ရုရှားဖြစ်ရတာကို ဂုဏ်ယူတယ်ဆိုတဲ့ ရုရှားလက်ရွေးစင်အသင်းခေါင်းဆောင်ဒီဇူဘာ

ယူကရိန်းကို ကျုးကျော်တိုကျခိုက်မှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့လို့

လူမှုကွန်ရက်တွေမှာယူကရိန်းဘောလုံးသမားတွေရဲ့ဝေဖန်မှုတွေကို

ခံလိုက်ရတဲ့ ရုရှားလက်ရွေးစင်အသင်းခေါင်းဆောင်အာတမ်ဒီဇူဘားက

သူ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြန်လည် တုံ့ ပြန်လိုက်ပါပြီ။

အင်စတာဂရမ်ကနေ စာအရှည်ကြီးရေးကာ ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပြီး

အင်္ဂလန်မှာနေထိုင် ကစားနေတဲ့ယူကရိန်းကစားသမားတွေရဲ့

သူ့အပေါ်ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ရုရှားတပ်တွေဟာ ပူတင်ရဲ့ညွှန်ကြားမှုကြောင့်

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဖေဖော်ဝါရီ ၂၄ ကစပြီး

ယူကရိန်းနိုင်ငံထဲကို အပြည့်အဝကျူးကျော်လာခဲ့ပါတယ်။

ယူကရိန်းပြည်သူတွေဟာ ဒီကျူးကျော်စစ်ကို

နည်းပေါင်းစုံနဲ့တွန်းလှန်ကာကွယ်ခဲ့ကြသလိုယူကရိန်း သမ္မတဟာလည်း

နိုင်ငံကနေ ထွက်ပြေးတိန်းရှောင်ခဲ့တာမရှိဘဲ

ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်လျှက်ရှိနေပါတယ်။

အင်္ဂလန် ပရီမီးယားလိဂ်မှာ ကစားနေတဲ့ ဘောလုံးသမားတွေဟာလည်း

ဒီအရေးမှာ ပြောဆိုဝေဖန်မှုတွေလုပ်နေသလို

အဲဗာတန်နောက်ခံလူ မိုင်ကိုလန်ကို က မတရားကျူးကျော်မှုမှာ

နှုတ်ဆိတ်နေပြီး တစ်ခွန်းတောင်မဟရဲတဲ့ ဒီဇူဘားနဲ့

ရုရှားလက်ရွေးစင်တွေအပေါ်မှာ ပြင်းထန်တဲ့စကားလုံးတွေသုံးပြီး

ဝေဖန်ရေးသားထားပါတယ်။

ဒီဇူဘား၊ ရုရှားကစားသမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊

သားသမီးတွေဟာ မြေအောက်အကျဉ်းခန်းမှာပဲ

နေရတော့မယ်သူတွေလို့လည်းရေးသားထားလို့လည်း

ဇင်းနစ်မှာ ကစားနေတဲ့ ဒီဇူဘားက ဒီကနေ့၊ ဗုဒ္ဓဟူး ညနေပိုင်းမှာ

သူရဲ့ အင်စတာဂရမ်ကနေ ပိုစ်တစ်ခုရေးသားပြီး တုံ့ပြန်လိုက်တာပါ။

“ယူကရိန်းအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး

မကြာသေးခင်ကအထိ ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး။

ဒါက ကြောက်လို့ မဟုတ်ဘူး။ ဘာလို့ မပြောတာလည်းဆိုတော့

နိုင်ငံရေးမှာ ကျွန်တော်က ကျွမ်းကျင်သူ မဟုတ်လို့ပဲ။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှလည်း ဝင်မပါခဲ့ဘူး။

ဒါပေမယ့် ကျွန်တော်လည်း တခြားသူတွေလိုပဲ ကိုယ်ပိုင်အမြင်ရှိတာပေါ့။

အထူးသဖြင့် ကျွန်တော့်ကို ဦးတည်ပြီး ပြောလာကြတဲ့အခါမှာတော့

ကျွန်တော်လည်း ပြန်လည် ပြောရတော့မှာပါ။

“စစ်ကို ကျွန်တော် ဆန့်ကျင်တယ်။ စစ်က ကြောက်စရာလည်းကောင်းတယ်။

ဒါပေမယ့် လူတွေရဲ့ ရန်လိုမှုတွေနဲ့ တစ်ဖက်သားကို အလွန်တရာမုန်းတီးမှုတွေကိုလည်း

ကျွန်တော်ဆန့်ကျင်တယ်။ အဲ့ဒိမုန်းတီးမှုတွေက နေ့စဉ္နဲ့အမျှ ရနေတာ။ ”

