ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မတိုင်ခင်မှာ လီဗာပူးကိုရောင်းချမှာမဟုတ်ဘူးလို့ အသင်းပိုင်ရှင် ဂျွန်ဟင်နရီ ဖွင့်ဟလာ

လီဗာပူးအသင်းပိုင်ရှင် ဂျွန်ဟင်နရီက သူ့နေနဲ့ကလပ်ကိုရောင်းချမှာ

မဟုတ်ကြောင်းပြောဆိုလာခဲ့တယ်လို့ BBC Sports ကဖော်ပြသွားပါတယ်။

အခြားတစ်ဖက်မှာတော့ အသင်းအတွက်ရင်းနှီးမြုပ်နှံသူချင်တွေကို ဂျွန်ဟင်နရီက

ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။ ၂၀၁၀ မှာ လီဗာပူးအသင်းကိုဝယ်ယူခဲ့တဲ့

ဂျွန်ဟင်နရီရဲ့ Fenway Sports Group (FSG) ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ

အတွင်းမှာတော့ ရှယ်ယာရှင်အသစ်တွေအတွက်စဉ်းစားပေးမယ်လို့

လူသိရှင်ကြားထုတ်ပြန်ထားတာပါ။ FSG အုပ်စုဟာ အစောပိုင်းကာလမှာ

အသင်းကိုအရောင်းစာရင်းတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဥက္ကဌဖြစ်တဲ့

တွမ်ဝါနာက ဝယ်လက်ရှာဖွေတာကမှန်ပေမယ့် သူတို့ရဲ့ကြီးကြပ်မှုအောက်မှာ

အချိန်တစ်ခုအထိဆက်လက်ထိန်းသိမ်းထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘော်စတွန်အားကစားဂျာနယ်တစ်ခုနဲ့တွေ့ဆုံမှုမှာတော့ အသင်းပိုင်ရှင်

ဂျွန်ဟင်နရီက “ကျွန်တော်တို့ လီဗာပူးကိုရောင်းချနေပါသလား။ မဟုတ်ပါဘူး။

လီဗာပူးအကြောင်းကို ရင်းနှီးမြုပ်နှံသူတွေနဲ့ဆွေးနွေးနေတာလား။

မှန်ကန်ပါတယ်။ အဲဒီမှာ တစ်ခုခုဖြစ်သွားနိုင်လား။ ဖြစ်သွားနိုင်ပေမယ့်

ရောင်းချတာမျိုးဖြစ်လာမှာမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ FSG အုပ်စုဟာ

လီဗာပူးနဲ့ပက်သတ်တဲ့ရင်းနှီးမြုပ်နှံမှုတွေကို နှစ်အတော်ကြာလမ်းဖွင့်

ပေးထားတာဖြစ်ပြီး မကြာသေးခင်က မော်ဂန်စတန်လေ၊ ဂိုးမန်းဆက်ရှ်တို့နဲ့

ပူးပေါင်းနိုင်ခဲ့ပါတယ်။ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်

ပထမအကျော့ပွဲစဉ်မတိုင်ခင်မှာတော့ ဂျွန်ဟင်နရီဘက်က လီဗာပူး

မရောင်းဘူးလို့ ထုတ်ပြန်ခဲ့တာဖြစ်တယ်။ FSG အုပ်စုဟာ ပိုင်ရှင်ဟောင်းတွေဖြစ်တဲ့

တွမ်ဟစ်ခ်နဲ့ ဂျော့ဂေးလက်တို့ရဲ့အငြင်းပွားဖွယ်ရာသက်တမ်းအပြီးမှာ

လီဗာပူးကို ပေါင်သန်း ၃၀၀ နဲ့ဝယ်ယူခဲ့တာပါ။ အမေရိကန်ဘတ်စကက်ဘော

ကြယ်ပွင့် လီဘရွန်ဂျိမ်းစ်ဟာ ၂၀၁၁ ခုနှစ်ကတည်းက လီဗာပူးရဲ့

ပေါင် ၄.၇ သန်းကုန်ကျတဲ့ရှယ်ယာ ၂ ရာခိုင်နှုန်းကိုဝယ်ယူထားပြီး

FSG ရဲ့အသေးစားလုပ်ဖော်ကိုင်ဖက်အဖြစ်ပါဝင်နေတာဖြစ်တယ်။

၂၀၂၁ ခုနှစ် မတ်လမှာတော့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ

RedBird Capital Partners က FSG ထံကရှယ်ယာတစ်ခုကို

ပေါင် ၅၃၃ သန်းခန့်နဲ့ဝယ်ယူပြီး အကျိုးတူရင်းနှီးမှုတွေပြုလုပ်ထားပါတယ်။

zawgyi

ရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့မတိုင္ခင္မွာ လီဗာပူးကိုေရာင္းခ်မွာမဟုတ္ဘူးလို႔ အသင္းပိုင္ရွင္ ဂြၽန္ဟင္နရီ ဖြင့္ဟလာ

