
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း
ကုန်ဆုံးမယ့် ဝါရင့် ဘရာဇီးဘယ်နောက်ခံလူ မာဆယ်လိုဟာ
သူ့ရဲ့ ငယ်ဘဝကလပ် ဖလူမင်နိစ်အသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့
ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း သိရပါတယ်။
မာဆယ်လိုကို ခေါ်ယူချင်တဲ့ ဥရောပထိပ်တန်းကလပ်တွေ အများကြီးရှိနေခဲ့ပေမယ့်
ကစားသမားက ရီးရဲလ်မဟုတ်တဲ့ အခြားဥရောပအသင်းတွေမှာ
မကစားပေးချင်တာကြောင့် မွေးရပ်မြေဘရာဇီးကို ပြန်သွားမှာဖြစ်တယ်လို့လည်း
The Sun က ဖော်ပြခဲ့ပါတယ်။
ကလပ်အသင်းဘက်ကလည်းမာဆယ်လိုကို စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆန္ဒမရှိတော့ဘဲ
အလွတ်ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီလို့လည်း ဆိုပါတယ်။
မာဆယ်လိုဟာ ဖလူမင်နိစ်အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့
ကစားသမား တစ်ဦး ဖြစ်ပြီး အဲဒီကနေမှတစ်ဆင့် ရီးရဲလ်မက်ဒရစ်အသင်းဆီ
ရောက်ရှိလာကာ ဥရောပမြေမှာ အောင်မြင်မှု အလီလီ ဆွတ်ခူးနိုင်ခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အတွက် မာဆယ်လိုက ၅၃၃ ပွဲအထိကစားပေးခဲ့ပြီး
ချန်ပီယံလိဂ်ဖလား ၄ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ အသင်းခေါင်းဆောင်အဖြစ် ဒီရာသီမှာ
ခန့်အပ်ခံခဲ့ရပြီး ဒါဟာ နှစ်ပေါင်း ၁၁၇ နှစ်အတွင်းမှာ
စပိန်သားမဟုတ်တဲ့ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ရီးရဲလ်မှာ
မှတ်တမ်းဝင်ခဲ့ပါတယ်။ လျင်မြန်တဲ့ကစားပုံ၊ လှပတဲ့ဖြတ်တင်ဘောတွေနဲ့
လိုအပ်ရင် လှပတဲ့သွင်းဂိုးတွေကိုပါ ရယူပေးနိုင်တဲ့ မာဆယ်လိုဟာ
ကစားသမားဘဝမှာ နာမည်ကျော်ကစားသမားအများအပြားနဲ့
တွဲဖက်ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
zawgyi
ရီးရဲလ္မဟုတ္ရင္ ဖလူမင္နိစ္မွာပဲ ကစားမယ့္ မာဆယ္လို
ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးမယ့္ ဝါရင့္ ဘရာဇီးဘယ္ေနာက္ခံလူ မာဆယ္လိုဟာ
သူ႔ရဲ႕ ငယ္ဘဝကလပ္ ဖလူမင္နိစ္အသင္းဆီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔
ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိသြားခဲ့ေၾကာင္း သိရပါတယ္။
မာဆယ္လိုကို ေခၚယူခ်င္တဲ့ ဥေရာပထိပ္တန္းကလပ္ေတြ အမ်ားႀကီးရွိေနခဲ့ေပမယ့္
ကစားသမားက ရီးရဲလ္မဟုတ္တဲ့ အျခားဥေရာပအသင္းေတြမွာ
မကစားေပးခ်င္တာေၾကာင့္ ေမြးရပ္ေျမဘရာဇီးကို ျပန္သြားမွာျဖစ္တယ္လို႔လည္း
The Sun က ေဖာ္ျပခဲ့ပါတယ္။ ကလပ္အသင္းဘက္ကလည္း
မာဆယ္လိုကို စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုဖို႔ ဆႏၵမရွိေတာ့ဘဲ
အလြတ္ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္ထားၿပီးၿပီလို႔လည္း ဆိုပါတယ္။
မာဆယ္လိုဟာ ဖလူမင္နိစ္အသင္းရဲ႕ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့
ကစားသမား တစ္ဦး ျဖစ္ၿပီး အဲဒီကေနမွတစ္ဆင့္ ရီးရဲလ္မက္ဒရစ္အသင္းဆီ
ေရာက္ရွိလာကာ ဥေရာပေျမမွာ ေအာင္ျမင္မႈ အလီလီ ဆြတ္ခူးႏိုင္ခဲ့တာပါ။
ရီးရဲလ္မက္ဒရစ္အတြက္ မာဆယ္လိုက ၅၃၃ ပြဲအထိကစားေပးခဲ့ၿပီး
ခ်န္ပီယံလိဂ္ဖလား ၄ လုံး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူဟာ အသင္းေခါင္းေဆာင္အျဖစ္
ဒီရာသီမွာ ခန႔္အပ္ခံခဲ့ရၿပီး ဒါဟာ ႏွစ္ေပါင္း ၁၁၇ ႏွစ္အတြင္းမွာ
စပိန္သားမဟုတ္တဲ့ အသင္းေခါင္းေဆာင္တစ္ဦးအျဖစ္ ရီးရဲလ္မွာ
မွတ္တမ္းဝင္ခဲ့ပါတယ္။ လ်င္ျမန္တဲ့ကစားပုံ၊ လွပတဲ့ျဖတ္တင္ေဘာေတြနဲ႔
လိုအပ္ရင္ လွပတဲ့သြင္းဂိုးေတြကိုပါ ရယူေပးႏိုင္တဲ့ မာဆယ္လိုဟာ
ကစားသမားဘဝမွာ နာမည္ေက်ာ္ကစားသမားအမ်ားအျပားနဲ႔
တြဲဖက္ကစားႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။