ရီးရဲလ်နဲ့ ကတ္တီပါလမ်းခွဲအပြီးမှာ စီရော်နယ်ဒိုကို အမှာတော်ပါးလိုက်တဲ့ ကက်စ်မီရို

ရီးရဲလ်အသင်းဖော်ဟောင်း စီရော်နယ်ဒိုနဲ့အတူ မန်ယူမှာ တွဲဖက်ကစားလိုနေတာကြောင့် အသင်းမပြောင်းဖို့အတွက် မေတ္တာရပ်ခံချက် မက်ဆေ့ချ်တစ်စောင်ကို ကက်စ်မီရိုက ပေါ်တူဂီသားဆီ ချက်ချင်းဆိုသလို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့

ကက်စ်မီရိုဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဆိုတဲ့ နှုန်းထားတစ်ရပ်နဲ့အတူ မန်ယူအသင်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ။ ဘရာဇီးကွင်းလယ်လူ ကက်စ်မီရိုဟာ ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိက ဆုဖလား ပေါင်း အများကြီး ဆွတ်ခူးထားတဲ့ စီရော်နယ်ဒိုနဲ့

ရီးရဲလ်မက်ဒရစ်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဒါကြောင့် အသင်းဖော်ဟောင်းကြီးနဲ့အတူ တွဲဖက်ကစားလိုနေတဲ့ ကက်စ်မီရိုဟာ စီရော်နယ်ဒိုကိုလည်း ချီးမွမ်းစကား ဆိုသွားခဲ့ပါတယ်။ ‘’စီရော်နယ်ဒိုနဲ့ကျွန်တော် စကားမပြောရသေးပါဘူး။

သူ ဆက်ရှိနေဖို့ ကျွန် တော် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ထာဝရ အကောင်း ဆုံးကစားသမားတွေထဲက တစ်ယောက် ဖြစ်နေလို့ပါ။ သူက အံ့အားသင့်စရာ ကောင်းလွန်းတယ်။ ကျွန်တော့်ရဲ့ တန်ဖိုးစံနှုန်းတွေကို မန်ယူအသင်းဆီ သယ်ဆောင်လာချင်ပါတယ်။

ရီးရဲလ်က ကျွန်တော့်ကို သင်ပေးလိုက်သမျှ အရာအားလုံးပေါ့။ လေ့ကျင့်ရေး အစီအစဉ်တိုင်းကနေပြီး တစ်နေ့ပြီးတစ်နေ့ အောင်မြင်မှုဆီ အရောက်လှမ်းဖို့ပေါ့လေ။ ပရီးမီးယားလိဂ်နဲ့ ကျွန်တော် ဒီအတောအတွင်း ထိတွေ့ချင်ပါတယ်။ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံး

ပေးဆပ်မှာပါ’’ လို့ ကက်စ်မီရိုက ပြောဆိုခဲ့တဲ့အကြောင်း Daily Mail သတင်းစာက ဖော်ပြပါတယ်။ အသက် ၃၇ နှစ်ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ကစားလိုတာကြောင့်

အသင်းပြောင်းချင်တယ်လို့ ကြိုတင်ပြောဆိုထားသူဖြစ်ပြီး မန်ယူအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲအစီအစဉ်တွေကိုလည်း လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး၊ ဒေါ့တ်မန်၊ ဘိုင်ယန်မြူးနစ်၊

အက်သလက်တီကိုမက်ဒရစ်တို့လို အသင်းမျိုးတွေ အကုန်လုံးက သူ့ကို စာချုပ်ခေါ်ယူဖို့အတွက် ငြင်းဆန်ထား တာကြောင့် မန်ယူမှာပဲ ဆက်ရှိနေဖို့ ရာနှုန်းများသွားပြီဖြစ်ပါတယ်။

(zawgyi)

