ရီးရဲလ်နဲ့ ၁၅ မှတ်အထိ ကွာဟနေပေမယ့် ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဖြစ်နိုင်သေးတယ်လို့ ရော်နယ်ဒင်ဟို ယုံကြည်

ဘာစီလိုနာအသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက

ရီးရဲလ်နဲ့ ၂ပွဲလျော့၊ ၁၅ မှတ်အထိ ကွာဟနေပေမယ့်
ယခုရာသီမှာ လာလီဂါချန်ပီယံဖြစ်နိုင်သေးတယ်လို့
ယုံကြည်ကြောင်း ကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုက
အခိုင်အမာပြောကြားလိုက်ပါတယ်။
ဘာစီလိုနာအသင်းဟာ နည်းပြဟောင်းရော်နယ်ကိုးမန်းလက်ထက်

ယခုရာသီအစောပိုင်းမှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့်
ရော်နယ်ဒင်ဟိုရဲ့ အသင်းဖော်ဟောင်း ဇာဗီ
ဘာစီလိုနာနည်းပြဖြစ်လာပြီးနောက်ပိုင်း
ရလဒ်တွေ တောက်လျှောက်ကောင်းမွန်နေပါတယ်။
ဆီဗီလာအသင်းကလည်း ချန်ပီယံမျှော်လင့်ချက်ရှိနေချိန်

ဘာစီလိုနာအတွက် လာလီဂါချန်ပီယံဖြစ်ဖို့က
ကြီးမားတဲ့စမ်းသပ်ချက်ဖြစ်ပေမယ့် ရော်နယ်ဒင်ဟိုကတော့
လာလီဂါချန်ပီယံဖြစ်ရေးက ဖြစ်နိုင်ခြေရှိတယ်လို့ ယုံကြည်နေပါတယ်။
၂၀၀၃ ကနေ ၂၀၀၈အထိ နူးကမ့်မှာ ကစားခဲ့တဲ့ ရော်နယ်ဒင်ဟိုက
”ဘာစီလိုနာအသင်း ကစားပုံပြန်ကောင်းလာလို့

ကျွန်တော်တို့ စိတ်လှုပ်ရှားမိပြီး ဘာမဆို ဖြစ်နိုင်ခြေရှိပါတယ်။
ကျွန်တော်လည်း အများကြီးမျှော်လင့်ထားပါတယ်။
ပရိသတ်တစ်ဦးအနေနဲ့လည်း ကောင်းမွန်တဲ့အရာတွေ
ဖြစ်ပေါ်လာဖို့ မျှော်လင့်ထားပြီး လာလီဂါချန်ပီယံဆုအတွက်
အကောင်းဆုံးပြန်လာနိုင်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ရော်နယ်ဒင်ဟိုက ဇာဗီရဲ့အကျိုးသက်ရောက်မှုနဲ့ပတ်သက်လို့
”ဇာဗီဟာ နည်းပြအဖြစ် ဘာစီလိုနာကို ပြန်လာပြီး
မျှော်လင့်ချက်တွေ ပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်။
သူငယ်ချင်းအနေနဲ့ရော အသင်းဖော်ဟောင်းအနေနဲ့ပါ
ဒါက ပရိသတ်တွေကို စိတ်လှုပ်ရှားစေပြီး ကျွန်တော်လည်း စိတ်လှုပ်ရှားရပါတယ်။

ကျွန်တော်တို့ ဘာစီလိုနာပွဲတွေကို ပြန်ကြည့်ဖြစ်စေတဲ့အထိ
ဇာဗီက အကောင်းဆုံးစွမ်းဆောင်ထားပါတယ်”လို့
ရော်နယ်ဒင်ဟိုက ဆက်ပြောပါတယ်။
ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာအသင်းနဲ့အတူ
၂၀၀၄-၀၅နဲ့ ၂၀၀၅-၀၆ ရာသီတွေမှာ လာလီဂါဖလား

ရယူနိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကလည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

Zawgyi

ရီးရဲလ္နဲ႔ ၁၅ မွတ္အထိ ကြာဟေနေပမယ့္ ဘာစီလုိနာအသင္း လာလီဂါခ်န္ပီယံျဖစ္ႏိုင္ေသးတယ္လုိ႔ ေရာ္နယ္ဒင္ဟို ယုံၾကည္

