ရုရှားရဲ့ ကျူးကျော်မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ယူကရိန်းပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပထမဆုံး Ukraine Supporters’ Club ကို

ဖွဲ့စည်းခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့

ယူကရိန်းပြည်သူတွေအတွက် ရည်ရွယ်ကာ

Save the Children ကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေက ဂန်းနားတို့ကို

Ukraine Supporters’ Club ဖွဲ့စည်းဖို့ အကြံပေးခဲ့ပြီး အသင်းကလည်း

အဆိုပါ အိုင်ဒီယာကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို

နားလည်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့ဖြစ်တဲ့

Save the Children နဲ့ ဆွေးနွေးခဲ့ပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ

အကူအညီတွေ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

အသင်းကလည်း သူတို့ရဲ့ ပရိသတ်တေွအနေနဲ့ အသစ်ဖွဲ့စည်းထားတဲ့

Arsenal Ukraine Supporters’ Club ကို ချိတ်ဆက်ပြီး

လှူဒါန်းမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

အာဆင်နယ်ရဲ့ အမျိုးသား နှင့် အမျိုးသမီး အသင်းခေါင်းဆောင်တွေဟာ

ပြီးခဲ့တဲ့ အပတ်ပွဲစဥ်မှာ ယူကရိန်းအလံ လက်ပတ်ကို ဝတ်ဆင်ခဲ့ပြီး

ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။

နောက်ပြီး အီမရိတ်ကွင်းကြီးကိုလည်း ယူကရိန်းနိုင်ငံရဲ့ အမှတ်အသားဖြစ်တဲ့

အပြာရောင် နှင့် အဝါရောင် လျှပ်စစ်မီးတွေနဲ့ ဖော်ပြခဲ့ပါတယ်။

နောက်ပြီး ယူကရိန်းပြဿနာ စတင်ပြီး ပထမဆုံးအိမ်ကွင်းပွဲစဥ်ဖြစ်လာမယ့်

လာမယ့် တနင်္ဂနွေနေ့ လက်စတာနဲ့ ပွဲစဥ် မစတင်မီမှာလည်း

ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ထုတ်‌ေဖာ်ပြသသွားမယ်လို့ ဆိုထားပါတယ်။

zawgyi

႐ုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့ ယူကရိန္းျပည္သူေတြအတြက္ လႉဒါန္းမႈေတြျပဳလုပ္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ ပထမဆုံး Ukraine Supporters’ Club ကို

ဖြဲ႕စည္းခဲ့ၿပီး ႐ုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့

ယူကရိန္းျပည္သူေတြအတြက္ ရည္႐ြယ္ကာ

Save the Children ကိုလည္း လႉဒါန္းမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြက ဂန္းနားတို႔ကို

Ukraine Supporters’ Club ဖြဲ႕စည္းဖို႔ အႀကံေပးခဲ့ၿပီး အသင္းကလည္း

အဆိုပါ အိုင္ဒီယာကို အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယူကရိန္းႏိုင္ငံမွာျဖစ္ပြားေနတဲ့ အေျခအေနေတြကို

နားလည္ႏိုင္ဖို႔ ကမာၻလုံးဆိုင္ရာ ပရဟိတအဖြဲ႕ျဖစ္တဲ့

Save the Children နဲ႔ ေဆြးေႏြးခဲ့ၿပီးေနာက္ လူသားခ်င္းစာနာမႈဆိုင္ရာ

အကူအညီေတြ ေထာက္ပံ့ေပးခဲ့တာျဖစ္ပါတယ္။

အသင္းကလည္း သူတို႔ရဲ႕ ပရိသတ္ေတြအေနနဲ႔ အသစ္ဖြဲ႕စည္းထားတဲ့

Arsenal Ukraine Supporters’ Club ကို ခ်ိတ္ဆက္ၿပီး

လႉဒါန္းမႈေတြ ျပဳလုပ္ဖို႔ တိုက္တြန္းထားပါတယ္။

အာဆင္နယ္ရဲ႕ အမ်ိဳးသား ႏွင့္ အမ်ိဳးသမီး အသင္းေခါင္းေဆာင္ေတြဟာ

ၿပီးခဲ့တဲ့ အပတ္ပြဲစဥ္မွာ ယူကရိန္းအလံ လက္ပတ္ကို ဝတ္ဆင္ခဲ့ၿပီး

ယူကရိန္းႏိုင္ငံနဲ႔အတူ ရပ္တည္ေၾကာင္း ျပသခဲ့ပါတယ္။

ေနာက္ၿပီး အီမရိတ္ကြင္းႀကီးကိုလည္း ယူကရိန္းႏိုင္ငံရဲ႕ အမွတ္အသားျဖစ္တဲ့

အျပာေရာင္ ႏွင့္ အဝါေရာင္ လွ်ပ္စစ္မီးေတြနဲ႔ ေဖာ္ျပခဲ့ပါတယ္။

ေနာက္ၿပီး ယူကရိန္းျပႆနာ စတင္ၿပီး ပထမဆုံးအိမ္ကြင္းပြဲစဥ္ျဖစ္လာမယ့္

လာမယ့္ တနဂၤေႏြေန႔ လက္စတာနဲ႔ ပြဲစဥ္ မစတင္မီမွာလည္း

ယူကရိန္းႏိုင္ငံနဲ႔အတူ ရပ္တည္ေၾကာင္း ထုတ္‌ေဖာ္ျပသသြားမယ္လို႔ ဆိုထားပါတယ္။