
မန်ယူနဲ့စာချုပ်သက်တမ်းတိုးဖို့ မရေမရာဖြစ်နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား
ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ရီးရဲလ်ဘက်က ပြန်ပြီး အာရုံစိုက်လာနေပြီလို့
ဗြိတိန်နဲ့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ ၂၈ နှစ်ရှိနေပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ
ပြင်သစ်အသင်းအတွက် ကစားပေးခဲ့စဥ္ ပေါင်ဒဏ်ရာရသွားခဲ့တာကြောင့်
အခု ၂၀၂၁ ခုနှစ်အတွင်း ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ ပေါ့ဂ်ဘာဟာ
မန်ယူနဲ့ ၂၀၂၂ ဇွန်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်သစ်သက်တမ်းတိုးဖို့ကိစ္စတွေက
ဘာမှ မထူးခြားသေးဘူးလို့ အေးဂျင့်ဖြစ်သူ ရွ ိုင်အိုလာက ပြောကြားထားပါတယ်။
ပေါ့ဂ်ဘာကိုယ်တိုင်ကတော့ သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေ ရှိကြပေမယ့်
သူကိုယ်တိုင်ကတော့ မန်ယူမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ ရင်းနှီးသူတွေကို
ပြောကြားထားကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။ ပေါ့ဂ်ဘာအနေနဲ့
လာမယ့် ဇန်နဝါရီအတွင်းမှာ သူပြောင်းရွေ့လိုတဲ့ အသင်းတိုင်းနဲ့ တရားဝင်
ဆွေးနွေးခွင့် ရရှိတော့မှာဖြစ်ပါတယ်။ သူ့ကို အသင်းဟောင်း ဂျူဗင်တပ်စ်၊
ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ ဆန္ဒရှိနေကြသလို ရီးရဲလ်ကလည်း ခေါ်ယူဖို့
ကာလရှည်ကြာပစ်မှတ်ထားလာခဲ့တာပါ။
ရီးရဲလ်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့
မိုဒရစ်၊ အစ္စကိုတို့ဟာ လာမယ့်နွေမှာ စာချုပ်ကုန်ဆုံးမှာဖြစ်သလို တိုနီခရူးစ်၊
ဆီဘယ်လို့စ်တို့ကလည်း ၂၀၂၃ ဇွန်မှာ စာချုပ်ကုန်ဆုံးတော့မှာဖြစ်လို့
ကွင်းလယ်ကစားသမား အစားထိုးဖို့အတွက် ရီးရဲလ်ရဲ့ ပေါ့ဂ်ဘာအပေါ်
စိတ်ဝင်စားမှုက ပြန်လည် မြင့်တက်လာတာဖြစ်ပါတယ်။
zawgyi
ရီးရဲလ္အသင္းဟာ မန္ယူနဲ႔ စာခ်ဳပ္တိုးဖို႔ မေရမရာျဖစ္ေနတဲ့ ေပါ့ဂ္ဘာကို ေခၚယူဖို႔ အာ႐ုံျပန္စိုက္လာ
မန္ယူနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ မေရမရာျဖစ္ေနတဲ့ ျပင္သစ္ကြင္းလယ္ကစားသမား
ေပါ့ဂ္ဘာကို ေခၚယူဖို႔ ရီးရဲလ္ဘက္က ျပန္ၿပီး အာ႐ုံစိုက္လာေနၿပီလို႔
ၿဗိတိန္နဲ႔ စပိန္မီဒီယာေတြက ေဖာ္ျပပါတယ္။ ၂၈ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေပါ့ဂ္ဘာဟာ
ျပင္သစ္အသင္းအတြက္ ကစားေပးခဲ့စၪ္ ေပါင္ဒဏ္ရာရသြားခဲ့တာေၾကာင့္
အခု ၂၀၂၁ ခုႏွစ္အတြင္း ကစားႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ေပါ့ဂ္ဘာဟာ
မန္ယူနဲ႔ ၂၀၂၂ ဇြန္အထိ စာခ်ဳပ္သက္တမ္းရွိေနၿပီး စာခ်ဳပ္သစ္သက္တမ္းတိုးဖို႔ကိစၥေတြက
ဘာမွ မထူးျခားေသးဘူးလို႔ ေအးဂ်င့္ျဖစ္သူ ႐ြ ိုင္အိုလာက ေျပာၾကားထားပါတယ္။
ေပါ့ဂ္ဘာကိုယ္တိုင္ကေတာ့ သူ႔ကိုစိတ္ဝင္စားေနတဲ့အသင္းေတြ ရွိၾကေပမယ့္
သူကိုယ္တိုင္ကေတာ့ မန္ယူမွာပဲ ဆက္ေနဖို႔ ဆႏၵရွိေနတယ္လို႔ ရင္းႏွီးသူေတြကို
ေျပာၾကားထားေၾကာင္းလည္း သတင္းေတြ ထြက္ေနပါတယ္။ ေပါ့ဂ္ဘာအေနနဲ႔
လာမယ့္ ဇန္နဝါရီအတြင္းမွာ သူေျပာင္းေ႐ြ႕လိုတဲ့ အသင္းတိုင္းနဲ႔ တရားဝင္
ေဆြးေႏြးခြင့္ ရရွိေတာ့မွာျဖစ္ပါတယ္။ သူ႔ကို အသင္းေဟာင္း ဂ်ဴဗင္တပ္စ္၊
ပီအက္စ္ဂ်ီတို႔က ေခၚယူဖို႔ ဆႏၵရွိေနၾကသလို ရီးရဲလ္ကလည္း ေခၚယူဖို႔
ကာလရွည္ၾကာပစ္မွတ္ထားလာခဲ့တာပါ။ ရီးရဲလ္ကြင္းလယ္ကစားသမားေတြျဖစ္တဲ့
မိုဒရစ္၊ အစၥကိုတို႔ဟာ လာမယ့္ေႏြမွာ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္သလို တိုနီခ႐ူးစ္၊
ဆီဘယ္လို႔စ္တို႔ကလည္း ၂၀၂၃ ဇြန္မွာ စာခ်ဳပ္ကုန္ဆုံးေတာ့မွာျဖစ္လို႔
ကြင္းလယ္ကစားသမား အစားထိုးဖို႔အတြက္ ရီးရဲလ္ရဲ႕ ေပါ့ဂ္ဘာအေပၚ
စိတ္ဝင္စားမႈက ျပန္လည္ ျမင့္တက္လာတာျဖစ္ပါတယ္။