ရီးရဲလ်မက်ဒရစ်ဆီ ပြန်ခေါ်ပေးဖို့ စီရော်နယ်ဒို တောင်းဆိုခဲ့တယ်လို့ သတင်းထွက်လာ

မန်ယူနဲ့ အိပ်မက်ဆိုးကို အဆုံးသတ်ချင်နေတဲ့ စီရော်နယ်ဒိုဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အနေနဲ့ သူ့ကို ပြန်ခေါ်ဖို့အတွက် ကမ်းလှမ်းမှုတစ်ရပ် လုပ်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ နေပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးက မန်ယူဟာ သူ့ကို သစ္စာဖောက်တယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် အတော်မသတ်နိုင်တောတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

ဒါကြောင့် စပိန်ထိပ်သီးကလပ် အနေနဲ့ သူ့ကို ၆ လ စာချုပ်တစ်ရပ်နဲ့ ပြန်ခေါ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Sport သတင်းစာရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။ ပြင်သစ်လက်ရွေး စင်အသင်းနဲ့အတူ

လေ့ကျင့်ခန်းဆင်းရင်းနဲ့ ညာဘက် ပေါင်ခြံကြွက်သား ဒဏ်ရာရသွားတဲ့ ဘန်ဇီမာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားဖို့ မရှိတော့သလို အဲဒီပြိုင်ပွဲအပြီးမှာလည်း ကလပ်အသင်းနဲ့အတူ ပြန်လည်ပါဝင်လာနိုင်ဖို့

မရေရာ မသေချာတဲ့ အနေအထားပါ။ ဒါကြောင့် ဘန်ဇီ မာနေရာမှာ အစားထိုးတဲ့အနေနဲ့ သူ့ကို ပြန်ခေါ်ပေးဖို့ စီရော်နယ်ဒိုက တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ မန်ယူကလည်း

စီရော်နယ်ဒိုရဲ့ စာချုပ်အတွက် ပေးရန်ကျန်ရှိတဲ့ လစာငွေ ပေါင် ၁၆ သန်းကို မပေးဘဲ စာချုပ်ဖျက်သိမ်းပစ်ဖို့ စဉ်းစားနေတာမျိုး ရှိပါတယ်။ စီရော် နယ်ဒိုဟာ အလုပ်သမားတစ်ယောက်

လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တွေကို ချိုးဖောက်ခဲ့တယ်လို့ မန်ချက်စတာကလပ်ဘက်က ယူဆနေပြီး နည်းပြ တန်ဟတ်အပါအဝင် အသင်းပိုင်ရှင်တွေကိုပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင်း

အရေးယူမှာ ဖြစ်တယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးပါပြီ။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အင်္ဂါနေ့မှာ ကစားမယ့် ဂါနာနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ လက်ရွေးစင်အသင်းနဲ့အတူ

ပါဝင်လာဖို့ ရှိနေပါတယ်။ မန်ယူနဲ့အတူ အဆင်မပြေမှုတွေ အများကြီးရှိခဲ့ပေမဲ့ လက်ရှိမှာတော့ နိုင်ငံလက်ရွေးစင်အသင်းတာဝန်ကို ဦးဆွေးဆံမြေ့ ထမ်းရွက် ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ စီရော်နယ်ဒိုက

လူမှုကွန်ရက်ကနေတစ်ဆင့် ထုတ်ပြောခဲ့ပြီး ဖြစ်ပါတယ်။

(Zawgyi)

