ယူနိုက်တက်နည်းပြတန်ဟတ်က အသင်းအတွက်ဆန်ချိုကို
အမြန်ဆုံးပြန်လိုချင်နေပြီဖြစ်ပေမဲ့ အလျင်စလိုတွန်းအားပေးမှာ
မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်ရဲ့
ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာပြီဖြစ်ပေမဲ့
သီတင်းအတော်ကြာတဲ့အထိ တစ်ဦးတည်းလေ့ကျင့်ခန်းတွေသာ
ပြုလုပ်နေခဲ့သလို ကျန်အသင်းဖော်တွေနဲ့ပူးတွဲလေ့ကျင့်ဖို့အတွက်
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေမပြည့်စုံသေးဘူးလို့
တန်ဟတ်က ဆိုပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီဈေးကွက်ထဲမှာ
တိုက်စစ်မှူးသစ်ရှာပုံတော်ဖွင့်နေတာမှန်ပေမဲ့ ဆန်ချိုပြန်လာခြင်းက
တိုက်စစ်ပိုင်းအတွက် မကုန်မခမ်းနိုင်တဲ့အဖိုးတန်ထပ်လောင်းမှု
ဖြစ်လာလိမ့်မယ်လို့ တန်ဟတ်က ယုံကြည်နေတာဖြစ်တယ်။
အသက် ၂၂ နှစ်အရွယ်တောင်ပံတိုက်စစ်ကစားသမားဟာ
တိုးတက်မှုတွေအတွက်ကြိုးစားလုပ်ဆောင်နေပြီး အဆင်သင့်
မဖြစ်ခင်မှာပြန်လာဖို့အတွက်တွန်းအားပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့မှာအတားအဆီးတွေရှိပေမဲ့ သူလမ်းကြောင်းမှန်ပေါ်
ရောက်နေတယ်လို့ထင်ပါတယ်။ သူ အသင်းနဲ့ပူးတွဲလေ့ကျင့်ရေးကို
ပြန်လာတဲ့အခိုက်အတန့်မှာ ကျွန်တော်တကယ်ပျော်မိမှာပါ။
ဒါက နောက်တစ်ဆင့်ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာက စိတ်နဲ့လည်း
သက်ဆိုင်ပါတယ်။ အခုအချိန်မှာ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက်
အကောင်းဆုံးလုပ်ဆောင်နေပြီး ဒါက သူ့ကိုကူညီပေးပါလိမ့်မယ်။
ငါ ထင်တယ်၊ ငါမျှော်လင့်တယ်၊ သူအမြန်ဆုံးပြန်လာနိုင်ပေမယ့်
ဘယ်လောက်ကြာမယ်ဆိုတာမျိုးတော့ မပြောတတ်ပါဘူး။
သူ့ကိုအမြန်ဆုံးပြန်လိုချင်တယ်။ ကျွန်တော့်ရဲ့အာဏာနဲ့
အရာအားလုံးကို လုပ်ဆောင်လို့ရပေမဲ့ အချို့သောလုပ်ငန်းစဉ်တွေက
အတင်းအကြပ်လုပ်ခိုင်းလို့မရတာတွေရှိပါတယ်” လို့ တန်ဟတ်က ပြောဆိုသွားပါတယ်။
zawgyi
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်သည်းခံရဖို့ရှိပေမဲ့ ဆန်ချိုကိုအမြန်ဆုံးပြန်လိုချင်နေပြီ တန်ဟတ် ဝန်ခံ