ရုရှားမှာရှိနေတဲ့ ပြည်ပကစားသမားတွေနဲ့ ဝန်ထမ်းတွေကလည်း ဆန္ဒရှိရင်ကူညီပေးသွားမယ့် ဖီဖာ

ရုရှား က ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲပြီး နောက်ပိုင်း နိုင်ငံရေး ဆိုင်ရာ

မတည်ငြိမ်မှုတွေကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ က

ရုရှား နဲ့ ယူကရိန်း လိဂ်တွေမှာ ကစားနေတဲ့ နိုင်ငံခြား ဘောလုံးသမားတွေ ၊

နိုင်ငံခြားသား နည်းပြတွေ ကို ယာယီ စာချုပ် ဖျက်သိမ်းခွင့် ဖန်တီးပေးလိုက်ကာ ၊

အခြား ကလပ်အသင်းတွေဆီ ရွှေ့ပြောင်း ကစားခွင့် ရှိနေတယ်လို့ ကြေညာလိုက်ပါတယ်။

ဖီဖာက လက်ရှိဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စာချုပ်စည်းမျဉ်းတော်တော်များများကို

ပြောင်းလဲလိုက်ပြီး အဓိကအားဖြင့် ယူကရိန်းတော်လှန်ရေးတိုက်ပွဲမှာ

ပါဝင်မယ့် ကစားသမားတွေအတွက် ပိုပြီးအကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ယူကရိန်းမှာ ရှိနေတဲ့

ပြည်ပကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ၂၀၂၂ ဇွန်လ ၃၀ ရက်အထိ

အလိုအလျောက် အနားယူခွင့်ရမှာဖြစ်သလို ရုရှားမှာ ရှိနေတဲ့

ပြည်ပကစားသမားတွေနဲ့ ဝန်ထမ်းတွေကလည်း ဆန္ဒရှိရင်

ထွက်ခွာဖို့အတွက် ကူညီပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိ စာရင်း မှတ်တမ်းတွေ အရ ရုရှား နဲ့ ယူကရိန်း လိဂ်မှာ

ကစားနေတဲ့ နိုင်ငံခြား ကစားသမားပေါင်း 120 ကျော် ရှိနေတယ်လို့ သိရကာ ၊

ရုရှား လိဂ်မှာ ကစားနေသူ အများစုကတော့ နိုင်ငံ အတွင်းကနေ ထွက်ခွာနေကြပါပြီ။

တစ်ချိန်တည်းမှာ အင်္ဂလန် ချန်ပီယံရှစ် ပြိုင်ပွဲက ကလပ် အသင်းတချို့ က

ထွက်ခွာလာမယ့် ကစားသမားတွေ ထဲက တချို့ ကို ခေါ်ယူ စာချုပ် ချုပ်ဆိုပေးဖို့

စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

zawgyi

႐ုရွားမွာရွိေနတဲ့ ျပည္ပကစားသမားေတြနဲ႔ ဝန္ထမ္းေတြကလည္း ဆႏၵရွိရင္ကူညီေပးသြားမယ့္ ဖီဖာ

႐ုရွား က ယူကရိန္း ကို က်ဴးေက်ာ္စစ္ ဆင္ႏႊဲၿပီး ေနာက္ပိုင္း ႏိုင္ငံေရး ဆိုင္ရာ

မတည္ၿငိမ္မႈေတြေၾကာင့္ ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ ဖီဖာ က

႐ုရွား နဲ႔ ယူကရိန္း လိဂ္ေတြမွာ ကစားေနတဲ့ ႏိုင္ငံျခား ေဘာလုံးသမားေတြ ၊

ႏိုင္ငံျခားသား နည္းျပေတြ ကို ယာယီ စာခ်ဳပ္ ဖ်က္သိမ္းခြင့္ ဖန္တီးေပးလိုက္ကာ ၊

အျခား ကလပ္အသင္းေတြဆီ ေ႐ႊ႕ေျပာင္း ကစားခြင့္ ရွိေနတယ္လို႔ ေၾကညာလိုက္ပါတယ္။

ဖီဖာက လက္ရွိျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး စာခ်ဳပ္စည္းမ်ဥ္းေတာ္ေတာ္မ်ားမ်ားကို

ေျပာင္းလဲလိုက္ၿပီး အဓိကအားျဖင့္ ယူကရိန္းေတာ္လွန္ေရးတိုက္ပြဲမွာ

ပါဝင္မယ့္ ကစားသမားေတြအတြက္ ပိုၿပီးအက်ိဳးသက္ေရာက္ေစမွာ ျဖစ္ပါတယ္။

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္အရ ယူကရိန္းမွာ ရွိေနတဲ့

ျပည္ပကစားသမားေတြနဲ႔ ဝန္ထမ္းေတြဟာ ၂၀၂၂ ဇြန္လ ၃၀ ရက္အထိ

အလိုအေလ်ာက္ အနားယူခြင့္ရမွာျဖစ္သလို ႐ုရွားမွာ ရွိေနတဲ့

ျပည္ပကစားသမားေတြနဲ႔ ဝန္ထမ္းေတြကလည္း ဆႏၵရွိရင္

ထြက္ခြာဖို႔အတြက္ ကူညီေပးသြားမယ္လို႔ သိရပါတယ္။

လက္ရွိ စာရင္း မွတ္တမ္းေတြ အရ ႐ုရွား နဲ႔ ယူကရိန္း လိဂ္မွာ

ကစားေနတဲ့ ႏိုင္ငံျခား ကစားသမားေပါင္း 120 ေက်ာ္ ရွိေနတယ္လို႔ သိရကာ ၊

႐ုရွား လိဂ္မွာ ကစားေနသူ အမ်ားစုကေတာ့ ႏိုင္ငံ အတြင္းကေန ထြက္ခြာေနၾကပါၿပီ။

တစ္ခ်ိန္တည္းမွာ အဂၤလန္ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲက ကလပ္ အသင္းတခ်ိဳ႕ က

ထြက္ခြာလာမယ့္ ကစားသမားေတြ ထဲက တခ်ိဳ႕ ကို ေခၚယူ စာခ်ဳပ္ ခ်ဳပ္ဆိုေပးဖို႔

စိတ္ဝင္စားေနတဲ့ သတင္းေတြ ထြက္ေပၚလ်က္ ရွိေနပါတယ္။