
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ က ဘာစီလိုနာအသင်းနဲ့
ရီးရဲလ်အသင်းတို့မှာ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ နဲ့ စီရော်နယ်ဒိုတို့
မရှိတော့ပေမဲ့ El Clasico ( ရီးရဲလ် vs ဘာစီလိုနာ ) ပွဲကတော့ ကမ္ဘာ့အကောင်းဆုံး
ပွဲဖြစ်နေဆဲပဲလို့ ပြောခဲ့ပါတယ်။ ဒီရာသီရဲ့ ပထမဆုံး El Clasico ပွဲကို
လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
အဲ့ဒီပွဲစဉ်ဟာ အရင်လို ပြိုင်ဆိုင်မှုပြင်းထန်နေဦးမယ်ထင်လားဆိုတဲ့
ESPN သတင်းဌာနရဲ့ မေးခွန်းအပေါ် ဘန်ဇီမာ က “ ကျွန်တော့်အတွက်တော့
အရင်အတိုင်းပါပဲ။ ဒီပွဲက ဘောလုံးလောကရဲ့ အကောင်းဆုံးပွဲအဖြစ်
တည်ရှိနေဆဲပါ။ ဘယ်ကစားသမားတွေ ထွက်သွားလဲ ၊ ဘယ်ကစားသမားအသစ်တွေ
ဝင်လာလဲ ၊ ဘယ်သူတွေပါဝင်ကစားမှာလဲ စတာတွေက အရေးမကြီးပါဘူး။
ရီးရဲလ်မက်ဒရစ် vs ဘာစီလိုနာ ဆိုတဲ့ ပွဲက သမိုင်းဝင်နေဆဲပါ။
အရင်တုန်းကတော့ ဇီဒန်း ၊ ရော်နယ်ဒင်ဟို ၊ ရော်နယ်ဒို ( ဒိုကြီး ) ၊ အီတူး စတဲ့
ကစားသမားတွေ ဒီပွဲမှာ ပါဝင်ကစားခဲ့ကြတယ်။ အခုတော့ ဒီပွဲမှာ
ပါဝင်ကစားမယ့်သူတွေက မတူညီတော့ဘူး။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်-ဘာစီလိုနာ
ပွဲကတော့ အမြဲတမ်းတူညီတဲ့ ရသကိုပေးနေဦးမယ့် ပွဲဖြစ်နေဦးမှာပါပဲ “ လို့
ပြန်လည် ဖြေဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဘန်ဇီမာ က မဟာပြိုင်ဖက် ဘာစီလိုနာ
အသင်းဟာ လက်ရှိအချိန်မှာ ကွင်းတွင်း ကွင်းပြင် အဖက်ဖက်က
အားလျော့နေတယ်ဆိုပေမဲ့ လျှော့တွက်လို့မရဘူးဆိုပြီးတော့လည်း အခုလို
ပြောခဲ့ပါသေးတယ်။ “ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်လို့ အကောင်းဆုံး
အချိန်ဆိုတာမျိုး ဘယ်တော့မှမရှိပါဘူး။ ဘာစီလိုနာ လို ထိပ်တန်း
အသင်းတွေကလည်း ရှုံးပွဲတွေကို ကြုံတွေ့နိုင်ပါတယ် ၊ ဒါပေမဲ့ သူတို့တွေက
အဲ့ဒီရှုံးပွဲတွေကနေ အမြဲပြန်လာနိုင်ခဲ့တာကြီးပဲ။ ဒီပွဲမျိုးက ကျွန်တော်တို့အနေနဲ့
ပေါ့ပေါ့တန်တန် သဘောထားလို့မရတဲ့ ပွဲမျိုးပါ။ သူတို့အသင်းက ကောင်းမွန်စွာ
မကစားနိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ ပေါ့လို့မရပါဘူး “ လို့ ဘန်ဇီမာ က ပြောခဲ့ပါတယ်။
zawgyi