ရီးရဲလ္မက္ဒရစ္ဆီ ျပန္ေခၚေပးဖို႔ စီေရာ္နယ္ဒို ေတာင္းဆိုခဲ့တယ္လို႔ သတင္းထြက္လာ

မန္ယူအသင္းနဲ႔ အိပ္မက္ဆိုးကို အဆုံးသတ္ခ်င္ေနတဲ့ စီေရာ္နယ္ဒိုဟာ အသင္းေဟာင္း ရီးရဲလ္မက္ဒရစ္အေနနဲ႔ သူ႔ကို ျပန္ေခၚဖို႔အတြက္ ကမ္းလွမ္းမႈ တစ္ရပ္ လုပ္ခဲ့တယ္လို႔ သတင္းထြက္လာပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ေနၿပီျဖစ္တဲ့ ေပၚတူဂီတိုက္စစ္မႉးက မန္ယူဟာ သူ႔ကို သစၥာေဖာက္တယ္လို႔ စြပ္စြဲခဲ့ၿပီးတဲ့ေနာက္ အေတာ္မသတ္ႏိုင္ေတာတဲ့ ျပႆနာေပါင္း ေသာင္း ေျခာက္ေထာင္နဲ႔

ရင္ဆိုင္ေနရသူျဖစ္ပါတယ္။ ဒါေၾကာင့္ စပိန္ထိပ္သီးကလပ္ အေနနဲ႔ သူ႔ကို ၆ လ စာခ်ဳပ္တစ္ရပ္နဲ႔ ျပန္ေခၚေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ Sport သတင္းစာရဲ႕ ေရးသားေဖာ္ျပခ်က္အရ သိရပါတယ္။

ျပင္သစ္လက္ေ႐ြး စင္အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းရင္းနဲ႔ ညာဘက္ ေပါင္ၿခံႂကြက္သား ဒဏ္ရာရသြားတဲ့ ဘန္ဇီမာဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဝင္ကစားဖို႔ မရွိေတာ့သလို

အဲဒီၿပိဳင္ပြဲအၿပီးမွာလည္း ကလပ္အသင္းနဲ႔အတူ ျပန္ လည္ပါဝင္လာႏိုင္ဖို႔ မေရရာ မေသခ်ာတဲ့ အေနအထားပါ။ ဒါေၾကာင့္ ဘန္ဇီ မာေနရာမွာ အစားထိုးတဲ့အေနနဲ႔ သူ႔ကို ျပန္ေခၚေပးဖို႔

စီေရာ္နယ္ဒိုက ေတာင္း ဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ တစ္ဖက္မွာ မန္ယူ ကလည္း စီေရာ္နယ္ဒိုရဲ႕ စာခ်ဳပ္အတြက္ ေပးရန္က်န္ရွိတဲ့ လစာေငြ ေပါင္ ၁၆ သန္းကို မေပးဘဲ စာခ်ဳပ္ဖ်က္သိမ္းပစ္ဖို႔

စဥ္းစားေနတာမ်ိဳး ရွိပါတယ္။ စီေရာ္ နယ္ဒိုဟာ အလုပ္သမားတစ္ေယာက္ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္း ေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ မန္ခ်က္စတာကလပ္ဘက္က ယူဆေနၿပီး နည္းျပ

တန္ဟတ္အပါအဝင္ အသင္းပိုင္ရွင္ေတြကိုပါ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တာေၾကာင္း အေရးယူမွာ ျဖစ္တယ္လို႔ တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီးပါၿပီ။ ေပၚတူဂီအသင္းေခါင္းေဆာင္

စီေရာ္နယ္ဒိုဟာ အဂၤါေန႔မွာ ကစားမယ့္ ဂါနာနဲ႔ ကမာၻ႔ဖလားပြဲစဥ္မွာေတာ့ လက္ေ႐ြးစင္အသင္းနဲ႔အတူ ပါ ဝင္လာဖို႔ ရွိေနပါတယ္။ မန္ယူနဲ႔အတူ အဆင္မေျပမႈေတြ အမ်ားႀကီးရွိခဲ့ေပမဲ့

လက္ရွိမွာေတာ့ ႏိုင္ငံလက္ေ႐ြးစင္အသင္းတာဝန္ကို ဦးေဆြးဆံေျမ့ ထမ္း႐ြက္ ဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ စီေရာ္နယ္ဒိုက လူမႈကြန္ရက္ကေနတစ္ဆင့္ ထုတ္ေျပာခဲ့ၿပီး ျဖစ္ပါတယ္။