ရုရှားသမ္မတပူတင်ဆီက အမှတ်တရလက်ဆောင်တစ်ခုကို ဖာဒီနန် ခိုးယူခဲ့ဖူးတယ်လို့ အဲလက်စ်စကော့ ဖွင့်ဟ

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ဟာ ရုရှားသမ္မတပူတင်နဲ့

တွေ့ဆုံပွဲတစ်ခုမှာဇွန်းတစ်ချောင်းကို အမှတ်တရလက်ဆောင်အဖြစ်

ခိုးယူခဲ့ဖူးတယ်လို့ BBC ရုပ်သံတင်ဆက်သူ အဲလက်စ်စကော့က

ဖွင့်ဟလိုက်ပါတယ်။ ဘောလုံးသမားတွေဟာပွဲကြီးပွဲကောင်းတွေရဲ့

အမှတ်တရတွေကိုနှစ်သက်ကြတယ်၊ ဒါကြောင့်လည်း ပွဲအပြီးမှာ

ပြိုင်ဘက်ကစားသမားတွေနဲ့ အင်္ကျီလဲလှယ်လေ့ရှိကြတာပါ။

အထူးသဖြင့်တော့ သူတို့ခက်ခဲတဲ့အချိန်ကာလရောက်ခဲ့ရင်

ဒီပစ္စည်းလေးတွေကိုထုတ်သုံးနိုင်မှာပဲဖြစ်တယ်။ တစ်ခါတရံမှာ

ကစားသမားတစ်ယောက်ဟာ ပြိုင်ဘက်ဆီကအင်္ကျီတစ်ထည်ရဖို့အတွက်

လအနည်းငယ်အထိစောင့်ဆိုင်းခဲ့ရတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဂီရောက်နဲ့ ဂျာဆန်ကမ်မင်းစ်တို့

အင်္ကျီလဲလှယ်ခဲ့ကြပြီး သူတို့နှစ်ယောက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလို့

လပိုင်းအကြာမှာ အခုလိုလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။

ဂီရောက် ဒါမှမဟုတ် ကမ်မင်းစ်တို့ဟာ သူတို့ရဲ့အင်္ကျီလဲလှယ်မှုကနေ

ငွေအများကြီးရဖို့မရှိပေမဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း

မာရာဒိုနာရဲ့ ‘ဘုရားပေးသောလက်’ သွင်းဂိုးရယူစဉ်မှာဝတ်ဆင်ခဲ့တဲ့

အင်္ကျီကိုတော့ အင်္ဂလန်ကစားသမား စတိဗ်ဟော့ဂီက

ပိုင်ဆိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ်အတွင်းလေလံတင်ရောင်းချမှုမှာ

ပေါင် ၇.၁ သန်းအထိရရှိခဲ့ပါတယ်။ ဖာဒီနန်နဲ့ပက်သတ်လို့တော့

BBC ရုပ်သံတင်ဆက်သူ အဲလက်စ်စကော့က “ဖီဖာဂန္တဝင်တွေရဲ့

ပရိုဂရမ်အစိတ်အပိုင်းအနေနဲ့၊ ရီယိုဖာဒီနန်နဲ့ ကျွန်မဟာ

ကမ္ဘာ့ဖလားအကြောင်းဆွေးနွေးဖို့အတွက် ကရင်မလင်ကို

ဖိတ်ကြားခံရပါတယ်။ ဒီခရီးစဉ်မှာ ဖာဒီနန်က ကျွန်မကို

ရယ်စရာဖြစ်အောင်လုပ်ခဲ့တယ်။ သူ့ရဲ့လက်ထဲမှာ အမှတ်တရ

အနေနဲ့ခိုးယူထားတဲ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို

အသာလေးဖွင့်ပြခဲ့ပါတယ်” လို့ သူမရဲ့ ကိုယ်တိုင်ရေးစာအုပ်ဖြစ်တဲ့

How (Not) To Be Strong မှာထည့်သွင်းရေးသားခဲ့ဖူးပါတယ်။

ဘောလုံးနဲ့ပက်သတ်တဲ့အကြောင်းအရာတွေသာဆွေးနွေးခဲ့တာ

ဖြစ်ပေမဲ့ ကရင်မလင်နန်းတော်ထဲက ဇွန်းခိုးခဲ့တဲ့ဖာဒီနန်ရဲ့

လုပ်ရပ်ကတော့ အဲလက်စ်စကော့ အတွက်အမှတ်တရဖြစ်ခဲ့တာပါ။

zawgyi

႐ုရွားသမၼတပူတင္ဆီက အမွတ္တရလက္ေဆာင္တစ္ခုကို ဖာဒီနန္ ခိုးယူခဲ့ဖူးတယ္လို႔ အဲလက္စ္စေကာ့ ဖြင့္ဟ