” ရုရှား တစ်ယောက်ဖြစ်ရလို့တော့ ကျွန်တော် မကြောက်ပါဘူး။ ဂုဏ်လည်းယူတယ်။

” စစ်က ရပ်တန့်သွားမှာပါ။ ဒါပေမယ့် လူသားတွေအချင်းချင်း ဆက်ဆံရေးက ရှိနေဦးမှာပဲ။

မဆက်ဆံချင်ဘူးဆိုပြီး နောက်ပြန်ဆုတ်လို့လည်း မရဘူး။

ဒါကိုတော့ သတိပြုစေချင်တယ်။”လို့ ဒီဇူဘာက ဆိုပါတယ်။

ဒါ့အပြင် သူ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတဲ့

မိုင်ကိုလန်ကို၊ ယာမိုလန်ကိုတို့နဲ့ပတ်သက်ပြီး –

” အင်္ဂလန်က စံအိမ်တွေမှာနေပြီး **က်ယ် မနှစ်မြို့စရာတွေ ပြောနေကြတဲ့

တစ်ချို့ ဘောလုံးကစားဖော်တွေရဲ့ပြောဆိုမှုတွေကတော့

ကျွန်တော်တို့ကို မထိခိုက်ပါဘူး။ အားလုံးကိုလည်း နားလည်ပါတယ်။

လူတိုင်း လူတိုင်း ကောင်းခြင်းအဖြာဖြာနဲ့ ငြိမ်းချမ်းကြပါစေ” လို့

ဒီဇူဘာက တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi

႐ုရွားျဖစ္ရတာကို ဂုဏ္ယူတယ္ဆိုတဲ့ ႐ုရွားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဒီဇူဘာ

ယူကရိန္းကို က်ဳးေက်ာ္တိုက်ခိုက္မႈနဲ႔ ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနခဲ့လို႔

လူမႈကြန္ရက္ေတြမွာယူကရိန္းေဘာလုံးသမားေတြရဲ႕ေဝဖန္မႈေတြကို

ခံလိုက္ရတဲ့ ႐ုရွားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္အာတမ္ဒီဇူဘားက

သူ႔အေပၚ ေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီး ပထမဆုံးအႀကိမ္ ျပန္လည္ တုံ႔ ျပန္လိုက္ပါၿပီ။