ရီးရဲလ္အသင္းေဖာ္ေဟာင္း စီေရာ္နယ္ဒိုနဲ႔အတူ မန္ယူမွာ တြဲဖက္ကစားလိုေနတာေၾကာင့္ အသင္းမေျပာင္းဖို႔အတြက္ ေမတၱာရပ္ခံခ်က္ မက္ေဆ့ခ်္တစ္ေစာင္ကို ကက္စ္မီ႐ိုက ေပၚတူဂီသားဆီ ခ်က္ခ်င္းဆိုသလို ပို႔ေပးခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိတဲ့ ကက္စ္မီ႐ိုဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၇၀ ဆိုတဲ့ ႏႈန္းထားတစ္ရပ္နဲ႔အတူ မန္ယူအသင္းဆီကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာခဲ့ပါၿပီ။ ဘရာဇီးကြင္းလယ္လူ ကက္စ္မီ႐ိုဟာ ခ်န္ပီယံလိဂ္ဖလားအပါအဝင္ အဓိက ဆုဖလား ေပါင္း

အမ်ားႀကီး ဆြတ္ခူးထားတဲ့ စီေရာ္နယ္ဒိုနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းမွာ တြဲဖက္ကစားခဲ့ဖူးသူျဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းေဖာ္ေဟာင္းႀကီးနဲ႔အတူ တြဲဖက္ကစားလိုေနတဲ့ ကက္စ္မီ႐ိုဟာ စီေရာ္နယ္ဒိုကိုလည္း ခ်ီးမြမ္းစကား ဆိုသြားခဲ့ပါတယ္။

‘’စီေရာ္နယ္ဒိုနဲ႔ကြၽန္ေတာ္ စကားမေျပာရေသးပါဘူး။ သူ ဆက္ရွိေနဖို႔ ကြၽန္ ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ထာဝရ အေကာင္း ဆုံးကစားသမားေတြထဲက တစ္ေယာက္ ျဖစ္ေနလို႔ပါ။ သူက

အံ့အားသင့္စရာ ေကာင္းလြန္းတယ္။ ကြၽန္ေတာ့္ရဲ႕ တန္ဖိုးစံႏႈန္းေတြကို မန္ယူအသင္းဆီ သယ္ေဆာင္လာခ်င္ပါတယ္။ ရီးရဲလ္က ကြၽန္ေတာ့္ကို သင္ေပးလိုက္သမွ် အရာအားလုံးေပါ့။ ေလ့က်င့္ေရး အစီအစဥ္တိုင္းကေနၿပီး

တစ္ေန႔ၿပီးတစ္ေန႔ ေအာင္ျမင္မႈဆီ အေရာက္လွမ္းဖို႔ေပါ့ေလ။ ပရီးမီးယားလိဂ္နဲ႔ ကြၽန္ေတာ္ ဒီအေတာအတြင္း ထိေတြ႕ခ်င္ပါတယ္။ ကြၽန္ေတာ့္မွာ ရွိသမွ် အရာအားလုံး ေပးဆပ္မွာပါ’’ လို႔ ကက္စ္မီ႐ိုက ေျပာဆိုခဲ့တဲ့အေၾကာင္း Daily Mail

သတင္းစာက ေဖာ္ျပပါတယ္။ အသက္ ၃၇ ႏွစ္ရွိေနၿပီ ျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဝင္ေရာက္ကစားလိုတာေၾကာင့္ အသင္းေျပာင္းခ်င္တယ္လို႔ ႀကိဳတင္ေျပာဆိုထားသူျဖစ္ၿပီး မန္ယူအသင္းရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲအစီအစဥ္ေတြကိုလည္း

လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီး၊ ေဒါ့တ္မန္၊ ဘိုင္ယန္ျမဴးနစ္၊ အက္သလက္တီကိုမက္ဒရစ္တို႔လို အသင္းမ်ိဳးေတြ အကုန္လုံးက သူ႔ကို စာခ်ဳပ္ေခၚယူဖို႔အတြက္ ျငင္းဆန္ထား တာေၾကာင့္ မန္ယူမွာပဲ ဆက္ရွိေနဖို႔ ရာႏႈန္းမ်ားသြားၿပီျဖစ္ပါတယ္။