ရုရှားဘောလုံးအဖွဲ့ချုပ်က FIFA နဲ့ UEFA ကို အားကစားဆိုင်ရာခုရုံး CAS ဆီမှာ တရားစွဲဆိုမှု ပြုလုပ်ထား

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ကို ဘောလုံးပြိုင်ပွဲအားလုံးကနေ

ချန်လှပ်ထားခဲ့တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်

FIFA နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တို့ကို အားကစားဆိုင်ရာခုရုံး

CAS ဆီမှာ တရားစွဲဆိုမှု ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တို့ဟာ

ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့်

ရုရှားကလပ်အသင်းများနှင့် လက်ရွေးစင်အသင်းအားလုံးကို

ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာပါ။

ရုရှားဘောလုံးအဖွဲ့ချုပ်က FIFA နှင့် UEFA တို့ရဲ့ဆုံးဖြတ်ချက်မှာ

အားကစားလောက၏ တရားမျှတမှုစည်းမျဉ်းကို

ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်

လက်ခံကျင်းပခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်

ခြေစစ်ပွဲ Play-off အဆင့် ယှဉ်ပြိုင်ကစားရမှာဖြစ်သော်လည်း

FIFA နှင့် UEFA တို့၏ပိတ်ပင်မှုကြောင့် ယှဉ်ပြိုင်ခွင့် မရရှိတော့ပါဘူး။

အယူခံဝင်မယ့် အစီအစဉ်နှင့်ပတ်သက်ပြီး ရုရှားဘောလုံးအဖွဲ့ချုပ်က

ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ”လက်ရွေးစင်အမျိုးသားအသင်းနှင့်

အမျိုးသမီးအသင်းများအနေဖြင့် မူလအတိုင်း ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိရန်

တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ အခွင့်အရေးပြန်ရမည်ဟု ယုံကြည်ကြောင်း” ပါရှိပါတယ်။

လောကကြီးမှာ တရားမျှတမှုကို ဆုံးဖြတ်ပေးမယ့်

မှန်ကန်တိကျတဲ့ တရားစီရင်ရေးတွေ ရှိနေပါစေ။

zawgyi

႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္က FIFA နဲ႔ UEFA ကို အားကစားဆိုင္ရာခု႐ုံး CAS ဆီမွာ တရားစြဲဆိုမႈ ျပဳလုပ္ထား

႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ သူတို႔ကို ေဘာလုံးၿပိဳင္ပြဲအားလုံးကေန

ခ်န္လွပ္ထားခဲ့တဲ့ ကိစၥရပ္နဲ႔ ပတ္သက္ၿပီး ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္

FIFA နဲ႔ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA တို႔ကို အားကစားဆိုင္ရာခု႐ုံး

CAS ဆီမွာ တရားစြဲဆိုမႈ ျပဳလုပ္ထားတယ္လို႔ သိရွိရပါတယ္။

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(FIFA)ႏွင့္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)တို႔ဟာ

ယူကရိန္းႏိုင္ငံအေပၚ ႐ုရွားႏိုင္ငံရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္

႐ုရွားကလပ္အသင္းမ်ားႏွင့္ လက္ေ႐ြးစင္အသင္းအားလုံးကို

ၿပိဳင္ပြဲယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခဲ့တာပါ။

႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္က FIFA ႏွင့္ UEFA တို႔ရဲ႕ဆုံးျဖတ္ခ်က္မွာ

အားကစားေလာက၏ တရားမွ်တမႈစည္းမ်ဥ္းကို

ခ်ိဳးေဖာက္ျခင္းျဖစ္တယ္လို႔ ဆိုထားပါတယ္။

႐ုရွားႏိုင္ငံဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္

လက္ခံက်င္းပခဲ့တဲ့ ႏိုင္ငံျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္

ေျခစစ္ပြဲ Play-off အဆင့္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ေသာ္လည္း

FIFA ႏွင့္ UEFA တို႔၏ပိတ္ပင္မႈေၾကာင့္ ယွဥ္ၿပိဳင္ခြင့္ မရရွိေတာ့ပါဘူး။

အယူခံဝင္မယ့္ အစီအစဥ္ႏွင့္ပတ္သက္ၿပီး ႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္က

ေၾကညာခ်က္ထုတ္ျပန္ခဲ့ရာတြင္ ”လက္ေ႐ြးစင္အမ်ိဳးသားအသင္းႏွင့္

အမ်ိဳးသမီးအသင္းမ်ားအေနျဖင့္ မူလအတိုင္း ျပန္လည္ယွဥ္ၿပိဳင္ခြင့္ရရွိရန္

ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း၊ အခြင့္အေရးျပန္ရမည္ဟု ယုံၾကည္ေၾကာင္း” ပါရွိပါတယ္။

ေလာကႀကီးမွာ တရားမွ်တမႈကို ဆုံးျဖတ္ေပးမယ့္

မွန္ကန္တိက်တဲ့ တရားစီရင္ေရးေတြ ရွိေနပါေစ။