ရုရှားရဲ့ကျူးကျော်မှုဒဏ် ခံနေရတဲ့ ယူကရိန်းဒုက္ခသည်တွေကို ဖီဖာ ပေါင် ၇၅၀၀၀၀ လှူဒါန်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ရုရှားနိုင်ငံရဲ့

ကျူးကျော်ဝင်ရောက်မှုကြောင့် အတိဒုက္ခရောက်နေရတဲ့
ယူကရိန်းနိုင်ငံရှိ ဒုက္ခသည်တွေအတွက်
ပေါင် ၇၅၀၀၀၀ လှူဒန်းလိုက်ပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲစတင်ဖြစ်ပွားနေချိန်ကတည်းက
ဖီဖာဖောင်ဒေးရှင်းဟာ ဒုက္ခသည်တွေအတွက်

အထောက်အကူပေးရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ထားပြီးဖြစ်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေက
ယူကရိန်းဘောလုံးအဖွဲ့ချပ်ထံ ရောက်ရှိပြီးဖြစ်ကာ
ယခုလည်း ဖီဖာက ဒုက္ခသည်တွေကို
ကူညီထောက်ပံ့နိုင်ရေးအတွက် ပေါင် ၇၅၀၀၀၀ လှူဒါန်းခဲ့တာပါ။

”ကျွန်တော်တို့အနေနဲ့ ယူကရိန်းပြည်သူတွေကို
ထောက်ပံ့မှုတွေ ပြုလုပ်ပေးချင်ပြီး
အခုတစ်ကြိမ်ကလည်း စစ်ပွဲကြောင့်
ဒုက္ခရောက်နေရသူတွေအတွက်ပါ”လို့
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောပါတယ်။

ဖီဖာဖောင်ဒေးရှင်း၊ ကလေးတွေအတွက်
ဖွဲ့စည်းထားတဲ့ ယူအီးအက်ဖ်အေဖောင်ဒေးရှင်း၊
ဖီဖာ၊ ယူအီးအက်ဖ်အေ၊ ယူကရိန်းဘောလုံးအဖွဲ့ချုပ်နဲ့
ဖီဖာအဖွဲ့ဝင် ဘောလုံးအဖွဲ့ချုပ်တွေက ယူကရိန်းနိုင်ငံမှာ
ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဒုက္ခရောက်နေရတဲ့

ဒုက္ခသည်တွေကို ကူညီပေးရေးအတွက်
ဘောလုံးပွဲတွေမှာ ပြသနေကြပါတယ်။
ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့တောင်းဆိုမှုကြောင့်
အရေးတကြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေတဲ့
ပြည်သူတွေကို ကုသနိုင်ရေးအတွက်

ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ရောက်နေပြီဖြစ်ပါတယ်။

Zawgyi






