
ယူကရိန်းအရေးမှာ အသံတိတ်နေကြတဲ့ ရုရှားဘောလုံးသမားတွေကို
စိတ်ပျက်မိကြောင်း မန်စီးတီးကြယ်ပွင့်ဇင်ချန်ကိုက ပြောကြားလိုက်ပါတယ်။
၂၅ နှစ်အရွယ် အဲဒီမန်စီးတီးဘယ်နောက်ခံလူဟာ
ပြီးခဲ့တဲ့ကြားရက်အက်ဖ်အေဖလားပွဲစဉ်မှာ
အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ကစားခဲ့ပြီး ပွဲမတိုင်ခင်မှာလည်း
ယူကရိန်းအလံကို ကွင်းထဲသယ်ဆောင်လာခဲ့တာပါ။
ရုရှားက ကျူးကျော်မှုလုပ်ခဲ့တဲ့ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကတည်းက
ယူကရိန်းနိုင်ငံသားတစ်သန်းလောက်ဟာ ဘေးကင်းရာကို ထွက်ပြေးသွားခဲ့ကြပြီး
အများစုကတော့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ဆက်နေကြခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက ဒီကိစ္စမှာ ယူကရိန်းဘက်က ရပ်တည်ခဲ့ကြခဲ့သလို
ကျူးကျော်မှုလုပ်ခဲ့တဲ့ရုရှားနိုင်ငံက ပြည်သူအချို့ဟာ
ဒီကိစ္စအတွက် ဆန္ဒပြပွဲတွေနဲ့ ဆန့်ကျင်မှုတွေလုပ်ခဲ့တာပါ။
ဒါပေမဲ့ ရုရှားဘောလုံးသမားတွေကတော့
ယူကရိန်းအရေးမှာ အခုချိန်ထိ နှုတ်ဆိတ်နေကြပါတယ်။
ရုရှားအသင်းခေါင်းဆောင်ဒီဇူဘာဆိုရင် သူတို့ကို ဖီဖာနဲ့ယူအီးအက်ဖ်အေက
အရေးယူတဲ့အပေါ် ဆန့်ကျင်ခဲ့ပြီး ရုရှားဖြစ်ရတာ ဂုဏ်ယူတယ်လို့ တုံ့ပြန်ပြောကြားခဲ့တာပါ။
နှုတ်ဆိတ်နေကြတဲ့ ယူကရိန်းဘောလုံးသမားတွေနဲ့ပတ်သက်လို့
ဇင်ချန်ကိုက”သူတို့အားလုံးထဲက တစ်ယောက်တစ်လေမှတောင်
ဘာတစ်ခုမှ မပြောလို့ ကျွန်တော်အံ့အားသင့်ရပါတယ်။
သူတု့ိထဲက အများစုဟာ လက်ရွေးစင်အသင်းမှာ ကစားနေသလို
Instagram နဲ့ Facebook တို့မှာ ဖော်လိုဝါအများကြီးရှိကြတာပါ။
ဒီစစ်ပွဲကိုရပ်ဖို့ အနည်းဆုံးတော့ သူတို့တစ်ခုခုလုပ်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့က ပြည်သူတွေကြားနိုင်အောင် လုပ်နိုင်တယ်လေ။
သူတို့ကြောက်နေကြလု့ိဆိုတာကိုလည်း ကျွန်တော်သိထားပါတယ်။
ဒါပေမဲ့ ဘာကို ကြောက်နေကြတာလဲဗျာ။ တခြားဘာမှ လုပ်တာမှ မဟုတ်တာ။
အနည်းဆုံးတော့ တစ်ခုခုပြောလို့ ရတာပဲဟာ။
ဘာကြောင့်မပြောတာလဲလို့ ကျွန်တော်လည်း မသိပါဘူး”လို့
ဘီဘီစီနဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
zawgyi