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္ဟာ ႐ုရွားသမၼတပူတင္နဲ႔

ေတြ႕ဆုံပြဲတစ္ခုမွာဇြန္းတစ္ေခ်ာင္းကို အမွတ္တရလက္ေဆာင္အျဖစ္

ခိုးယူခဲ့ဖူးတယ္လို႔ BBC ႐ုပ္သံတင္ဆက္သူ အဲလက္စ္စေကာ့က

ဖြင့္ဟလိုက္ပါတယ္။ ေဘာလုံးသမားေတြဟာပြဲႀကီးပြဲေကာင္းေတြရဲ႕

အမွတ္တရေတြကိုႏွစ္သက္ၾကတယ္၊ ဒါေၾကာင့္လည္း ပြဲအၿပီးမွာ

ၿပိဳင္ဘက္ကစားသမားေတြနဲ႔ အက်ႌလဲလွယ္ေလ့ရွိၾကတာပါ။

အထူးသျဖင့္ေတာ့ သူတို႔ခက္ခဲတဲ့အခ်ိန္ကာလေရာက္ခဲ့ရင္

ဒီပစၥည္းေလးေတြကိုထုတ္သုံးႏိုင္မွာပဲျဖစ္တယ္။ တစ္ခါတရံမွာ

ကစားသမားတစ္ေယာက္ဟာ ၿပိဳင္ဘက္ဆီကအက်ႌတစ္ထည္ရဖို႔အတြက္

လအနည္းငယ္အထိေစာင့္ဆိုင္းခဲ့ရတာေတြရွိပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ဂီေရာက္နဲ႔ ဂ်ာဆန္ကမ္မင္းစ္တို႔

အက်ႌလဲလွယ္ခဲ့ၾကၿပီး သူတို႔ႏွစ္ေယာက္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးလို႔

လပိုင္းအၾကာမွာ အခုလိုလုပ္ေဆာင္ခဲ့ၾကတာျဖစ္တယ္။

ဂီေရာက္ ဒါမွမဟုတ္ ကမ္မင္းစ္တို႔ဟာ သူတို႔ရဲ႕အက်ႌလဲလွယ္မႈကေန

ေငြအမ်ားႀကီးရဖို႔မရွိေပမဲ့ ၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း

မာရာဒိုနာရဲ႕ ‘ဘုရားေပးေသာလက္’ သြင္းဂိုးရယူစဥ္မွာဝတ္ဆင္ခဲ့တဲ့

အက်ႌကိုေတာ့ အဂၤလန္ကစားသမား စတိဗ္ေဟာ့ဂီက

ပိုင္ဆိုင္ခဲ့သလို ၿပီးခဲ့တဲ့ႏွစ္အတြင္းေလလံတင္ေရာင္းခ်မႈမွာ

ေပါင္ ၇.၁ သန္းအထိရရွိခဲ့ပါတယ္။ ဖာဒီနန္နဲ႔ပက္သတ္လို႔ေတာ့

BBC ႐ုပ္သံတင္ဆက္သူ အဲလက္စ္စေကာ့က “ဖီဖာဂႏၲဝင္ေတြရဲ႕

ပ႐ိုဂရမ္အစိတ္အပိုင္းအေနနဲ႔၊ ရီယိုဖာဒီနန္နဲ႔ ကြၽန္မဟာ

ကမာၻ႔ဖလားအေၾကာင္းေဆြးေႏြးဖို႔အတြက္ ကရင္မလင္ကို

ဖိတ္ၾကားခံရပါတယ္။ ဒီခရီးစဥ္မွာ ဖာဒီနန္က ကြၽန္မကို

ရယ္စရာျဖစ္ေအာင္လုပ္ခဲ့တယ္။ သူ႔ရဲ႕လက္ထဲမွာ အမွတ္တရ

အေနနဲ႔ခိုးယူထားတဲ့ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို

အသာေလးဖြင့္ျပခဲ့ပါတယ္” လို႔ သူမရဲ႕ ကိုယ္တိုင္ေရးစာအုပ္ျဖစ္တဲ့

How (Not) To Be Strong မွာထည့္သြင္းေရးသားခဲ့ဖူးပါတယ္။

ေဘာလုံးနဲ႔ပက္သတ္တဲ့အေၾကာင္းအရာေတြသာေဆြးေႏြးခဲ့တာ

ျဖစ္ေပမဲ့ ကရင္မလင္နန္းေတာ္ထဲက ဇြန္းခိုးခဲ့တဲ့ဖာဒီနန္ရဲ႕

လုပ္ရပ္ကေတာ့ အဲလက္စ္စေကာ့ အတြက္အမွတ္တရျဖစ္ခဲ့တာပါ။