ရုရှားဘီလျံနာ မိုဗစ်ကို ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း တယ်ရီ ကိုယ့်ရှူးကိုယ်ပြန်ပတ်

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း တယ်ရီဟာ

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို
ချီးမွမ်းခန်းဖွင့်ခဲ့မှုအတွက် ဗြိတိန်အလုပ်သမားရေးရာဝန်ကြီးတစ်ဦးရဲ့
ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပါလီမန်ထဲမှာ
”ဒီပုံစံအတိုင်းဆိုရင် ယူကရိန်းပြည်သူတွေက
အင်္ဂလန်အသင်ခေါင်းဆောင်ဟောင်းအပေါ်

ဘယ်လိုထင်နေမလဲ”လို့လည်း မေးခွန်းထုတ်သွားပါတယ်။


ရုရှားဘီလျံနာ မိုဗစ်က မိမိအနေနဲ့ ချဲလ်ဆီးအသင်းကို
ရောင်းချဖို့ ပြင်ဆင်နေကြောင်းနဲ့ အသင်းအပေါ်

တင်ရှိနေတဲ့ ကြွေးမြီ ပေါင် ၁.၅ ဘီလီယံကိုလည်း
လျှော်ပေးသွာမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မိုဗစ်က ရုရှားသမ္မတ ပူတင်နဲ့ အဝေးဆုံးမှာရှိနေဖို့အပြင်
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကနေ
ရှောင်လွှဲနိုင်ရေး ကြိုးစားမှုနေပါတယ်။

အဲဒီနောက် ချဲလ်ဆီးပရိသတ်တွေက ၂၀၀၃ခုနှစ်မှာ
အသင်းကို ပိုင်ဆိုင်လာပြီးနောက် သူ့လက်ထက်
ဆုဖလား ၂၁လုံးအထိ ရယူထားတဲ့ မိုဗစ်ချ်နဲ့
ပတ်သက်လို့ ဝိုင်းဝန်းချီးကျူးခဲ့ပါတယ်။


အဲဒီထဲမှာ မိုဗစ်လက်ထက် ချဲလ်ဆီးမှာ
ဆုဖလား ၁၆လုံးအထိ ရယူနိုင်ခဲ့တဲ့ တယ်ရီလည်း ပါဝင်ခဲ့ပြီး
သူက ”ကျေးဇူးပါ ရိုမန်၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းပိုင်ရှင်ပါပဲ”
လို့ ရေးသားချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လက ရုရှားရဲ့တစ်ဘက်သတ်
ကျူးကျော်ဝင်ရောက်မှုကြောင့် ယူကရိန်းပြည်သူတွေ
အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရချိန်မှာ
တယ်ရီရဲ့လုပ်ရပ်နဲ့ပတ်သက်လို ဝန်ကြီး
ခရစ္စဘရိုင်ယန့်က ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။


”မင်းက မိုဗစ်ချ် ချီးမွမ်းခန်းဖွင့်နေချိန်
ယူကရိန်းပြည်သူတွေကတော့ ဗုံးတွေ
အကျဲခံရ၊ အသတ်ခံနေရပါတယ်။

ဒီပို့စ်ကို သူ မြင် မမြင်ဆိုတာ ကျွန်တော်လည်း
မသိပါဘူး။ ဒါပေမို မိုဗစ်ချ်က ပူတင်ရဲ့
ခရိုနီတစ်ဦးဖြစ်ပြီး အခုတော့ ယူကရိန်း
ပြည်သူတွေက အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းအပေါ်
ဘယ်လိုထင်ကြမလဲ”လို့ သူ့ရဲ့

လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
ပရိသတ်တွေကလည်း တယ်ရီရဲ့ချီးကျူးမှုအပေါ်
ပြင်းထန်စွာဝေဖန်နေပြီး လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။