ရုရှားတို့ရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ယူကရိန်းပရီးမီးယားလိဂ်ကလပ်တစ်ခုပျက်ဆီး

ရုရှားတို့ရဲ့လေကြောင်းကနေဗုံးကျဲတိုက်ခိုက်မှုကြောင့်

ယူကရိန်းပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်တဲ့

အက်ဖ်စီ ဒက်စ်နာချာ နီဟက်ဖ် ရဲ့ကွင်းပျက်ဆီးသွားခဲ့ပါတယ်။

မတ်လ ၁၂ ညပိုင်းကတိုက်ခိုက်မှုမှာ ယူကရိန်းနိုင်ငံရဲ့မြောက်ပိုင်းမြို့ဖြစ်တဲ့

ချာနီဟက်ဖ် ကစာကြည့်တိုက်တစ်ခုအပြင်

အက်ဖ်စီဒက်စ်နာရဲ့ကွင်းပါပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ဒီကွင်းကို အိုလံပစ် အားကစားလေ့ကျင့်ရေးစင်တာ လို့ခေါ်ဆိုပြီး

၁၉၃၆ က တည်ဆောက်ခဲ့တာဖြစ်ကာ အက်ဖ်စီဒက်စ်နာရဲ့

အိမ်ကွင်းအဖြစ်သာမက ယူကရိန်းအမျိုးသမီးလက်ရွေးစင်အသင်း ကပါ

အိမ် ကွင်းအဖြစ်အသုံးပြုနေတာဖြစ်ပါတယ်။

တယ်လီဂရမ်မှာထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ

အဲဒီစာကြည့်တိုက်မှာကြီးမားတဲ့ အပေါက်ကြီးတစ်ခုဖြစ်သွားတဲ့အပြင်

အက်ဖ်စီဒက်စ်နာ ရဲ့ကွင်းလည်းကြီးမားတဲ့အပျက်အဆီးတွေ

အပုံလိုက်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ချာနီဟက်ဖ် မြို့ကိုရုရှားတပ်တွေဝိုင်းထားပြီး မြို့ရဲ့အစိတ်အပိုင်းအတော်များများလည်း

ပျက်ဆီးနေတာကို ဂြိုဟ်တု ကရတဲ့ပုံရိပ်တွေအရတွေ့ခဲ့ရပါတယ်။

ဒီလိုကွင်းပျက်ဆီးမှုကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကလည်းအတည်ပြုခဲ့ပြီး

ပျက်ဆီးနေတဲ့ပုံရိပ်တွေကိုပါထုတ်ပြန်ခဲ့ပါ တယ်။

အက်ဖ်စီဒက်စ်နာရဲ့ထုတ်ပြန်ချက်ထဲမှာရုရှားရဲ့တိုက်ခိုက်မှုကိုအရွဲ့တိုက်ဖော်ပြသွားခဲ့တာပါ။

