ရုပ်သံပရိသတ်တွေအတွက် မရပ်စေချင်တော့တဲ့ပွဲတစ်ပွဲ

မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းနဲ့ လီဗာပူးနောက်ခံလူဟောင်း

ကာရေဂါတို့ဟာ Sky Sports ရုပ်သံရဲ့ Super Sunday အစီအစဉ်အဆုံးသတ်မှာ

တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ကြမှုဒီရေချိန် မြင့်တက်သွားခဲ့ရာ

ရုပ်သံပရိသတ်တွေအတွက် မရပ်စေချင်တော့တဲ့ပွဲတစ်ပွဲ ဖြစ်သွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့မန်ယူတို့ရဲ့ ၁-၁ သရေပွဲကို ဝေဖန်သုံးသပ်ဖို့အတွက် ရွိုင်ကိန်းနဲ့

ကာရေဂါတို့ဟာ ချဲလ်ဆီးဂန္ထဝင်ဟောင်းဟက်ဆယ်ဘိန့်နဲ့အတူ

ရုပ်သံစတူဒီယိုထဲမှာ အတူရှိခဲ့ကြတာပါ။

သူတို့နှစ်ယောက်ဟာ စီရော်နယ်ဒိုနဲ့ မန်ယူက သူ့ရဲ့အခန်းကဏ္ဍအကြောင်း

ဝေဖန်ဆွေးနွေးကြရာမှာ တစ်ေယာက်နဲ့တစ်ယောက်အချေတင်ဖြစ်ခဲ့ကြတာပါ။

ရွိုင်ကိန်းနဲ့ကာရေဂါတို့နှစ်ယောက်ဟာ အရင်ကလည်း Sky Sports ရဲ့

ရုပ်သံအစီအစဉ်မှာ အငြင်းအခုန်တွေရှိခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေပွဲကျရလောက်တဲ့အထိ

ဖြစ်သွားခဲ့ပြီး သူတို့အပြင်းအထန်ငြင်းခုန်နေရင်းနဲ့

အစီအစဉ်ပြီးသွားလို့ ဆန့်တငန့်ငန့်ဖြစ်ကျန်ခဲ့ကြရတယ်။ သူတို့နှစ်ယောက်ရဲ့

အပြင်းအထန်ငြင်းခုံကြမှုက ၅ မိနစ်ကျော်ကြာခဲ့ပြီး ၃၆ နှစ်အရွယ်မှာ

စီရော်နယ်ဒိုကို ပြန်ခေါ်ခဲ့တာ မှန်၊မမှန်အပေါ် အခြေပြုပြီး ငြင်းခုန်ကြတာပါ။

သူတို့နှစ်ယောက်ကြားမှာ ဟက်ဆယ်ဘိန့်က ထိုင်နေတာဖြစ်ပြီး

အသံတွေပိုမိုကျယ်လောင်လာချိန်မှာ အဲဒီနယ်သာလန်သားရဲ့

မျက်နှာပုံစံက ရယ်စရာကောင်းခဲ့ပါတယ်။

Sky Sports ရဲ့ပွဲဝေဖန်သုံးသပ်သူတစ်ယောက်ဖြစ်တဲ့ မန်ယူနောက်ခံလူဟောင်း

ဂယ်ရီနဗီးလ်ကတော့ ဒီတစ်ပတ်မှာ နားရက်ရထားလို့ မပါဝင်ဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ အဲဒီမန်ယူအသင်းခေါင်းဆောင်ဟောင်းဟာ လုပ်ဖော်ကိုင်ဖက်

