ရုန်းကန်နေရတဲ့ ဆန်ချိုကို ဥရောပအသင်းကြီးတစ်သင်းဆီ ရောင်းထုတ်ဖို့ ယူနိုက်တက် ပြင်ဆင်လာ

စပိန်မှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ

ယူနိုက်တက်ဟာ အသင်းမှာ အထိုင်ကျဖို့
ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ဆန်ချိုကို
ဘာစီလိုနာအသင်းထံ ရောင်းထုတ်ဖို့
ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက

အသက် ၂၁ နှစ်အရွယ်ရှိ ဆန်ချိုကို
ဒေါ့မွန်ကနေ ပေါင် ၇၃သန်းနဲ့
ခေါ်ယူနိုင်ခဲ့ပေမယ့် ဆန်ချိုအနေနဲ့
ဒေါ့မွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး
ပြန်ရဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်အတွက်

ပြိုင်ပွဲစုံ ၂၃ပွဲမှာ စုစုပေါင်း ၂ဂိုးပဲသွင်းယူထားပါတယ်။


ယခုအခါ Nacional သတင်းဌာနရဲ့
ဖော်ပြချက်အရ ယူနိုက်တက်ဟာ သူတို့

သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး
ရမယ်ဆိုရင် ယခုရာသီအကုန်မှာပဲ
ဆန်ချိုကို ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီသတင်းစာရဲ့ ဆက်လက်ဖော်ပြချက်အရ
ဆန်ချိုဟာ နည်းပြဇာဗီရဲ့ဦးဆောင်မှုနဲ့အတူ

အသင်းကို လူငယ်တွေနဲ့တည်ဆောက်နေတဲ့
ဘာစီလိုနာရဲ့စိတ်ဝင်စားခြင်း ခံနေရတယ်လို့ သိရပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်နဲ့

၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဆန်ချိုက
သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ ဆက်သွယ်ခဲ့ပြီး
နူးကမ့်အခြေစိုက်အသင်းကလည်း ငြင်းဆန်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်က ဆန်ချိုကို ထုတ်ရောင်းလိုနေတာမှန်ပေမယ့်
ပေါင်သန်း ၅၀ထက် နည်းတဲ့ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို

ငြင်းဆန်ဖွယ်ရှိနေရာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့
ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအတွက်
ပြဿနာတစ်ရပ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ ယခုရာသီအကုန်မှာ
စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒမ်ဘီလီရဲ့နေရာမှာ

ဆန်ချိုနဲ့ အစားထိုးလိုနေတာဖြစ်ပါတယ်။