ဒီအထဲမှာ”မော်စကို ကျူးကျော်သူတွေဟာ မြို့တော်ရဲ့စစ်ရေးအရအရေးအပါဆုံး

အဆောက်အအုံတွေကိုတိုက်ခိုက်ခဲ့တာ တတိယအကြိမ်မြောက် ပါ။

ကျွန်တော်တို့ရဲ့ဘောလုံးကွင်းလေ။ ညဘက်ကြီးဗုံးကျဲခံလိုက်ရတဲ့နောက်ဆက်တွဲပေါ့။

ဒါပေမယ့်ကျွန်တော်တို့ပြန်ပြီး တည်ဆောက်နိုင်စွမ်းရှိပြီး

ပိုပြီးလည်းကောင်းလာမှာဖြစ်သလို ပိုလည်းသန်မာလာမှာပါ။

အိမ်နီးချင်းဆိုတဲ့မင်းတို့တွေသာ ဒီလိုလုပ်ခဲ့တာကို

စိတ်ထဲမှစွဲပြီးတစ်သက်လုံးနေသွားရမှာ” လို့ဖော်ပြခဲ့တာပါ။

အက်ဖ်စီဒက်စ်နာ ဟာရုရှားရဲ့ကျူးကျော် မှုကိုတုံ့ပြန်ရာမှာ

ရှေ့ဆုံးကပါဝင်နေတဲ့ကလပ်ဖြစ်ပြီး သူတို့ရဲ့ယူ-၁၉ နည်းပြဖြစ်တဲ့

အက်လက်ဇန်းဒါးဆာဂျီဗစ်ချ် ဟာ နိုင်ငံကိုကာကွယ်ဖို့

ယူကရိန်းတပ်ထဲဝင်ရောက်သွားခဲ့သူဖြစ်ပါတယ်။

zawgyi

႐ုရွားတို႔ရဲ႕ ဗုံးက်ဲတိုက္ခိုက္မႈေၾကာင့္ ယူကရိန္းပရီးမီးယားလိဂ္ကလပ္တစ္ခုပ်က္ဆီး

႐ုရွားတို႔ရဲ႕ေလေၾကာင္းကေနဗုံးက်ဲတိုက္ခိုက္မႈေၾကာင့္

ယူကရိန္းပရီးမီးယားလိဂ္ကလပ္တစ္ခုျဖစ္တဲ့

အက္ဖ္စီ ဒက္စ္နာခ်ာ နီဟက္ဖ္ ရဲ႕ကြင္းပ်က္ဆီးသြားခဲ့ပါတယ္။

မတ္လ ၁၂ ညပိုင္းကတိုက္ခိုက္မႈမွာ ယူကရိန္းႏိုင္ငံရဲ႕ေျမာက္ပိုင္းၿမိဳ႕ျဖစ္တဲ့

ခ်ာနီဟက္ဖ္ ကစာၾကည့္တိုက္တစ္ခုအျပင္

အက္ဖ္စီဒက္စ္နာရဲ႕ကြင္းပါပ်က္စီးသြားခဲ့တာျဖစ္ပါတယ္။

ဒီကြင္းကို အိုလံပစ္ အားကစားေလ့က်င့္ေရးစင္တာ လို႔ေခၚဆိုၿပီး

၁၉၃၆ က တည္ေဆာက္ခဲ့တာျဖစ္ကာ အက္ဖ္စီဒက္စ္နာရဲ႕

အိမ္ကြင္းအျဖစ္သာမက ယူကရိန္းအမ်ိဳးသမီးလက္ေ႐ြးစင္အသင္း ကပါ

အိမ္ ကြင္းအျဖစ္အသုံးျပဳေနတာျဖစ္ပါတယ္။

တယ္လီဂရမ္မွာထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္အရ

အဲဒီစာၾကည့္တိုက္မွာႀကီးမားတဲ့ အေပါက္ႀကီးတစ္ခုျဖစ္သြားတဲ့အျပင္

အက္ဖ္စီဒက္စ္နာ ရဲ႕ကြင္းလည္းႀကီးမားတဲ့အပ်က္အဆီးေတြ

အပုံလိုက္ရွိေနတာကို ေတြ႕ခဲ့ရပါတယ္။

ခ်ာနီဟက္ဖ္ ၿမိဳ႕ကို႐ုရွားတပ္ေတြဝိုင္းထားၿပီး ၿမိဳ႕ရဲ႕အစိတ္အပိုင္းအေတာ္မ်ားမ်ားလည္း

ပ်က္ဆီးေနတာကို ၿဂိဳဟ္တု ကရတဲ့ပုံရိပ္ေတြအရေတြ႕ခဲ့ရပါတယ္။

ဒီလိုကြင္းပ်က္ဆီးမႈကို ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္းအတည္ျပဳခဲ့ၿပီ

း ပ်က္ဆီးေနတဲ့ပုံရိပ္ေတြကိုပါထုတ္ျပန္ခဲ့ပါ တယ္။

အက္ဖ္စီဒက္စ္နာရဲ႕ထုတ္ျပန္ခ်က္ထဲမွာ႐ုရွားရဲ႕တိုက္ခိုက္မႈကိုအ႐ြဲ႕တိုက္ေဖာ္ျပသြားခဲ့တာပါ။

ဒီအထဲမွာ”ေမာ္စကို က်ဴးေက်ာ္သူေတြဟာ ၿမိဳ႕ေတာ္ရဲ႕စစ္ေရးအရအေရးအပါဆုံး

အေဆာက္အအုံေတြကိုတိုက္ခိုက္ခဲ့တာ တတိယအႀကိမ္ေျမာက္ ပါ။

ကြၽန္ေတာ္တို႔ရဲ႕ေဘာလုံးကြင္းေလ။ ညဘက္ႀကီးဗုံးက်ဲခံလိုက္ရတဲ့ေနာက္ဆက္တြဲေပါ့။

ဒါေပမယ့္ကြၽန္ေတာ္တို႔ျပန္ၿပီး တည္ေဆာက္ႏိုင္စြမ္းရွိၿပီး

ပိုၿပီးလည္းေကာင္းလာမွာျဖစ္သလို ပိုလည္းသန္မာလာမွာပါ။

အိမ္နီးခ်င္းဆိုတဲ့မင္းတို႔ေတြသာ ဒီလိုလုပ္ခဲ့တာကို

စိတ္ထဲမွစြဲၿပီးတစ္သက္လုံးေနသြားရမွာ” လို႔ေဖာ္ျပခဲ့တာပါ။

အက္ဖ္စီဒက္စ္နာ ဟာ႐ုရွားရဲ႕က်ဴးေက်ာ္ မႈကိုတုံ႔ျပန္ရာမွာ

ေရွ႕ဆုံးကပါဝင္ေနတဲ့ကလပ္ျဖစ္ၿပီး သူတို႔ရဲ႕ယူ-၁၉ နည္းျပျဖစ္တဲ့

အက္လက္ဇန္းဒါးဆာဂ်ီဗစ္ခ်္ ဟာ ႏိုင္ငံကိုကာကြယ္ဖို႔

ယူကရိန္းတပ္ထဲဝင္ေရာက္သြားခဲ့သူျဖစ္ပါတယ္။