဒီမွာ ေဂါ့ဇ္တီပီေနာက္ခံလူလည္း ဘယ္ကို
လုိက္ရမွန္း ေတြေ၀ေနတုန္း ဘာေလာ့တယ္လီက
ဘယ္ဘက္ကို ေဘာစထုတ္ကာ ဘယ္ေျခနဲ႔
ေထာင့္ျဖတ္သြင္းမလုိနဲ႔ ရာဘိုနာပုံစံအတုိင္း

ညာေျခနဲ႔ ေျခေထာက္လိမ္ကာ သြင္းယူခဲ့ပါတယ္။
ပရိသတ္ေတြကလည္း ပြဲအၿပီးမွာ လူမႈမီဒီယာကေန
ဘာေလာ့တယ္လီရဲ႕ ရာဘုိနာသြင္းဂိုးအေပၚ ခ်ီးက်ဴးေရးသားခဲ့ပါတယ္။
”မာရီယိုဘာေလာ့တယ္လီဟာ ဘာေလာ့တယ္လီရဲ႕
အေကာင္းဆုံးဂိုးကို ဒီေန႔မွာ သြင္းျပသြားပါတယ္”

”ဒီဂိုးက ၿပိဳင္ဘက္ေတြကို အရူးလုပ္လုိက္တာပါပဲ”လုိ႔
ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
ဘာေလာ့တယ္လီဟာ ဖီနာဘာခ်ီကစားသမား
အဲလက္စ္ဒီဆုိဇာ (၂၀၁၁)ေနာက္ပိုင္း တူရကီလိဂ္မွာ
တစ္ပြဲတည္း ၅ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမား

ျဖစ္လာၿပီး ဒီမီယာစေပါအသင္းသမုိင္းတစ္ေလွ်ာက္
တူရကီစူပါလိဂ္မွာ တစ္ပြဲတည္း ၅ဂိုးသြင္းနိုင္တဲ့
ပထမဆုံးကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
ဘာေလာ့တယ္လီဟာ ၿပီးခဲ့တဲ့ေႏြရာသီက စီးရီးဘီကလပ္
မြန္ဇာကေန ဒီမီယာစေပါအသင္းကို ေရာက္လာတာျဖစ္ၿပီး

စူပါလိဂ္တန္းတက္အသင္းနဲ႔ ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။
ဒီမီယာစေပါအသင္းကို ေအစီမီလန္နည္းျပေဟာင္း
မြန္တဲလားက နည္းျပအျဖစ္ တာ၀န္ကိုင္တြယ္ေနၿပီး
ယခုရာသီ တူရကီစူပါလိဂ္မွာ အဆင့္ ၉ ေနရာ ရပ္တည္ခဲ့ပါတယ္။