
ဗီလာနဲ့ကစားခဲ့တဲ့ တနင်္ဂနွေညပရီးမီးယားလိဂ်ပွဲစဉ်မှာ ယာမိုလန်ကိုဟာ
ဝက်စ်ဟမ်းအတွက် ဂိုးသွင်းယူခဲ့ပြီးနောက် မျက်ရည်ကျခဲ့ပါတယ်။
အဲဒီယူကရိန်းလက်ရွေးစင်ဟာ လူစားဝင်လာပြီးတဲ့နောက်
ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
ပြီးခဲ့တဲ့လမှာ ရုရှားက ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက် ဝက်စ်ဟမ်းဟာ
စာနာတဲ့အနေနဲ့ ယာမိုလန်ကိုကို လေ့ကျင့်ခန်းကနေ ရက်အနည်းငယ်ခွင့်ပေးခဲ့တယ်။
အဲဒီတောင်ပံကစားသမားရဲ့မိသားစုဟာ စစ်ဖြစ်နေတဲ့မြို့တစ်မြို့မှာရှိတာကြောင့်
အဲဒီရဲ့သက်ရောက်မှုက သူအပေါ်အတော်လေးပြင်းထန်ခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက ယူရိုပြိုင်ပွဲမှာ ယာမိုလန်ကိုဟာ သူ့နိုင်ငံအသင်းရဲ့
ကပ္ပတိန်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့သူဖြစ်ပြီး လက်ရွေးစင်အတွက်
ပွဲ ၁၀၀ ကျော်ကစားပေးထားကာ စုစုပေါင်း ၄၄ ဂိုးနဲ့
ယူကရိန်းအသင်းသမိုင်းတစ်လျှောက် ဒုတိယဂိုးအများဆုံးသွင်းသူလည်း ဖြစ်ပါတယ်။
ဗီလာဘက်ကို သွင်းခဲ့တဲ့သူ့ရဲ့ဂိုးဟာလည်း
ရုရှားရဲ့ကျူးကျော်စစ်နောက်ပိုင်း သူ့ရဲ့ပထမဆုံးဂိုးဖြစ်ခဲ့တာပါ။
ဒါကြောင့် ယာမိုလန်ကိုတစ်ယောက် ဂိုးသွင်းပြီးချိန်မှာ
မျက်ရည်ကျပြီး ဖြေမဆည်နိုင်ဖြစ်ခဲ့ပါတယ်။
ပွဲပြီးတော့လည်း ယာမိုလန်ကိုက”ရိုးရိုးသားသားဆိုရင်
ကျွန်တော်ဘာပြောရမှန်းမသိပါဘူး။ ကျွန်တော်အရမ်းကို စိတ်ခံစားနေရတာပါ။
အသင်းဖော်တွေ၊ ဝက်စ်ဟမ်းပရိသတ်တွေနဲ့ ဗြိတိန်ပြည်သူတွေအားလုံးကို
ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
သူတို့ရဲ့အားပေးမှုကို ကျွန်တော်တို့ခံစားမိလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
၃၂ နှစ်အရွယ် ယာမိုလန်ကိုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ ရက်နောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် ဝင်ကစားခဲ့တာပါ။
အဲဒီပွဲမှာ ဝက်စ်ဟမ်းဟာ ဗီလာကို ၂-၁ နဲ့အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်
မျှော်လင့်ချက်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
zawgyi
