ရီးရဲလ်အတွက် သွေးမြေကျတဲ့အထိ ပေးဆပ်ကစားသွားခဲ့တဲ့ နောက်ခံလူ ရူဒီဂါ

ရှက်တာဒိုးနက်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် နောက်ဆုံးမိ နစ်သွင်းဂိုးကို အကောင်းဆုံး ပေးဆပ်သွင်းယူခဲ့တဲ့ နောက်ခံလူ ရူဒီဂါအတွက် ပရိသတ်တွေ ချီးမွမ်းနေကြပြီဖြစ်ပါတယ်။

ရီးရဲလ်ဟာ ရှက်တာနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ အိမ်ရှင်အသင်းအပေါ် ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ဂိုးရ ဖို့ကတော့ ရုန်းကန်ခဲ့ရတဲ့ အသင်းပါ။

ဒါ့အပြင် ဒုတိယပိုင်း ပြန်စချိန်မှာတော့ အမှတ်မထဲဘဲ ရီးရဲလ်တို့ ဂိုးပေးလိုက်ရတယ်။

ဒီဂိုးကို ယူကရိန်း ဘယ် နောက်ခံလူ မိုင်ခါအီလီချန်ကိုရဲ့ ဖြတ်တင်ပေးမှုကတစ်ဆင့် ယူကရိန်း လက်ရွေးစင်တိုက်စစ်မှူး ဇပ်ကော့ဗ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါ တယ်။

အဲဒီနောက်မှာ ရီးရဲလ်ဟာ တိုက်စစ်အရှိန်မြှင့်ခဲ့ပြီး ချေပဂိုးရဖို့ ကြိုးစား ခဲ့ပေမယ့်လည်း ရှက်တာဒိုးနက်ရဲ့ ခံစစ်စုဖွဲ့မှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ဒုတိယပိုင်း နာကျင်အချိန်ပို ၉၀+၅ မိနစ်မှာတော့ တိုနီခရူးစ်ရဲ့ ဖြတ် တင်ပေးမှုကတစ်ဆင့် Centre Ovrelap လိုက်လုပ်ပေးတဲ့ ရူဒီဂါက ခေါင်း တိုက်သွင်းယူခဲ့လို့ ရီးရဲလ်တို့ ချေပဂိုးရသွားခဲ့တာဖြစ်ပါတယ်။

ဒီအတွက် နောက်ခံလူ ရူဒီဂါ ပေးဆပ်လိုက်ရတာကတော့ မျက်ခုံးကွဲသွားတာပဲ ဖြစ်ပါ တယ်။

ဒီဂိုးကို ခေါင်းတိုက်သွင်းယူချိန်မှာ ရူဒီဂါဟာ ပြိုင်ဘက် ဂိုးသမား အနာတိုလီနဲ့ကို ခေါင်းနဲ့ ဝင်ဆောင့်မိတာကြောင့် ဘယ်ဘက်မျက်ခုံး အပေါ် ဘက်နားမှာ ကွဲထွက်သွားခဲ့ပြီး သွေးတွေ တရစပ် ယိုစီးကျခဲ့ပါတယ်။

ဒါကြောင့် အခုလိုမျိုး အသင်းအတွက် စတေးခံပြီး သရေတစ်မှတ်ရယူပေးသွားခဲ့တဲ့ ရူဒီဂါကို ပရိသတ်တွေက ချီးမွမ်းခဲ့ကြပါတယ်။

‘’ရီးရဲလ်အတွက် ချေပဂိုးသွင်း ပေးရင်းနဲ့ ရူဒီဂါဟာ သူ့ရဲ့ မျက်ခုံးဟာ လုံးလုံးလျားလျား ကွဲသွားခဲ့တယ်။

ရှက်တာနဲ့ပွဲမှာ သူတို့အသင်း တစ်မှတ်ရဖို့အတွက်ပေါ့လေ။

တကယ့်ကို ပြီးပြည့်စုံတဲ့ စတေးမှုပါပဲ’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ချီးမွမ်းခဲ့ပါတယ်။

ဒုတိယ တစ်ယောက်ကတော့ ‘’ရီးရဲလ်အတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ ရူဒီဂါကို ကြည့် ကြပါဦးဗျာ’’ လို့ သွေးတွေထွက်နေတဲ့ ပုံကို တင်ပြီး ပြခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာကျော် ဘောလုံးဝက်ဘ်ဆိုက် Goal ကလည်းပဲ သူတို့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေတစ်ဆင့် ‘’ရူဒီဂါဟာ တကယ့် စစ်သည်တော်ပဲ’’ လို့ ချီးမွမ်းရေးသားခဲ့ပါတယ်။

ဒီပွဲမှာ သရေကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်ဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) အပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စု (F) ကို ဦး ဆောင်နေပါတယ်။

(Zawgyi)

