ရီးရဲလ်ပစ်မှတ် ဘာပေလုပွဲထဲ ဘာစီလိုနာလည်း ပါဝင်လာဟုဆို

ပြင်သစ်မှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ

ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ
ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကို ခေါ်ယူနိုင်ရေးအတွက်
ချဉ်းကပ်လာပြီး ရီးရဲလ်ကို ကျော်ဖြတ်ကာ
ဘာပေကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။
အသက် ၂၃နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ဘာပေဟာ

ယခုရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း
ကုန်ဆုံးတော့မှာဖြစ်ပြီး နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
ရီးရဲလ်က ဘာပေကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ
သိသိသာသာရေပန်းစားနေပြီး ၂၀၂၁ နွေရာသီက
ပြောင်းရွှေ့ကြေးနဲ့ မြင့်မားစွာနဲ့ ၂ကြိမ်တိုင်

ကမ်းလှမ်းမှုကို ပီအက်စ်ဂျီအသင်းက ပယ်ချခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဘာပေကို ဆက်ထိန်းနိုင်ဖို့ အားကုန်
ကြိုးစားနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ သူ့ကို
ဘောလုံးသမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံး
ကစားသမားဖြစ်စေမယ့် လစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့

ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe ရဲ့
ဖော်ပြချက်အရ ယခုအခါ ဘာစီလိုနာအသင်းက
ဘာပေကို ခေါ်ယူဖို့ ကြိုးစားလာကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းက ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့

ခေါ်ယူတာက ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူတာထက်
ငွေကြေးကုန်ကျမှု ပိုနည်းလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ဟာလန်းဟာ ဒေါ့မွန်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ
စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈သန်းပါဝင်သလို အေးဂျင့်ဝန်ဆောင်မှုနဲ့
လက်မှတ်ထိုးအပိုဆုကြေးတွေပါ ထည့်တွက်ရင်

ပေါင်သန်း ၁၀၀ လောက်ရှိလာနိုင်ပါတယ်။
ဘာပေအတွက် ပြောင်းရွှေ့ကြေးပေးစရာမလိုပေမယ့်
မြင့်မားတဲ့ လုပ်ခလစာပေးချေရမှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ Goldman Sachs ကနေ ယူရို ၅၉၅ သန်း
ချေးထားမှု၊ စပိုတီဖိုင်းနဲ့ တစ်နှစ် ယူရိုသန်း ၇၀တန်

စပွန်ဆာစာချုပ်ချုပ်ဆိုထားမှုတွေကြောင့်
ဘာပေကို မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အဲဒီသတင်းဌာနကပဲ ဘာပေဟာ သူ့အနာဂတ်နဲ့ပတ်သက်လို့
မဆုံးဖြတ်ရသေးဘဲ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကို
စောင့်ကြည့်ချင်သေးတယ်လို့ သိရပါတယ်။

Zawgyi

ရီးရဲလ္ပစ္မွတ္ ဘာေပလုပြဲထဲ ဘာစီလိုနာလည္း ပါဝင္လာဟုဆို
ျပင္သစ္မွာ ထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ

ဘာစီလိုနာအသင္းဟာ လာမယ့္ေႏြရာသီမွာ
ပီအက္စ္ဂ်ီတိုက္စစ္မႉး ဘာေပကို ေခၚယူႏိုင္ေရးအတြက္
ခ်ဥ္းကပ္လာၿပီး ရီးရဲလ္ကို ေက်ာ္ျဖတ္ကာ
ဘာေပကို ေခၚယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။
အသက္ ၂၃ႏွစ္အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ ဘာေပဟာ

ယခုရာသီအကုန္မွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနပါတယ္။
ရီးရဲလ္က ဘာေပကို ေခၚယူဖို႔ ထိပ္ဆုံးကေန
သိသိသာသာေရပန္းစားေနၿပီး ၂၀၂၁ ေႏြရာသီက
ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျမင့္မားစြာနဲ႔ ၂ႀကိမ္တိုင္

ကမ္းလွမ္းမႈကို ပီအက္စ္ဂ်ီအသင္းက ပယ္ခ်ခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ဘာေပကို ဆက္ထိန္းႏိုင္ဖို႔ အားကုန္
ႀကိဳးစားေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သူ႔ကို
ေဘာလုံးသမိုင္းတစ္ေလွ်ာက္ လုပ္ခလစာအမ်ားဆုံး
ကစားသမားျဖစ္ေစမယ့္ လစာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔

ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။
ျပင္သစ္နာမည္ႀကီးသတင္းစာ L’Equipe ရဲ႕
ေဖာ္ျပခ်က္အရ ယခုအခါ ဘာစီလိုနာအသင္းက
ဘာေပကို ေခၚယူဖို႔ ႀကိဳးစားလာေၾကာင္း သိရပါတယ္။
ဘာစီလိုနာအသင္းက ဘာေပကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔

ေခၚယူတာက ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းကို ေခၚယူတာထက္
ေငြေၾကးကုန္က်မႈ ပိုနည္းလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။
ဟာလန္းဟာ ေဒါ့မြန္နဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ
စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၈သန္းပါဝင္သလို ေအးဂ်င့္ဝန္ေဆာင္မႈနဲ႔
လက္မွတ္ထိုးအပိုဆုေၾကးေတြပါ ထည့္တြက္ရင္

ေပါင္သန္း ၁၀၀ ေလာက္ရွိလာႏိုင္ပါတယ္။
ဘာေပအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပးစရာမလိုေပမယ့္
ျမင့္မားတဲ့ လုပ္ခလစာေပးေခ်ရမွာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ Goldman Sachs ကေန ယူ႐ို ၅၉၅ သန္း
ေခ်းထားမႈ၊ စပိုတီဖိုင္းနဲ႔ တစ္ႏွစ္ ယူ႐ိုသန္း ၇၀တန္

စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားမႈေတြေၾကာင့္
ဘာေပကို ျမင့္မားတဲ့လုပ္ခလစာနဲ႔ ကမ္းလွမ္းႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
အဲဒီသတင္းဌာနကပဲ ဘာေပဟာ သူ႔အနာဂတ္နဲ႔ပတ္သက္လို႔
မဆုံးျဖတ္ရေသးဘဲ ဘာစီလိုနာအသင္းရဲ႕ကမ္းလွမ္းမႈကို
ေစာင့္ၾကည့္ခ်င္ေသးတယ္လို႔ သိရပါတယ္။