ယူကရိန်းကိုကျူးကျော်နေတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့အမြောက်နဲ့ပစ်ခတ်မှုကြောင့်
ရှက်တာဒိုးနက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူကရှက်တာလူငယ်အသင်းရဲ့နည်းပြ ဖြစ်ပြီး
ကလပ်အမှုဆောင်အရာရှိ ဆာရီပါလ်ကင် ကအတည်ပြုခဲ့တာဖြစ်ပါတယ်။
ပါလ်ကင်က ကြေညာချက်ထုတ်ပြန်ရာမှာ” ကလပ်ရဲ့ဝန်ထမ်းတွေထဲကတစ်ဦး
မနေ့တုန်းကသေဆုံးသွားပါတယ်။
သူဟာရုရှားတွေရဲ့အမြောက် နဲပစ်ခတ်မှုကြောင့်သေသွားတာပါ။
ရုရှား..မင်းတို့ဟာယူကရိန်းသားတွေကို သတ်ပစ်နေကြတာပါ။
မင်းတို့ ရဲ့ရူးသွပ်မှုကိုရပ်လိုက်ပါတော့။
တိတ်တိတ်မနေကြဘဲဝိုင်းပြီးပြောကြဆိုကြပါ” လို့ဖော်ပြခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းဟာ ယူကရိန်းမှာအောင်မြင်မှုအရှိဆုံး
အသင်းတွေထဲကတစ်ခုဖြစ်ပြီးအမှတ်ပေးချန် ပီယံဘွဲ့ကို ၁၃ ကြိမ်၊
ရှုံးထွက်ဖလားကို ၁၃ ကြိမ်၊ ယူကရိန်းစူပါဖလား ၉ ကြိမ်နဲ့
ယူအီးအက်ဖ်အေဖလားတစ်ကြိမ် တို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
နိုင်ငံရဲ့မြို့တော် ကိဗ်မှာအခြေစိုက်တဲ့ရှက်တာဒိုးနက် ဟာ
စစ်မဖြစ်ခင် မှာ ထိပ်ဆုံးကနေရပ်တည်နေတဲ့အသင်းဖြစ်ပြီး
လက်ရှိချန်ပီယံ ဒိုင်နမိုကိဗ်ကို ၂ မှတ်ဖြတ်ထားပါတယ်။
လက်ရှိမှာတော့ ယူကရိန်းပရီးမီးယားလိဂ်ကို
ရက် ၃၀ ရပ်နားထားကြောင်းလည်း သိရပါတယ်။
အခုသေဆုံးသွားတဲ့ လူငယ်နည်းပြဘယ်သူဖြစ်သလဲဆိုတာကိုတော့မသိရသေးပါဘူး။
မကြာသေးခင်က လည်း တိုက်ပွဲဝင်နေတဲ့ယူကရိန်းဘောလုံးသမား ၂ ဦးသေဆုံးခဲ့သေးလို့
ရုရှားကျူးကျော်မှု ၉ ရက်ပြည့် တဲ့နေ့မှာဘောလုံးလောက က
သေဆုံးသူ ၃ ဦးရှိသွားပြီဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းက
ရုရှားရဲ့ကျူး ကျော်မှုကိုအပြစ်တင်ခဲ့ပြီး
ယူကရိန်းဟာအချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။
zawgyi