
ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်ပွဲမှာ ဘောလုံးနဲ့ပတ်သက်တဲ့
ဆုံးရှုံးမှုတွေလည်း စတင်လာခဲ့ပါပြီ။ နိုင်ငံတကာပရော်ဖက်ရှင်နယ်
ကစားသမားများအဖွဲ့ချုပ် FIFPRO က စစ်ပွဲကြောင့် ယူကရိန်း
ဘောလုံးနှစ်ယောက် သေဆုံးသွားခဲ့ကြောင်း ကြေညာလိုက်တာပါ။
ပူတင်ရဲ့ကျူးကျော်စစ်မှာ လောလောလတ်လတ်အသက်ပေးလိုက်ရတဲ့
ကစားသမားတွေကတော့ ၂၁ နှစ်အရွယ် ဆာပိုင်လိုနဲ့ ၂၅ နှစ်အရွယ် မာတီနန်ကိုတို့ ဖြစ်ပါတယ်။
ဆာပိုလိုဟာ ကာပါတီအယ်လ်ဗစ်အသင်းရဲ့လူငယ်ကစားသမားဟောင်း
တစ်ယောက်ဖြစ်ပြီး မာတီနန်ကိုကတော့ ဒေသတွင်းအသင်းတစ်သင်းဖြစ်တဲ့
အက်ဖ်စီဂိုစတိုမယ်အတွက် ကစားပေးနေတာပါ။ ဆာပိုင်လိုရဲ့သေဆုံးမှုကို
ကာပါတီအသင်းက အတည်ပြုကြေညာပေးခဲ့တာဖြစ်ပြီး သူတို့ရဲ့
လူငယ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဆာပိုင်လိုဟာ
မြို့တော်ကိဗ်အနီးမှာ သေဆုံးခဲ့တာလို့ ဖော်ပြပါတယ်။ အခြားသတင်းရင်းမြစ်
တစ်ခုအရလည်း ဆာပိုင်လိုဟာ အမိမြေအတွက် ကာကွယ်ရင်းနဲ့
တိုက်ပွဲကျခဲ့တာလို့ သိရပြီး သူဟာ ယူကရိန်းရဲ့တင့်ကားတပ်မှုးတစ်ယောက်လို့လည်း
ဆိုပါတယ်။ မာတီနန်ကိုကတော့ သူ့အိမ်ကို ရုရှားဘက်က ဗုံးထိခဲ့လို့
သေဆုံးသွားခဲ့တာပါ။ နေအိမ်ကို ထိမှန်တဲ့ အဲဒီဗုံးကြောင့် သူနဲ့အတူ
မိခင်ဖြစ်သူလည်း နေရာတင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မာတီနန်ကိုဟာ မကြာသေးခင်ကပဲ အက်ဖ်စီဟိုစတိုမယ်အသင်းအတွက်
ကစားပေးခဲ့ကာ ပြီးခဲ့တဲ့ရာသီယူကရိန်းဒုတိယတန်းမှာ အကောင်းဆုံး
ကစားသမားဆုကို ရရှိခဲ့တာပါ။ အဲဒီပြီးခဲ့တဲ့ရာသီမှာပဲ သူဟာ
ယူကရိန်းဒုတိယတန်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်
သူသေဆုံးသွားခဲ့တာဟာ ယူကရိန်းဘောလုံးလောကအတွက်တော့
ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါ။
Zawgyi
႐ုရွားရဲ႕က်ဴးေက်ာ္စစ္ေၾကာင့္ ေႂကြလြင့္ခဲ့ရတဲ့ ေဘာလုံးသမားႏွစ္ေယာက္
ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္စစ္ပြဲမွာ ေဘာလုံးနဲ႔ပတ္သက္တဲ့
ဆုံးရႈံးမႈေတြလည္း စတင္လာခဲ့ပါၿပီ။ ႏိုင္ငံတကာပေရာ္ဖက္ရွင္နယ္
ကစားသမားမ်ားအဖြဲ႕ခ်ဳပ္ FIFPRO က စစ္ပြဲေၾကာင့္ ယူကရိန္း
ေဘာလုံးႏွစ္ေယာက္ ေသဆုံးသြားခဲ့ေၾကာင္း ေၾကညာလိုက္တာပါ။
ပူတင္ရဲ႕က်ဴးေက်ာ္စစ္မွာ ေလာေလာလတ္လတ္အသက္ေပးလိုက္ရတဲ့
ကစားသမားေတြကေတာ့ ၂၁ ႏွစ္အ႐ြယ္ ဆာပိုင္လိုနဲ႔ ၂၅ ႏွစ္အ႐ြယ္ မာတီနန္ကိုတို႔ ျဖစ္ပါတယ္။
ဆာပိုလိုဟာ ကာပါတီအယ္လ္ဗစ္အသင္းရဲ႕လူငယ္ကစားသမားေဟာင္း
တစ္ေယာက္ျဖစ္ၿပီး မာတီနန္ကိုကေတာ့ ေဒသတြင္းအသင္းတစ္သင္းျဖစ္တဲ့
အက္ဖ္စီဂိုစတိုမယ္အတြက္ ကစားေပးေနတာပါ။ ဆာပိုင္လိုရဲ႕ေသဆုံးမႈကို
ကာပါတီအသင္းက အတည္ျပဳေၾကညာေပးခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕
လူငယ္ကစားသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ ဆာပိုင္လိုဟာ
ၿမိဳ႕ေတာ္ကိဗ္အနီးမွာ ေသဆုံးခဲ့တာလို႔ ေဖာ္ျပပါတယ္။ အျခားသတင္းရင္းျမစ္
တစ္ခုအရလည္း ဆာပိုင္လိုဟာ အမိေျမအတြက္ ကာကြယ္ရင္းနဲ႔
တိုက္ပြဲက်ခဲ့တာလို႔ သိရၿပီး သူဟာ ယူကရိန္းရဲ႕တင့္ကားတပ္မႈးတစ္ေယာက္လို႔လည္း
ဆိုပါတယ္။ မာတီနန္ကိုကေတာ့ သူ႔အိမ္ကို ႐ုရွားဘက္က ဗုံးထိခဲ့လို႔
ေသဆုံးသြားခဲ့တာပါ။ ေနအိမ္ကို ထိမွန္တဲ့ အဲဒီဗုံးေၾကာင့္ သူနဲ႔အတူ
မိခင္ျဖစ္သူလည္း ေနရာတင္ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
မာတီနန္ကိုဟာ မၾကာေသးခင္ကပဲ အက္ဖ္စီဟိုစတိုမယ္အသင္းအတြက္
ကစားေပးခဲ့ကာ ၿပီးခဲ့တဲ့ရာသီယူကရိန္းဒုတိယတန္းမွာ အေကာင္းဆုံး
ကစားသမားဆုကို ရရွိခဲ့တာပါ။ အဲဒီၿပီးခဲ့တဲ့ရာသီမွာပဲ သူဟာ
ယူကရိန္းဒုတိယတန္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္
သူေသဆုံးသြားခဲ့တာဟာ ယူကရိန္းေဘာလုံးေလာကအတြက္ေတာ့
ႀကီးမားတဲ့ဆုံးရႈံးမႈတစ္ခုပါ။