လီဗာပူးအသင္းပိုင္ရွင္ ဂြၽန္ဟင္နရီက သူ႔ေနနဲ႔ကလပ္ကိုေရာင္းခ်မွာ

မဟုတ္ေၾကာင္းေျပာဆိုလာခဲ့တယ္လို႔ BBC Sports ကေဖာ္ျပသြားပါတယ္။

အျခားတစ္ဖက္မွာေတာ့ အသင္းအတြက္ရင္းႏွီးျမဳပ္ႏွံသူခ်င္ေတြကို ဂြၽန္ဟင္နရီက

ဖိတ္ေခၚခဲ့တာျဖစ္တယ္။ ၂၀၁၀ မွာ လီဗာပူးအသင္းကိုဝယ္ယူခဲ့တဲ့

ဂြၽန္ဟင္နရီရဲ႕ Fenway Sports Group (FSG) ဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလ

အတြင္းမွာေတာ့ ရွယ္ယာရွင္အသစ္ေတြအတြက္စဥ္းစားေပးမယ္လို႔

လူသိရွင္ၾကားထုတ္ျပန္ထားတာပါ။ FSG အုပ္စုဟာ အေစာပိုင္းကာလမွာ

အသင္းကိုအေရာင္းစာရင္းတင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဥကၠဌျဖစ္တဲ့

တြမ္ဝါနာက ဝယ္လက္ရွာေဖြတာကမွန္ေပမယ့္ သူတို႔ရဲ႕ႀကီးၾကပ္မႈေအာက္မွာ

အခ်ိန္တစ္ခုအထိဆက္လက္ထိန္းသိမ္းထားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေဘာ္စတြန္အားကစားဂ်ာနယ္တစ္ခုနဲ႔ေတြ႕ဆုံမႈမွာေတာ့ အသင္းပိုင္ရွင္

ဂြၽန္ဟင္နရီက “ကြၽန္ေတာ္တို႔ လီဗာပူးကိုေရာင္းခ်ေနပါသလား။ မဟုတ္ပါဘူး။

လီဗာပူးအေၾကာင္းကို ရင္းႏွီးျမဳပ္ႏွံသူေတြနဲ႔ေဆြးေႏြးေနတာလား။

မွန္ကန္ပါတယ္။ အဲဒီမွာ တစ္ခုခုျဖစ္သြားႏိုင္လား။ ျဖစ္သြားႏိုင္ေပမယ့္

ေရာင္းခ်တာမ်ိဳးျဖစ္လာမွာမဟုတ္ဘူး” လို႔ ဆိုခဲ့ပါတယ္။ FSG အုပ္စုဟာ

လီဗာပူးနဲ႔ပက္သတ္တဲ့ရင္းႏွီးျမဳပ္ႏွံမႈေတြကို ႏွစ္အေတာ္ၾကာလမ္းဖြင့္

ေပးထားတာျဖစ္ၿပီး မၾကာေသးခင္က ေမာ္ဂန္စတန္ေလ၊ ဂိုးမန္းဆက္ရွ္တို႔နဲ႔

ပူးေပါင္းႏိုင္ခဲ့ပါတယ္။ ရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္

ပထမအေက်ာ့ပြဲစဥ္မတိုင္ခင္မွာေတာ့ ဂြၽန္ဟင္နရီဘက္က လီဗာပူး

မေရာင္းဘူးလို႔ ထုတ္ျပန္ခဲ့တာျဖစ္တယ္။ FSG အုပ္စုဟာ ပိုင္ရွင္ေဟာင္းေတြျဖစ္တဲ့

တြမ္ဟစ္ခ္နဲ႔ ေဂ်ာ့ေဂးလက္တို႔ရဲ႕အျငင္းပြားဖြယ္ရာသက္တမ္းအၿပီးမွာ

လီဗာပူးကို ေပါင္သန္း ၃၀၀ နဲ႔ဝယ္ယူခဲ့တာပါ။ အေမရိကန္ဘတ္စကက္ေဘာ

ၾကယ္ပြင့္ လီဘ႐ြန္ဂ်ိမ္းစ္ဟာ ၂၀၁၁ ခုႏွစ္ကတည္းက လီဗာပူးရဲ႕

ေပါင္ ၄.၇ သန္းကုန္က်တဲ့ရွယ္ယာ ၂ ရာခိုင္ႏႈန္းကိုဝယ္ယူထားၿပီး

FSG ရဲ႕အေသးစားလုပ္ေဖာ္ကိုင္ဖက္အျဖစ္ပါဝင္ေနတာျဖစ္တယ္။

၂၀၂၁ ခုႏွစ္ မတ္လမွာေတာ့ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ

RedBird Capital Partners က FSG ထံကရွယ္ယာတစ္ခုကို

ေပါင္ ၅၃၃ သန္းခန႔္နဲ႔ဝယ္ယူၿပီး အက်ိဳးတူရင္းႏွီးမႈေတြျပဳလုပ္ထားပါတယ္။