႐ုရွားေဘာလုံးသမားေတြ ယူကရိန္းအေရးမွာ ႏႈတ္ဆိတ္ေနၾက စိတ္ပ်က္ေၾကာင္း ဇင္ခ်န္ကို ေျပာၾကား
ယူကရိန္းအေရးမွာ အသံတိတ္ေနၾကတဲ့ ႐ုရွားေဘာလုံးသမားေတြကို
စိတ္ပ်က္မိေၾကာင္း မန္စီးတီးၾကယ္ပြင့္ဇင္ခ်န္ကိုက ေျပာၾကားလိုက္ပါတယ္။
၂၅ ႏွစ္အ႐ြယ္ အဲဒီမန္စီးတီးဘယ္ေနာက္ခံလူဟာ
ၿပီးခဲ့တဲ့ၾကားရက္အက္ဖ္ေအဖလားပြဲစဥ္မွာ
အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ကစားခဲ့ၿပီး ပြဲမတိုင္ခင္မွာလည္း
ယူကရိန္းအလံကို ကြင္းထဲသယ္ေဆာင္လာခဲ့တာပါ။
႐ုရွားက က်ဴးေက်ာ္မႈလုပ္ခဲ့တဲ့ လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကတည္းက
ယူကရိန္းႏိုင္ငံသားတစ္သန္းေလာက္ဟာ ေဘးကင္းရာကို ထြက္ေျပးသြားခဲ့ၾကၿပီး
အမ်ားစုကေတာ့ က်ဴးေက်ာ္မႈကို တြန္းလွန္ဖို႔ ဆက္ေနၾကခဲ့ပါတယ္။
ႏိုင္ငံတကာအသိုင္းအဝိုင္းက ဒီကိစၥမွာ ယူကရိန္းဘက္က ရပ္တည္ခဲ့ၾကခဲ့သလို
က်ဴးေက်ာ္မႈလုပ္ခဲ့တဲ့႐ုရွားႏိုင္ငံက ျပည္သူအခ်ိဳ႕ဟာ
ဒီကိစၥအတြက္ ဆႏၵျပပြဲေတြနဲ႔ ဆန႔္က်င္မႈေတြလုပ္ခဲ့တာပါ။
ဒါေပမဲ့ ႐ုရွားေဘာလုံးသမားေတြကေတာ့
ယူကရိန္းအေရးမွာ အခုခ်ိန္ထိ ႏႈတ္ဆိတ္ေနၾကပါတယ္။
႐ုရွားအသင္းေခါင္းေဆာင္ဒီဇူဘာဆိုရင္ သူတို႔ကို ဖီဖာနဲ႔ယူအီးအက္ဖ္ေအက
အေရးယူတဲ့အေပၚ ဆန႔္က်င္ခဲ့ၿပီး ႐ုရွားျဖစ္ရတာ ဂုဏ္ယူတယ္လို႔ တုံ႔ျပန္ေျပာၾကားခဲ့တာပါ။
ႏႈတ္ဆိတ္ေနၾကတဲ့ ယူကရိန္းေဘာလုံးသမားေတြနဲ႔ပတ္သက္လို႔
ဇင္ခ်န္ကိုက”သူတို႔အားလုံးထဲက တစ္ေယာက္တစ္ေလမွေတာင္
ဘာတစ္ခုမွ မေျပာလို႔ ကြၽန္ေတာ္အံ့အားသင့္ရပါတယ္။
သူတု႔ိထဲက အမ်ားစုဟာ လက္ေ႐ြးစင္အသင္းမွာ ကစားေနသလို
Instagram နဲ႔ Facebook တို႔မွာ ေဖာ္လိုဝါအမ်ားႀကီးရွိၾကတာပါ။
ဒီစစ္ပြဲကိုရပ္ဖို႔ အနည္းဆုံးေတာ့ သူတို႔တစ္ခုခုလုပ္ႏိုင္ပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ျပည္သူေတြၾကားႏိုင္ေအာင္ လုပ္ႏိုင္တယ္ေလ။
သူတို႔ေၾကာက္ေနၾကလု႔ိဆိုတာကိုလည္း ကြၽန္ေတာ္သိထားပါတယ္။
ဒါေပမဲ့ ဘာကို ေၾကာက္ေနၾကတာလဲဗ်ာ။ တျခားဘာမွ လုပ္တာမွ မဟုတ္တာ။
အနည္းဆုံးေတာ့ တစ္ခုခုေျပာလို႔ ရတာပဲဟာ။
ဘာေၾကာင့္မေျပာတာလဲလို႔ ကြၽန္ေတာ္လည္း မသိပါဘူး”လို႔
ဘီဘီစီနဲ႔အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။