
ချယ်လ်ဆီးအသင်းရဲ့ဂျာမန်လက်ရွေးစင်နောက်ခံလူရူဒီဂါကို ခေါ်ယူဖို့
စိတ်ဝင်စားနေကြတဲ့အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းလည်း
ထူးထူးခြားခြားပါဝင်လာပါပြီ။ ချယ်လ်ဆီးအသင်းခံစစ်မှာခြေစွမ်းပြနေတဲ့
ရူဒီဂါရဲ့လက်ရှိစာချုပ်က လာမယ့်နှစ်၊နွေရာသီကျရင်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး
အသင်းက စာချုပ်သက်တမ်းတိုးဖို့ကြိုးပမ်းနေပေမယ့် ကြန့်ကြာနေပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရူဒီဂါကို လာလီဂါထိပ်သီးရီးယဲလ်အသင်းက
မြင့်မားတဲ့လစာငွေနဲ့ခေါ်ယူဖို့ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရယူနိုင်တော့မယ်လို့
မကြာသေးခင်က သတင်းထွက်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အခု ဂျာမန်ရုပ်သံသတင်းဌာနဖြစ်တဲ့ Sky Sport က ယူနိုက်တက်အသင်းဟာလည်း
ရူဒီဂါကို ခေါ်ယူဖို့ကြိုးစားမယ့်အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်နေပြီလို့
ဖော်ပြခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ သူတို့ရဲ့အဓိကနောက်ခံလူကို
လက်လွတ်ခံဖို့ဆန္ဒမရှိဘဲ တစ်ပတ်ကို ပေါင်(၁၄၀,၀၀၀)အထိ
လစာငွေတိုးမြှင့်ပေးပြီးတော့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရိုးမားအသင်းဆီကနေ ချယ်လ်ဆီးအသင်းကိုပြောင်းရွှေ့ခဲ့သူ
ရူဒီဂါဟာ ချယ်လ်ဆီးကစားသမားဘဝ(၄)နှစ်တာကာလအတွင်း
ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊
ဥရောပစူပါဖလား၊ FA ဖလားတွေ ဆွတ်ခူးရရှိခဲ့ပါတယ်။ ရူဒီဂါအနေနဲ့
ချယ်လ်ဆီးအသင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းမှုကို
လက်မခံဘူးဆိုရင် လာမယ့်ဇန်နဝါရီလအပြောင်းအရွှေ့မှာ
ပြည်ပကလပ်အသင်းတစ်သင်းနဲ့ အပြောင်းအရွှေ့အကြိုသဘောတူညီခွင့်
ရယူနိုင်မှာဖြစ်ပြီး သူ့ကို ဘိုင်ယန်မြူးနစ်၊ PSG အသင်းတို့ကလည်း
ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
zawgyi
႐ူဒီဂါကို ေခၚယူဖို႔ အၿပိဳင္ႀကိဳးစားတဲ့အထဲ ယူႏိုက္တက္ပါ အံ့အားသင့္စရာပါဝင္လာ
ခ်ယ္လ္ဆီးအသင္းရဲ႕ဂ်ာမန္လက္ေ႐ြးစင္ေနာက္ခံလူ႐ူဒီဂါကို ေခၚယူဖို႔
စိတ္ဝင္စားေနၾကတဲ့အသင္းေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းလည္း
ထူးထူးျခားျခားပါဝင္လာပါၿပီ။ ခ်ယ္လ္ဆီးအသင္းခံစစ္မွာေျခစြမ္းျပေနတဲ့
႐ူဒီဂါရဲ႕လက္ရွိစာခ်ဳပ္က လာမယ့္ႏွစ္၊ေႏြရာသီက်ရင္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး
အသင္းက စာခ်ဳပ္သက္တမ္းတိုးဖို႔ႀကိဳးပမ္းေနေပမယ့္ ၾကန႔္ၾကာေနပါတယ္။
အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ႐ူဒီဂါကို လာလီဂါထိပ္သီးရီးယဲလ္အသင္းက
ျမင့္မားတဲ့လစာေငြနဲ႔ေခၚယူဖို႔ေဆြးေႏြးခဲ့ၿပီး သေဘာတူညီမႈရယူႏိုင္ေတာ့မယ္လို႔
မၾကာေသးခင္က သတင္းထြက္ခဲ့ပါေသးတယ္။
ဒါေပမဲ့ အခု ဂ်ာမန္႐ုပ္သံသတင္းဌာနျဖစ္တဲ့ Sky Sport က ယူႏိုက္တက္အသင္းဟာလည္း
႐ူဒီဂါကို ေခၚယူဖို႔ႀကိဳးစားမယ့္အသင္းေတြထဲမွာ တစ္သင္းအပါအဝင္ျဖစ္ေနၿပီလို႔
ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ သူတို႔ရဲ႕အဓိကေနာက္ခံလူကို
လက္လြတ္ခံဖို႔ဆႏၵမရွိဘဲ တစ္ပတ္ကို ေပါင္(၁၄၀,၀၀၀)အထိ
လစာေငြတိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။
၂၀၁၇ ခုႏွစ္တုန္းက ႐ိုးမားအသင္းဆီကေန ခ်ယ္လ္ဆီးအသင္းကိုေျပာင္းေ႐ႊ႕ခဲ့သူ
႐ူဒီဂါဟာ ခ်ယ္လ္ဆီးကစားသမားဘဝ(၄)ႏွစ္တာကာလအတြင္း
ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္၊
ဥေရာပစူပါဖလား၊ FA ဖလားေတြ ဆြတ္ခူးရရွိခဲ့ပါတယ္။ ႐ူဒီဂါအေနနဲ႔
ခ်ယ္လ္ဆီးအသင္းရဲ႕စာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းမႈကို
လက္မခံဘူးဆိုရင္ လာမယ့္ဇန္နဝါရီလအေျပာင္းအေ႐ႊ႕မွာ
ျပည္ပကလပ္အသင္းတစ္သင္းနဲ႔ အေျပာင္းအေ႐ႊ႕အႀကိဳသေဘာတူညီခြင့္
ရယူႏိုင္မွာျဖစ္ၿပီး သူ႔ကို ဘိုင္ယန္ျမဴးနစ္၊ PSG အသင္းတို႔ကလည္း
ပစ္မွတ္ထားေနတာျဖစ္ပါတယ္။