ဘောလုံးဝေဖန်သူနှစ်ယောက် အမြင်မတူဖြစ်ကြတာကို ရယ်မောနေတဲ့ပို့စ်ကို

ဆိုရှယ်မီဒီယာထက်မှာ တင်ခဲ့ပါတယ်။ မန်ယူနဲ့တစ်ကျော့ပြန် ၁၄ ပွဲမှာ ၁၀ ဂိုး

သွင်းထားတဲ့ စီရော်နယ်ဒိုဟာ ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ

လူစားဝင်အဖြစ်သာ ဝင်ကစားခဲ့ပါတယ်။

zawgyi

႐ုပ္သံပရိသတ္ေတြအတြက္ မရပ္ေစခ်င္ေတာ့တဲ့ပြဲတစ္ပြဲ

မန္ယူအသင္းေခါင္းေဆာင္ေဟာင္း႐ြိဳင္ကိန္းနဲ႔ လီဗာပူးေနာက္ခံလူေဟာင္း

ကာေရဂါတို႔ဟာ Sky Sports ႐ုပ္သံရဲ႕ Super Sunday အစီအစဥ္အဆုံးသတ္မွာ

တစ္ေယာက္နဲ႔တစ္ေယာက္ ျငင္းခုန္ၾကမႈဒီေရခ်ိန္ ျမင့္တက္သြားခဲ့ရာ

႐ုပ္သံပရိသတ္ေတြအတြက္ မရပ္ေစခ်င္ေတာ့တဲ့ပြဲတစ္ပြဲ ျဖစ္သြားခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔မန္ယူတို႔ရဲ႕ ၁-၁ သေရပြဲကို ေဝဖန္သုံးသပ္ဖို႔အတြက္ ႐ြိဳင္ကိန္းနဲ႔

ကာေရဂါတို႔ဟာ ခ်ဲလ္ဆီးဂႏၴဝင္ေဟာင္းဟက္ဆယ္ဘိန႔္နဲ႔အတူ

႐ုပ္သံစတူဒီယိုထဲမွာ အတူရွိခဲ့ၾကတာပါ။

သူတို႔ႏွစ္ေယာက္ဟာ စီေရာ္နယ္ဒိုနဲ႔ မန္ယူက သူ႔ရဲ႕အခန္းက႑အေၾကာင္း

ေဝဖန္ေဆြးေႏြးၾကရာမွာ တစ္ေယာက္နဲ႔တစ္ေယာက္အေခ်တင္ျဖစ္ခဲ့ၾကတာပါ။

႐ြိဳင္ကိန္းနဲ႔ကာေရဂါတို႔ႏွစ္ေယာက္ဟာ အရင္ကလည္း Sky Sports ရဲ႕

႐ုပ္သံအစီအစဥ္မွာ အျငင္းအခုန္ေတြရွိခဲ့ၾကပါတယ္။

ဒါေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ ပရိသတ္ေတြပြဲက်ရေလာက္တဲ့အထိ

ျဖစ္သြားခဲ့ၿပီး သူတို႔အျပင္းအထန္ျငင္းခုန္ေနရင္းနဲ႔

အစီအစဥ္ၿပီးသြားလို႔ ဆန႔္တငန႔္ငန႔္ျဖစ္က်န္ခဲ့ၾကရတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕

အျပင္းအထန္ျငင္းခုံၾကမႈက ၅ မိနစ္ေက်ာ္ၾကာခဲ့ၿပီး ၃၆ ႏွစ္အ႐ြယ္မွာ

စီေရာ္နယ္ဒိုကို ျပန္ေခၚခဲ့တာ မွန္၊မမွန္အေပၚ အေျချပဳၿပီး ျငင္းခုန္ၾကတာပါ။

သူတို႔ႏွစ္ေယာက္ၾကားမွာ ဟက္ဆယ္ဘိန႔္က ထိုင္ေနတာျဖစ္ၿပီး

အသံေတြပိုမိုက်ယ္ေလာင္လာခ်ိန္မွာ အဲဒီနယ္သာလန္သားရဲ႕

မ်က္ႏွာပုံစံက ရယ္စရာေကာင္းခဲ့ပါတယ္။

Sky Sports ရဲ႕ပြဲေဝဖန္သုံးသပ္သူတစ္ေယာက္ျဖစ္တဲ့ မန္ယူေနာက္ခံလူေဟာင္း

ဂယ္ရီနဗီးလ္ကေတာ့ ဒီတစ္ပတ္မွာ နားရက္ရထားလို႔ မပါဝင္ျဖစ္ခဲ့ပါဘူး။

ဒါေပမဲ့ အဲဒီမန္ယူအသင္းေခါင္းေဆာင္ေဟာင္းဟာ လုပ္ေဖာ္ကိုင္ဖက္

ေဘာလုံးေဝဖန္သူႏွစ္ေယာက္ အျမင္မတူျဖစ္ၾကတာကို ရယ္ေမာေနတဲ့ပို႔စ္ကို

ဆိုရွယ္မီဒီယာထက္မွာ တင္ခဲ့ပါတယ္။ မန္ယူနဲ႔တစ္ေက်ာ့ျပန္ ၁၄ ပြဲမွာ ၁၀ ဂိုး

သြင္းထားတဲ့ စီေရာ္နယ္ဒိုဟာ ခ်ဲလ္ဆီးနဲ႔ကစားခဲ့တဲ့ပြဲမွာ

လူစားဝင္အျဖစ္သာ ဝင္ကစားခဲ့ပါတယ္။