႐ုရွားရဲ႕က်ဴးေက်ာ္စစ္ေနာက္ပိုင္း သူ႔ရဲ႕ပထမဆုံးဂိုးဂိုးသြင္းယူခဲ့ၿပီးေနာက္မ်က္ရည္က်ခဲ့တဲ့ယာမိုလန္ကို
ဗီလာနဲ႔ကစားခဲ့တဲ့ တနဂၤေႏြညပရီးမီးယားလိဂ္ပြဲစဥ္မွာ ယာမိုလန္ကိုဟာ
ဝက္စ္ဟမ္းအတြက္ ဂိုးသြင္းယူခဲ့ၿပီးေနာက္ မ်က္ရည္က်ခဲ့ပါတယ္။
အဲဒီယူကရိန္းလက္ေ႐ြးစင္ဟာ လူစားဝင္လာၿပီးတဲ့ေနာက္
ပြဲၿပီးဖို႔ မိနစ္ ၂၀ အလိုမွာ ဝက္စ္ဟမ္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာပါ။
ၿပီးခဲ့တဲ့လမွာ ႐ုရွားက က်ဴးေက်ာ္စစ္ဆင္ႏႊဲခဲ့ၿပီးေနာက္ ဝက္စ္ဟမ္းဟာ
စာနာတဲ့အေနနဲ႔ ယာမိုလန္ကိုကို ေလ့က်င့္ခန္းကေန ရက္အနည္းငယ္ခြင့္ေပးခဲ့တယ္။
အဲဒီေတာင္ပံကစားသမားရဲ႕မိသားစုဟာ စစ္ျဖစ္ေနတဲ့ၿမိဳ႕တစ္ၿမိဳ႕မွာရွိတာေၾကာင့္
အဲဒီရဲ႕သက္ေရာက္မႈက သူအေပၚအေတာ္ေလးျပင္းထန္ခဲ့တာပါ။
ၿပီးခဲ့တဲ့ေႏြရာသီက ယူ႐ိုၿပိဳင္ပြဲမွာ ယာမိုလန္ကိုဟာ သူ႔ႏိုင္ငံအသင္းရဲ႕
ကပၸတိန္လက္ပတ္ကို ဝတ္ဆင္ကစားခဲ့သူျဖစ္ၿပီး လက္ေ႐ြးစင္အတြက္
ပြဲ ၁၀၀ ေက်ာ္ကစားေပးထားကာ စုစုေပါင္း ၄၄ ဂိုးနဲ႔
ယူကရိန္းအသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယဂိုးအမ်ားဆုံးသြင္းသူလည္း ျဖစ္ပါတယ္။
ဗီလာဘက္ကို သြင္းခဲ့တဲ့သူ႔ရဲ႕ဂိုးဟာလည္း
႐ုရွားရဲ႕က်ဴးေက်ာ္စစ္ေနာက္ပိုင္း သူ႔ရဲ႕ပထမဆုံးဂိုးျဖစ္ခဲ့တာပါ။
ဒါေၾကာင့္ ယာမိုလန္ကိုတစ္ေယာက္ ဂိုးသြင္းၿပီးခ်ိန္မွာ
မ်က္ရည္က်ၿပီး ေျဖမဆည္ႏိုင္ျဖစ္ခဲ့ပါတယ္။
ပြဲၿပီးေတာ့လည္း ယာမိုလန္ကိုက”႐ိုး႐ိုးသားသားဆိုရင္
ကြၽန္ေတာ္ဘာေျပာရမွန္းမသိပါဘူး။ ကြၽန္ေတာ္အရမ္းကို စိတ္ခံစားေနရတာပါ။
အသင္းေဖာ္ေတြ၊ ဝက္စ္ဟမ္းပရိသတ္ေတြနဲ႔ ၿဗိတိန္ျပည္သူေတြအားလုံးကို
ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့
သူတို႔ရဲ႕အားေပးမႈကို ကြၽန္ေတာ္တို႔ခံစားမိလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
၃၂ ႏွစ္အ႐ြယ္ ယာမိုလန္ကိုဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ ၅ ရက္ေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ ဝင္ကစားခဲ့တာပါ။
အဲဒီပြဲမွာ ဝက္စ္ဟမ္းဟာ ဗီလာကို ၂-၁ နဲ႔အႏိုင္ရၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္
ေမွ်ာ္လင့္ခ်က္ကို ဆက္ထိန္းႏိုင္ခဲ့ပါတယ္။