အင္စတာဂရမ္ကေန စာအရွည္ႀကီးေရးကာ ျပန္လည္တုံ႔ျပန္လိုက္တာျဖစ္ၿပီး

အဂၤလန္မွာေနထိုင္ ကစားေနတဲ့ယူကရိန္းကစားသမားေတြရဲ႕

သူ႔အေပၚေဝဖန္မႈေတြကို ျပန္လည္ တုံ႔ျပန္လိုက္တာလည္းျဖစ္ပါတယ္။

႐ုရွားတပ္ေတြဟာ ပူတင္ရဲ႕ၫႊန္ၾကားမႈေၾကာင့္

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ေဖေဖာ္ဝါရီ ၂၄ ကစၿပီး

ယူကရိန္းႏိုင္ငံထဲကို အျပည့္အဝက်ဴးေက်ာ္လာခဲ့ပါတယ္။

ယူကရိန္းျပည္သူေတြဟာ ဒီက်ဴးေက်ာ္စစ္ကို

နည္းေပါင္းစုံနဲ႔တြန္းလွန္ကာကြယ္ခဲ့ၾကသလိုယူကရိန္း သမၼတဟာလည္း

ႏိုင္ငံကေန ထြက္ေျပးတိန္းေရွာင္ခဲ့တာမရွိဘဲ

ျပည္သူေတြနဲ႔အတူ တိုက္ပြဲဝင္လွ်က္ရွိေနပါတယ္။

အဂၤလန္ ပရီမီးယားလိဂ္မွာ ကစားေနတဲ့ ေဘာလုံးသမားေတြဟာလည္း

ဒီအေရးမွာ ေျပာဆိုေဝဖန္မႈေတြလုပ္ေနသလို

အဲဗာတန္ေနာက္ခံလူ မိုင္ကိုလန္ကို က မတရားက်ဴးေက်ာ္မႈမွာ

ႏႈတ္ဆိတ္ေနၿပီး တစ္ခြန္းေတာင္မဟရဲတဲ့ ဒီဇူဘားနဲ႔

႐ုရွားလက္ေ႐ြးစင္ေတြအေပၚမွာ ျပင္းထန္တဲ့စကားလုံးေတြသုံးၿပီး ေဝဖန္ေရးသားထားပါတယ္။

ဒီဇူဘား၊ ႐ုရွားကစားသမားေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြ၊

သားသမီးေတြဟာ ေျမေအာက္အက်ဥ္းခန္းမွာပဲ

ေနရေတာ့မယ္သူေတြလို႔လည္းေရးသားထားလို႔လည္း

ဇင္းနစ္မွာ ကစားေနတဲ့ ဒီဇူဘားက ဒီကေန႔၊ ဗုဒၶဟူး ညေနပိုင္းမွာ

သူရဲ႕ အင္စတာဂရမ္ကေန ပိုစ္တစ္ခုေရးသားၿပီး တုံ႔ျပန္လိုက္တာပါ။

“ယူကရိန္းအေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး

မၾကာေသးခင္ကအထိ ကြၽန္ေတာ္ ဘာမွ မေျပာခဲ့ပါဘူး။

ဒါက ေၾကာက္လို႔ မဟုတ္ဘူး။ ဘာလို႔ မေျပာတာလည္းဆိုေတာ့

ႏိုင္ငံေရးမွာ ကြၽန္ေတာ္က ကြၽမ္းက်င္သူ မဟုတ္လို႔ပဲ။

ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ဘယ္တုန္းကမွလည္း ဝင္မပါခဲ့ဘူး။

ဒါေပမယ့္ ကြၽန္ေတာ္လည္း တျခားသူေတြလိုပဲ ကိုယ္ပိုင္အျမင္ရွိတာေပါ့။

အထူးသျဖင့္ ကြၽန္ေတာ့္ကို ဦးတည္ၿပီး ေျပာလာၾကတဲ့အခါမွာေတာ့

ကြၽန္ေတာ္လည္း ျပန္လည္ ေျပာရေတာ့မွာပါ။

“စစ္ကို ကြၽန္ေတာ္ ဆန႔္က်င္တယ္။ စစ္က ေၾကာက္စရာလည္းေကာင္းတယ္။

ဒါေပမယ့္ လူေတြရဲ႕ ရန္လိုမႈေတြနဲ႔ တစ္ဖက္သားကို အလြန္တရာမုန္းတီးမႈေတြကိုလည္း

ကြၽန္ေတာ္ဆန႔္က်င္တယ္။ အဲ့ဒိမုန္းတီးမႈေတြက ေန႔စၪၷဲ့အမွ် ရေနတာ။ ”

” ႐ုရွား တစ္ေယာက္ျဖစ္ရလို႔ေတာ့ ကြၽန္ေတာ္ မေၾကာက္ပါဘူး။ ဂုဏ္လည္းယူတယ္။

” စစ္က ရပ္တန႔္သြားမွာပါ။ ဒါေပမယ့္ လူသားေတြအခ်င္းခ်င္း ဆက္ဆံေရးက ရွိေနဦးမွာပဲ။

မဆက္ဆံခ်င္ဘူးဆိုၿပီး ေနာက္ျပန္ဆုတ္လို႔လည္း မရဘူး။

ဒါကိုေတာ့ သတိျပဳေစခ်င္တယ္။”လို႔ ဒီဇူဘာက ဆိုပါတယ္။

ဒါ့အျပင္ သူ႔ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၾကတဲ့

မိုင္ကိုလန္ကို၊ ယာမိုလန္ကိုတို႔နဲ႔ပတ္သက္ၿပီး –

” အဂၤလန္က စံအိမ္ေတြမွာေနၿပီး **က္ယ္ မႏွစ္ၿမိဳ႕စရာေတြ ေျပာေနၾကတဲ့

တစ္ခ်ိဳ႕ ေဘာလုံးကစားေဖာ္ေတြရဲ႕ေျပာဆိုမႈေတြကေတာ့

ကြၽန္ေတာ္တို႔ကို မထိခိုက္ပါဘူး။ အားလုံးကိုလည္း နားလည္ပါတယ္။

လူတိုင္း လူတိုင္း ေကာင္းျခင္းအျဖာျဖာနဲ႔ ၿငိမ္းခ်မ္းၾကပါေစ” လို႔

ဒီဇူဘာက တုံ႔ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။