ရီးရဲလ္ vs ဘာစီလိုနာပြဲက မက္ဆီ နဲ႔ စီေရာ္နယ္ဒို မပါလည္း ကမာၻ႔အေကာင္းဆုံးပြဲျဖစ္ေနဆဲပဲလို႔ ဘန္ဇီမာ ေျပာ
ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ျပင္သစ္တိုက္စစ္မႉး ဘန္ဇီမာ က ဘာစီလိုနာအသင္းနဲ႔
ရီးရဲလ္အသင္းတို႔မွာ ကမာၻေက်ာ္ကစားသမားေတြျဖစ္တဲ့ မက္ဆီ နဲ႔ စီေရာ္နယ္ဒိုတို႔
မရွိေတာ့ေပမဲ့ El Clasico ( ရီးရဲလ္ vs ဘာစီလိုနာ ) ပြဲကေတာ့ ကမာၻ႔အေကာင္းဆုံး
ပြဲျဖစ္ေနဆဲပဲလို႔ ေျပာခဲ့ပါတယ္။ ဒီရာသီရဲ႕ ပထမဆုံး El Clasico ပြဲကို
လာမယ့္ ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။
အဲ့ဒီပြဲစဥ္ဟာ အရင္လို ၿပိဳင္ဆိုင္မႈျပင္းထန္ေနဦးမယ္ထင္လားဆိုတဲ့
ESPN သတင္းဌာနရဲ႕ ေမးခြန္းအေပၚ ဘန္ဇီမာ က “ ကြၽန္ေတာ့္အတြက္ေတာ့
အရင္အတိုင္းပါပဲ။ ဒီပြဲက ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးပြဲအျဖစ္
တည္ရွိေနဆဲပါ။ ဘယ္ကစားသမားေတြ ထြက္သြားလဲ ၊ ဘယ္ကစားသမားအသစ္ေတြ
ဝင္လာလဲ ၊ ဘယ္သူေတြပါဝင္ကစားမွာလဲ စတာေတြက အေရးမႀကီးပါဘူး။
ရီးရဲလ္မက္ဒရစ္ vs ဘာစီလိုနာ ဆိုတဲ့ ပြဲက သမိုင္းဝင္ေနဆဲပါ။
အရင္တုန္းကေတာ့ ဇီဒန္း ၊ ေရာ္နယ္ဒင္ဟို ၊ ေရာ္နယ္ဒို ( ဒိုႀကီး ) ၊ အီတူး စတဲ့
ကစားသမားေတြ ဒီပြဲမွာ ပါဝင္ကစားခဲ့ၾကတယ္။ အခုေတာ့ ဒီပြဲမွာ
ပါဝင္ကစားမယ့္သူေတြက မတူညီေတာ့ဘူး။ ဒါေပမဲ့ ရီးရဲလ္မက္ဒရစ္-ဘာစီလိုနာ
ပြဲကေတာ့ အၿမဲတမ္းတူညီတဲ့ ရသကိုေပးေနဦးမယ့္ ပြဲျဖစ္ေနဦးမွာပါပဲ “ လို႔
ျပန္လည္ ေျဖဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး ဘန္ဇီမာ က မဟာၿပိဳင္ဖက္ ဘာစီလိုနာ
အသင္းဟာ လက္ရွိအခ်ိန္မွာ ကြင္းတြင္း ကြင္းျပင္ အဖက္ဖက္က
အားေလ်ာ့ေနတယ္ဆိုေပမဲ့ ေလွ်ာ့တြက္လို႔မရဘူးဆိုၿပီးေတာ့လည္း အခုလို
ေျပာခဲ့ပါေသးတယ္။ “ ဘာစီလိုနာအသင္းနဲ႔ ရင္ဆိုင္လို႔ အေကာင္းဆုံး
အခ်ိန္ဆိုတာမ်ိဳး ဘယ္ေတာ့မွမရွိပါဘူး။ ဘာစီလိုနာ လို ထိပ္တန္း
အသင္းေတြကလည္း ရႈံးပြဲေတြကို ႀကဳံေတြ႕ႏိုင္ပါတယ္ ၊ ဒါေပမဲ့ သူတို႔ေတြက
အဲ့ဒီရႈံးပြဲေတြကေန အၿမဲျပန္လာႏိုင္ခဲ့တာႀကီးပဲ။ ဒီပြဲမ်ိဳးက ကြၽန္ေတာ္တို႔အေနနဲ႔
ေပါ့ေပါ့တန္တန္ သေဘာထားလို႔မရတဲ့ ပြဲမ်ိဳးပါ။ သူတို႔အသင္းက ေကာင္းမြန္စြာ
မကစားႏိုင္ဘူးဆိုရင္ေတာင္ ကြၽန္ေတာ္တို႔အေနနဲ႔ ေပါ့လို႔မရပါဘူး “ လို႔ ဘန္ဇီမာ က ေျပာခဲ့ပါတယ္။