ဘာစီလုိနာအသင္းအေနနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးက
ရီးရဲလ္နဲ႔ ၂ပြဲေလ်ာ့၊ ၁၅ မွတ္အထိ ကြာဟေနေပမယ့္
ယခုရာသီမွာ လာလီဂါခ်န္ပီယံျဖစ္ႏိုင္ေသးတယ္လုိ႔
ယုံၾကည္ေၾကာင္း ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒင္ဟိုက
အခိုင္အမာေျပာၾကားလုိက္ပါတယ္။

ဘာစီလုိနာအသင္းဟာ နည္းျပေဟာင္းေရာ္နယ္ကိုးမန္းလက္ထက္
ယခုရာသီအေစာပိုင္းမွာ ရလဒ္ေတြဆုိးရြားခဲ့ေပမယ့္
ေရာ္နယ္ဒင္ဟိုရဲ႕ အသင္းေဖာ္ေဟာင္း ဇာဗီ
ဘာစီလုိနာနည္းျပျဖစ္လာၿပီးေနာက္ပိုင္း
ရလဒ္ေတြ ေတာက္ေလွ်ာက္ေကာင္းမြန္ေနပါတယ္။

ဆီဗီလာအသင္းကလည္း ခ်န္ပီယံေမွ်ာ္လင့္ခ်က္ရွိေနခ်ိန္
ဘာစီလုိနာအတြက္ လာလီဂါခ်န္ပီယံျဖစ္ဖို႔က
ႀကီးမားတဲ့စမ္းသပ္ခ်က္ျဖစ္ေပမယ့္ ေရာ္နယ္ဒင္ဟိုကေတာ့
လာလီဂါခ်န္ပီယံျဖစ္ေရးက ျဖစ္ႏိုင္ေျခရွိတယ္လုိ႔ ယုံၾကည္ေနပါတယ္။
၂၀၀၃ ကေန ၂၀၀၈အထိ ႏူးကမ့္မွာ ကစားခဲ့တဲ့ ေရာ္နယ္ဒင္ဟိုက

”ဘာစီလုိနာအသင္း ကစားပုံျပန္ေကာင္းလာလုိ႔
ကၽြန္ေတာ္တုိ႔ စိတ္လႈပ္ရွားမိၿပီး ဘာမဆုိ ျဖစ္ႏိုင္ေျခရွိပါတယ္။
ကၽြန္ေတာ္လည္း အမ်ားႀကီးေမွ်ာ္လင့္ထားပါတယ္။
ပရိသတ္တစ္ဦးအေနနဲ႔လည္း ေကာင္းမြန္တဲ့အရာေတြ
ျဖစ္ေပၚလာဖို႔ ေမွ်ာ္လင့္ထားၿပီး လာလီဂါခ်န္ပီယံဆုအတြက္

အေကာင္းဆုံးျပန္လာႏိုင္တယ္လုိ႔ ထင္ပါတယ္”လုိ႔ ေျပာပါတယ္။
ဆက္လက္ၿပီး ေရာ္နယ္ဒင္ဟိုက ဇာဗီရဲ႕အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္လုိ႔
”ဇာဗီဟာ နည္းျပအျဖစ္ ဘာစီလုိနာကို ျပန္လာၿပီး
ေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္ျဖစ္ေပၚေစခဲ့ပါတယ္။
သူငယ္ခ်င္းအေနနဲ႔ေရာ အသင္းေဖာ္ေဟာင္းအေနနဲ႔ပါ

ဒါက ပရိသတ္ေတြကို စိတ္လႈပ္ရွားေစၿပီး ကၽြန္ေတာ္လည္း စိတ္လႈပ္ရွားရပါတယ္။
ကၽြန္ေတာ္တုိ႔ ဘာစီလုိနာပြဲေတြကို ျပန္ၾကည့္ျဖစ္ေစတဲ့အထိ
ဇာဗီက အေကာင္းဆုံးစြမ္းေဆာင္ထားပါတယ္”လုိ႔
ေရာ္နယ္ဒင္ဟိုက ဆက္ေျပာပါတယ္။
ေရာ္နယ္ဒင္ဟိုဟာ ဘာစီလုိနာအသင္းနဲ႔အတူ

၂၀၀၄-၀၅နဲ႔ ၂၀၀၅-၀၆ ရာသီေတြမွာ လာလီဂါဖလား
ရယူႏိုင္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္ကလည္း ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ့ပါတယ္။