ရီးရဲလ္အတြက္ ေသြးေျမက်တဲ့အထိ ေပးဆပ္ကစားသြားခဲ့တဲ့ ေနာက္ခံလူ ႐ူဒီဂါ

ရွက္တာဒိုးနက္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ ေနာက္ဆုံးမိ နစ္သြင္းဂိုးကို အေကာင္းဆုံး ေပးဆပ္သြင္းယူခဲ့တဲ့ ေနာက္ခံလူ ႐ူဒီဂါအတြက္ ပရိသတ္ေတြ ခ်ီးမြမ္းေနၾကၿပီျဖစ္ပါတယ္။ ရီးရဲလ္ဟာ ရွက္တာနဲ႔ ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ အိမ္ရွင္အသင္းအေပၚ ဖိအားေပးႏိုင္ခဲ့ေပမယ့္လည္း ဂိုးရ ဖို႔ကေတာ့ ႐ုန္းကန္ခဲ့ရတဲ့ အသင္းပါ။

ဒါ့အျပင္ ဒုတိယပုိင္း  ျပန္စခ်ိန္မွာေတာ့ အမွတ္မထဲဘဲ ရီးရဲလ္တို႔ ဂိုးေပးလိုက္ရတယ္။ ဒီဂိုးကို ယူကရိန္း ဘယ္ ေနာက္ခံလူ မိုင္ခါအီလီခ်န္ကိုရဲ႕ ျဖတ္တင္ေပးမႈကတစ္ဆင့္ ယူကရိန္း လက္ေ႐ြးစင္တိုက္စစ္မႉး ဇပ္ေကာ့ဗ္က ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ပါ တယ္။ အဲဒီေနာက္မွာ ရီးရဲလ္ဟာ တိုက္စစ္အရွိန္ျမႇင့္ခဲ့ၿပီး ေခ်ပဂိုးရဖို႔ ႀကိဳးစား ခဲ့ေပမယ့္လည္း ရွက္တာဒိုးနက္ရဲ႕ ခံစစ္စုဖြဲ႕မႈကို မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ ဒုတိယပိုင္း နာက်င္အခ်ိန္ပို ၉၀+၅ မိနစ္မွာေတာ့ တိုနီခ႐ူးစ္ရဲ႕ ျဖတ္ တင္ေပးမႈကတစ္ဆင့္ Centre Ovrelap လိုက္လုပ္ေပးတဲ့ ႐ူဒီဂါက ေခါင္း တိုက္သြင္းယူခဲ့လို႔ ရီးရဲလ္တို႔ ေခ်ပဂိုးရသြားခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ ေနာက္ခံလူ ႐ူဒီဂါ ေပးဆပ္လိုက္ရတာကေတာ့ မ်က္ခုံးကြဲသြားတာပဲ ျဖစ္ပါ တယ္။

ဒီဂိုးကို ေခါင္းတိုက္သြင္းယူခ်ိန္မွာ ႐ူဒီဂါဟာ ၿပိဳင္ဘက္ ဂိုးသမား အနာတိုလီနဲ႔ကို ေခါင္းနဲ႔ ဝင္ေဆာင့္မိတာေၾကာင့္ ဘယ္ဘက္မ်က္ခုံး အေပၚ ဘက္နားမွာ ကြဲထြက္သြားခဲ့ၿပီး ေသြးေတြ တရစပ္ ယိုစီးက်ခဲ့ပါတယ္။ ဒါေၾကာင့္ အခုလိုမ်ိဳး အသင္းအတြက္ စေတးခံၿပီး သေရတစ္မွတ္ရယူေပးသြားခဲ့တဲ့ ႐ူဒီဂါကို ပရိသတ္ေတြက ခ်ီးမြမ္းခဲ့ၾကပါတယ္။

‘’ရီးရဲလ္အတြက္ ေခ်ပဂိုးသြင္း ေပးရင္းနဲ႔ ႐ူဒီဂါဟာ သူ႔ရဲ႕ မ်က္ခုံးဟာ လုံးလုံးလ်ားလ်ား ကြဲသြားခဲ့တယ္။

ရွက္တာနဲ႔ပြဲမွာ သူတို႔အသင္း တစ္မွတ္ရဖို႔အတြက္ေပါ့ေလ။ တကယ့္ကို ၿပီးျပည့္စုံတဲ့ စေတးမႈပါပဲ’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ခ်ီးမြမ္းခဲ့ပါတယ္။

ဒုတိယ တစ္ေယာက္ကေတာ့ ‘’ရီးရဲလ္အတြက္ ေခ်ပဂိုးသြင္းေပးခဲ့တဲ့ ႐ူဒီဂါကို ၾကည့္ ၾကပါဦးဗ်ာ’’ လို႔ ေသြးေတြထြက္ေနတဲ့ ပုံကို တင္ၿပီး ျပခဲ့ပါတယ္။

ဒါ့အျပင္ ကမာၻေက်ာ္ ေဘာလုံးဝက္ဘ္ဆိုက္ Goal ကလည္းပဲ သူတို႔ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေနတစ္ဆင့္ ‘’႐ူဒီဂါဟာ တကယ့္ စစ္သည္ေတာ္ပဲ’’ လို႔ ခ်ီးမြမ္းေရးသားခဲ့ပါတယ္။

ဒီပြဲမွာ သေရကစားႏိုင္ခဲ့တာေၾကာင့္ ရီးရဲလ္ဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ (၄) အၿပီးမွာ ရမွတ္ ၁၀ မွတ္နဲ႔ အုပ္စု (F) ကို ဦး ေဆာင္ေနပါတယ္။