ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အနာဂတ်မသေမချာဖြစ်နေတဲ့ မော့ဆက်စ်ကို ခေါ်ယူရေး ဘန်လေရဲ့ကြိုးစားမှု ပိတ်ပင်ခံရ

ဘန်လေအသင်းဟာ စပါးတပ်မော်စကိုမှာ အနာဂတ်ပျောက်ဆုံးနေတဲ့

တောင်ပံကစားသမား ဗစ်တာမော့ဆက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်
ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ တားဆီးခြင်း ခံလိုက်ရပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်
ရုရှားကလပ်မှာ အနာဂတ်မရေမရာဖြစ်နေတဲ့ မော့ဆက်စ်ဟာ
ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လိုပေမယ့် အဆင်မပြေခဲ့ပါဘူး။

မော့ဆက်စ်၊ ဘန်လေနဲ့ စပါးတပ်မော်စကိုအသင်းတို့က
အသက် ၃၁နှစ်အရွယ်ရှိ မော့ဆက်စ်ကို ယခုရာသီကုန်အထိ
ဘန်လေအသင်းမှာ ကာလတိုစာချုပ်နဲ့ ကစားခွင့်ပြုဖို့
ဆွေးနွေးခဲ့ပေမယ့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့
အဲဒီလိုကာလတိုစာချုပ်နဲ့ လက်ရှိအချိန်မှာ ခေါ်ယူလို့မရကြောင်း

ဘန်လေအသင်းထံ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ယူကရိန်းနိုင်ငံကို ရုရှားဘက်မှ ကျူးကျော်စစ်
ဆင်နွှဲခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးရှိ ပြည်တွင်းကလပ်အသင်းပွဲတွေကို ရပ်နားထားရပါတယ်။
ဒီအတွက်ကြောင့်ပဲ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က
ယူကရိန်းနဲ့ ရုရှားနိုင်ငံတွေမှာ ကစားနေတဲ့ကစားသမားတွေကို

ဈေးကွက်ပိတ်တဲ့ကာလဖြစ်နေပေမယ့် ယခုရာသီကုန်အထိ
တခြားဥရောပကလပ်အသင်းတွေဆီ ပြောင်းရွှေ့ခွင့်ပေးထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်ကတော့ ပြိုင်ပွဲရဲ့တရားမျှတမှုအပေါ်
မေးခွန်းထုတ်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့
ဘယ်လိုကမ်းလှမ်းမှုကိုမဆို လက်သင့်ခံမှာမဟုတ်ကြောင်း အသိပေးထားပါတယ်။

အီတလီစီးရီးအေနဲ့ ဂျာမနီဘွန်ဒက်စ်လီဂါတို့ကလည်း
ပရီးမီးယားလိဂ်လိုပဲ တားမြစ်ပိတ်ပင်ထားပေမယ့်
လာလီဂါကတော့ လာလီဂါနဲ့ ဆီဂန်ဒါကလပ်တွေကို
ခေါ်ယူခွင့် ပေးထားပါတယ်။
မော့ဆက်စ်ကလည်း အရှေ့ဥရောပမှာဖြစ်ပွားနေတဲ့

စစ်ရေးပြီးဆုံးချိန်အထိ ဘန်လေအသင်းမှာ
လာရောက်ကစားဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Zawgyi

ရုရွား-ယူကရိန္းစစ္ပြဲေၾကာင့္ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ေမာ့ဆက္စ္ကို ေခၚယူေရး ဘန္ေလရဲ႕ႀကိဳးစားမႈ ပိတ္ပင္ခံရ
ဘန္ေလအသင္းဟာ စပါးတပ္ေမာ္စကိုမွာ အနာဂတ္ေပ်ာက္ဆုံးေနတဲ့
ေတာင္ပံကစားသမား ဗစ္တာေမာ့ဆက္စ္ကို ေခၚယူဖုိ႔ ႀကိဳးစားခဲ့ေပမယ့္
ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ရဲ႕ တားဆီးျခင္း ခံလုိက္ရပါတယ္။
ယူကရိန္းႏိုင္ငံကို ရုရွားက က်ဴးေက်ာ္၀င္ေရာက္ခဲ့ၿပီးေနာက္

ရုရွားကလပ္မွာ အနာဂတ္မေရမရာျဖစ္ေနတဲ့ ေမာ့ဆက္စ္ဟာ
ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕လိုေပမယ့္ အဆင္မေျပခဲ့ပါဘူး။
ေမာ့ဆက္စ္၊ ဘန္ေလနဲ႔ စပါးတပ္ေမာ္စကိုအသင္းတုိ႔က
အသက္ ၃၁ႏွစ္အရြယ္ရွိ ေမာ့ဆက္စ္ကို ယခုရာသီကုန္အထိ
ဘန္ေလအသင္းမွာ ကာလတုိစာခ်ဳပ္နဲ႔ ကစားခြင့္ျပဳဖုိ႔

ေဆြးေႏြးခ့ဲေပမယ့္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကေတာ့
အဲဒီလိုကာလတုိစာခ်ဳပ္နဲ႔ လက္ရွိအခ်ိန္မွာ ေခၚယူလုိ႔မရေၾကာင္း
ဘန္ေလအသင္းထံ ဆက္သြယ္အေၾကာင္းၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့လအတြင္း ယူကရိန္းႏိုင္ငံကို ရုရွားဘက္မွ က်ဴးေက်ာ္စစ္
ဆင္ႏႊဲခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံစလုံးရွိ ျပည္တြင္းကလပ္အသင္းပြဲေတြကို ရပ္နားထားရပါတယ္။

ဒီအတြက္ေၾကာင့္ပဲ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတုိ႔က
ယူကရိန္းနဲ႔ ရုရွားႏုိင္ငံေတြမွာ ကစားေနတဲ့ကစားသမားေတြကို
ေစ်းကြက္ပိတ္တဲ့ကာလျဖစ္ေနေပမယ့္ ယခုရာသီကုန္အထိ
တျခားဥေရာပကလပ္အသင္းေတြဆီ ေျပာင္းေရႊ႕ခြင့္ေပးထားတာျဖစ္ပါတယ္။
ဒါေပမဲ့ ပရီးမီးယားလိဂ္ကေတာ့ ၿပိဳင္ပြဲရဲ႕တရားမွ်တမႈအေပၚ

ေမးခြန္းထုတ္လာႏုိင္တယ္ဆိုတ့ဲအေၾကာင္းျပခ်က္နဲ႔
ဘယ္လုိကမ္းလွမ္းမႈကိုမဆုိ လက္သင့္ခံမွာမဟုတ္ေၾကာင္း အသိေပးထားပါတယ္။
အီတလီစီးရီးေအနဲ႔ ဂ်ာမနီဘြန္ဒက္စ္လီဂါတုိ႔ကလည္း
ပရီးမီးယားလိဂ္လုိပဲ တားျမစ္ပိတ္ပင္ထားေပမယ့္
လာလီဂါကေတာ့ လာလီဂါနဲ႔ ဆီဂန္ဒါကလပ္ေတြကို

ေခၚယူခြင့္ ေပးထားပါတယ္။
ေမာ့ဆက္စ္ကလည္း အေရွ႕ဥေရာပမွာျဖစ္ပြားေနတဲ့
စစ္ေရးၿပီးဆုံးခ်ိန္အထိ ဘန္ေလအသင္းမွာ
လာေရာက္ကစားဖို႔ စိတ္၀င္စားေနတာျဖစ္ပါတယ္။